ရံဖန်ရံခါ ကြုံရတတ်တယ်။
Su Yee Moe

undigested-food-corn.jpg 

အမျှင်ဓာတ်များပြားတဲ့အစားအစာတွေ၊ ပြောင်းဖူး၊ ဟင်းရွက်စိမ်းအချို့၊ အခွံမာသီးနဲ့ အစေ့အဆံတွေဟာ စားသောက်ပြီး အစာအိမ်ထဲကို ရောက်သွားပေမဲ့ အစာအိမ်က ကျေညက်အောင် မချေဖျက်နိုင်ပါဘူး။ တစ်စိတ်တစ်ပိုင်းကိုသာ အစာချေပေးနိုင်တာကြောