အရက်မသောက်နဲ့လို့တော့ ပြောလို့မရပါဘူး။ ကြိုက်တဲ့လူကတော့ သောက်မှာပါပဲ။
 

ရန်ကုန်လိုနေရာမျိုးမှာ လောလောဆယ်တော့ ရာသီဥတုက ပူလွန်းပါတယ်။ နေရထိုင်ရတာ သက်သောင့်သက်သာ မရှိပါဘူး။ စိတ်တွေကလည်း အလွယ်တကူညစ်ညူးနေတတ်ပါတယ်။ ဒီ့အတွက် ပူလွန်းတဲ့ရာသီဥတုမှာ လုပ်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အများကြီးအထောက်အကူပြုမှာပါ။

၁ - အသီး

ပူလွန်းတဲ့ ရာသီဥတုမှာ အစားအသောက်နဲ့ပတ်သက်ပြီး သင်လုပ်ရမယ့် အရာတစ်ခုရှိပါတယ်။ ဒါကတော့ အရည်ရွှမ်းတဲ့ အသီးများများ စားပေးတာ ဖြစ်ပါတယ်။ နေ့တိုင်းစားပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီးလို အသီးမျိုးက အဆင်ပြေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရေတစ်ရှူးပျက်စီးမှုတွေကိုလည်း တားဆီးပေးပါတယ်။

 

၂ - သစ်ပင်

ရာသီဥတုက ပူလွန်းတာကြောင့် စိတ်တွေက အလွယ်တကူညစ်ညူးတတ်ပါတယ်။ စိမ်းစိုတဲ့ ပတ်ဝန်းကျင်မျိုးမှာ နေထိုင်ဖို့ လိုပါတယ်။ တိုက်ခန်းနဲ့နေသူတွေအတွက် တိုက်ခန်းထဲ အမြဲနေထိုင်နေတာထက် ညနေပိုင်းမှာ သစ်ပင်ပန်းမန်တွေရှိရာ ပန်းခြံမျိုးမှာ သွားရောက်နေထိုင်သင့်ပါတယ်။ သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းရှိတဲ့ လမ်းမျိုးမှာ လမ်းလျှောက်ပေးသင့်ပါတယ်။

၃ - မျက်လုံး

နေကအရမ်းပူတာကြောင့် မျက်လုံးကို ဂရုစိုက်ဖို့လိုပါတယ်။ အပြင်ထွက်တဲ့အခါ နေကာမျက်မှန်တပ်ဖို့လည်း အရေးကြီးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးရုံတင်မကဘဲ မျက်လုံးတွင်းတိမ်စွဲတာ၊ မျက်လုံးတစ်ဝိုက် အရေပြားတွန့်တာတွေကိုပါ ကာကွယ်ပေးတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - အလုပ်လုပ်ရင်း မုန့်စားမယ်ဆို ကျန်းမာရေးနဲ့လျော်ညီတဲ့မုန့် (၃) မျိုး)

 

၄ - အရက်

အရက်မသောက်နဲ့လို့တော့ ပြောလို့မရပါဘူး။ ကြိုက်တဲ့လူကတော့ သောက်မှာပါပဲ။ ဒါပေမယ့် ညဏ်နဲ့ယှဉ်ပြီး သောက်ဖို့ လိုပါတယ်။ အရက်ပြင်းတွေသောက်မယ့်အစား ဘီယာအေးအေး သောက်တာမျိုးပါ။ အရက်နဲ့ ရေခဲပဲသောက်မယ့်အစား Cocktails လို အရောအစပ်လေးတွေ သောက်တာမျိုး ဖြစ်ပါတယ်။

၅ - ကောင်းကောင်းအိပ်ပါ

နေကအရမ်းပူပြီး အလုပ်ကလည်း လုပ်ရတာကြောင့် လူက သာမန်အချိန်တွေထက် ပိုပင်ပန်းပါတယ်။ စိတ်ပါ ပင်ပန်းတာပါ။ နွေညတွေမှာ အိပ်ပျော်ဖို့ အရေးကြီးပါတယ်။ အိပ်လည်း မပျော်ဘူးဆိုရင်တော့ ကိုယ်ခံအားကျဆင်းပြီး ဖျားနာမှုတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ နေ့တိုင်း မအိပ်နိုင်ဘူးဆိုရင် နေ့ခင်းဘက်အိပ်တဲ့အကျင့်မျိုး မလုပ်ပါနဲ့။ ညဘက်မှာပဲ အဝအိပ်ပါ။

Photos & Source: Web MBD


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က