ကော်ဖီ အမြောက်အများသောက်မိတဲ့အခါ သိသာတတ်ပါတယ်။
 

ဆီးတွေက အရောင်ပြောင်းပြီး ဆီးနံ့က ပျင်းတာဟာ စိုးရိမ်စရာ အခြေအနေလား။ ဘယ်လိုအခြေအနေမှာ ဆီးနံ့ပျင်းတတ်လဲ။ ဆီးနံ့ပြင်းတာတွေဟာ အောက်ပါအချက်တွေကြောင့် အဖြစ်များတတ်ပါတယ်။

၁ - ရေဓာတ်ခန်းခြောက်

ရေဓာတ်ခန်းခြောက်နေလို့ဖြစ်ပါတယ်။ ရေဓာတ်လုံလုံလောက်လောက်မရှိတဲ့အခါမှာ ဆီးတွေဟာ ဝါရုံတင်မကဘဲ အနံ့ကပါ ပိုပြင်းလာတတ်ပါတယ်။  ခန္ဓာကိုယ်ဟာ ပရိုတိန်းဓာတ်ကို ဖြိုခွဲတဲ့အခါ  ယူရီးယားလို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးဖွဲ့စည်းလာပြီး အဆိုပါယူရီးယားကို ဆီးမှာတစ်ဆင့်ပြန်လည်စွန့်ထုတ်တာ ဖြစ်ပါတယ်။ ရေလုံလုံလောက်မရတဲ့အခါ ယူရီးယားတွေဟာ ပိုမိုအနှစ်ကျလာတာလည်း ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -အကြိုက်ဆုံးဂီတအမျိုးအစားကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေ ပိုကောင်းလာနိုင် )

 

၂ - စားရတယ်

အစားအသောက်ကြောင့်ဖြစ်ပါတယ်။ အနံ့ပြင်းတဲ့အစားအသောက်မျိုးကိုစားထားတဲ့အခါမှာ ဆီးနံ့ကလည်း ပြင်းတာဖြစ်ပါတယ်။ အထူးသဖြင့် အမြောက်အများစားထားတဲ့အခါမျိုးမှာ ပိုဖြစ်တတ်ပါတယ်။  အစားအသောက်တွေမှာ ပါတတ်တဲ့ ဆာဖာဓာတ်ကြောင့်ဖြစ်ပါတယ်။ ပရိုတိန်းဓာတ်မြင့်မားတာကလည်း ဆီးနံ့ကို ပြောင်းလဲစေပါတယ်။

၃ - ကော်ဖီ

ကော်ဖီမှာ caffeol လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။ ကော်ဖီလှော်လိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာပြီး ကော်ဖီက ပိုမွှေးလာပါတယ်။ ဒါပေမယ့် ရေထဲမှာတော့ ပျော်ဝင်မသွားနိုင်ပါဘူး။ ဒါကြောင့် အပေါ့သွားတဲ့အခါမျိုးမှာ သူ့အနံ့က မပျောက်တာ ဖြစ်ပါတယ်။ ကော်ဖီ အမြောက်အများသောက်မိတဲ့အခါ သိသာတတ်ပါတယ်။

 

၄ - ဆီးလမ်းကြောင်းပိုးဝင်

ဆီးလမ်းကြောင်းပိုးဝင်ရင်လည်း ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားတွေဟာ ဆီးရဲ့ အရောင်နဲ့ အနံ့ကိုပါ ပြောင်းလဲနိုင်တာ ဖြစ်ပါတယ်။  ဒါပေမယ့် အနံ့က အဆိုးကြီးမဟုတ်တာကို တွေ့ရမှာပါ။  ကုသတဲ့အခါမှာလည်း ဆရာဝန်ပေးတဲ့ဆေးတွေကြောင့် အနံံ့ဟာ ပုံမှန်မဟုတ်ဘဲ ဖြစ်နေတာပါ။

၅ - အားဆေး

အားဆေး အသစ်သောက်တဲ့အခါမှာလည်း ဖြစ်ပါတယ်။ အချို့ဗီတာမင်ဆေးတွေဟာ ဆီးရဲ့ အနံ့ကို ပြောင်းလဲနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ဗီတာမင်ဘီပါတဲ့ အားဆေးတွေကို သောက်သုံးသူတွေဟာ ဆီးဝါတတ်ပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က