ပူပင်သောကများပြားလွန်းခြင်းဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို အကြီးမားဆုံးအကျိုးသက်ရောက်စေနိုင်တဲ့ အကြောင်းတရားတစ်မျိုးပါပဲ။




ပူပင်သောကများပြားလွန်းခြင်းဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို အကြီးမားဆုံးအကျိုးသက်ရောက်စေနိုင်တဲ့ အကြောင်းတရားတစ်မျိုးပါပဲ။

ဝမ်းနည်းဖို့ကောင်းတာတစ်ခုကတော့ ပူပင်သောကနဲ့စိတ်ဖိစီးမှုတွေက ကျွန်တော်တို့ရဲ့စိတ်အာရုံစူးစိုက်မှုတွေကို လျော့ပါးသွားစေနိုင်တာပါပဲ။ အခြေအနေတွေဆိုးရွားနေပြီဆိုရင် ဦးနှောက်ကိုလေ့ကျင့်ပျိုးထောင်ပေးဖို့နဲ့ ပူပင်သောကတွေလျော့ပါးစေဖို့ လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

 

မိမိရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဒိုင်ယာရီသဘောရေးမှတ်ထားတတ်တဲ့အကျင့်လုပ်ပါ

ကလေးကွက်လို့ထင်ချင်စရာပါပဲ။ ဒါပေမယ့် မိမိရဲ့တနေ့တာကြုံတွေ့ခဲ့ရသမျှ ကိစ္စတွေနဲ့အဖြစ်အပျက်လေးတွေကို မှတ်စုတိုလေးတွေနဲ့မှတ်တမ်းတင်ထားတတ်တဲ့ဓလေ့က သင့်ကိုစည်းစနစ်ကျစေပြီး ပူပင်သောကတွေကို အတိုင်းအတာတစ်ခုထိ လျော့ပါးစေနိုင်ပါတယ်။

 

တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာထိုင်ပြီး ပြဿနာရဲ့ရင်းမြစ်ကို အာရုံစိုက်ပါ

အနှောင့်အယှက်ကင်းဝေးတဲ့ တစ်နေရာမှာ မိမိရဲ့ပြဿနာတွေကို အာရုံစိုက်ကြည့်ခြင်းက စိတ်ဓာတ်ကျဆင်းခြင်းနဲ့စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

အကောင်းမြင်စိတ်အပြည့်မွေးပါ

လူတစ်ယောက်ကို သူ့ရဲ့စိတ်ရင်းကပဲ ပုံဖော်နေပါတယ်။ တစ်ခါတလေမှာ အခြေအနေတွေက ကျွန်တော်တို့ကို အဆိုးမြင်စိတ်ဖြစ်ပေါ်လာအောင် စေ့ဆော်တတ်ပေမယ့် အကောင်းမြင်စိတ်နဲ့ ရဲရင့်တဲ့လုပ်ဆောင်မှုတွေက ကျွန်တော်တို့ရဲ့စိတ်ကို ပူပင်သောကတွေနဲ့ဝေးရာကို ခေါ်ဆောင်သွားနိုင်မှာပါ။

 

မိမိကိုယ်ကို တန်ဖိုးထားပါ

သင့်မှာ သင်လိုချင်တဲ့အရာတွေကိုရရှိအောင်စွမ်းဆောင်နိုင်တဲ့ စွမ်းအားတွေအပြည့်ရှိပါတယ်။ လက်တွေ့ကျကျလုပ်ဆောင်နိုင်တဲ့ ပန်းတိုင်တွေချမှတ်ပါ။ ပြီးရင်သင့်ရဲ့စိတ်စွမ်းအားကို တန်ဖိုးထားပါ။

 

အိပ်ရေးဝအောင် အိပ်စက်အနားယူပါ

အလုပ်လုပ်ရာမှာ စမတ်ကျကျအလုပ်လုပ်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကိုလိုအပ်တဲ့စွမ်းအင်တွေ ပြန်လည်ပြည့်တင်းလာစေဖို့အတွက် အလွန်အရေးပါတဲ့ အတွက် ညဘက်တွေမှာ ဦးနှောက်ကိုအနားပေးဖို့လည်း မမေ့ပါနဲ့ဦး။

မိမိစိတ်ပါဝင်စားတဲ့အရာတွေကိုလုပ်ဆောင်ပါ

ကျွန်တော်တို့ဟာ တစ်သက်မှာ တစ်ဘဝပဲနေထိုင်ခွင့်ရကြတာပါ။ ဒါကြောင့် ကိုယ်စိတ်ပါဝင်စားတဲ့အရာတွေကိုပဲ လုပ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်။ တခြားလူတွေဘာတွေးလဲဆိုတာကို ဂရုစိုက်မနေပါနဲ့။ ကိုယ့်နှလုံးသားရဲ့စေစားရာနောက်ကိုပဲလိုက်ပါ။

ခေါင်းထဲကအမှိုက်တွေကိုရှင်းပစ်ပါ

တခြားလူတွေရဲ့မကောင်းတဲ့အချက်တွေကိုရှောင်ရှားပါ။ ဦးနှောက်ထဲကအရေးမပါတဲ့ အမှိုက်တွေကိုရှင်းထုတ်ပစ်တာက ကျွန်တော်တို့ကို အလုပ်လုပ်ရတာပိုမိုမြန်ဆန်စေပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့အဝေးကို ခဏထွက်သွားပြီး ဦးနှောက်ကိုကြည်လင်အောင်ရှင်းလင်းပေးတာက ကျွန်တော်တို့ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုမိုမြင့်တက်လာစေနိုင်ပါတယ်။

 

အသက်ကိုဝအောင်ရှူပါ

ရုတ်တရက် တုန်လှုပ်ခြောက်ခြားစရာတွေကို ကြုံတွေ့ရတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပြီး အရာရာအဆင်ပြေသွားမှာပါလို့ ယုံကြည်စိတ်မွေးလိုက်ပါ။ အသက်ကိုပုံမှန်ရှူတာက ဦးနှောက်ကို အရာရာအဆင်ပြေသွားမှာပါလို့ အချက်ပြလိုက်တာနဲ့ တူတူပါပဲ။

ဆော့ကစားပေးပါ

သင့်ရဲ့ကလေး (သို့မဟုတ်) အိမ်မွေးတိရစ္ဆာန်တွေနဲ့အတူ ဆော့ကစားဖို့အချိန်ပေးခြင်းက သင့်ရဲ့ဦးနှောက်ကို ပိုမိုပေါ့ပါးသွက်လက်စေပြီး သင့်ရဲ့အနာဂတ်နေ့ရက်တွေကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့အတွက် ပြင်ဆင်ပြီးသားဖြစ်စေပါတယ်။ အားလပ်ရက်တွေမှာ (သို့မဟုတ်) သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ သိပ်များနေပြီလို့ခံစားရတဲ့အချိန်တွေမှာ ချစ်စရာကလေးလေးတွေ၊ အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့အတူ ဆော့ကစားပေးတာကလည်း စိတ်ကိုပေါ့ပါးလန်းဆန်းစေတဲ့အကြောင်းရင်းတစ်ခုပါပဲ ။

ဦးနှောက်ကိုလေ့ကျင့်ပေးလို့ရတဲ့နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ဒီလိုရိုးစင်းလွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့သာဆိုရင် သင့်ရဲ့အချိန်တွေကို အကောင်းဆုံးအသုံးချနိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုအတွက် မိမိဦးနှောက်ကို ဘယ်လိုအကောင်းဆုံး အသုံးချရမလဲဆိုတာကို သိမြင်လာစေနိုင်မှာပါ။



Source: Youngisthan.in

Share

Loading Next Article...
က္က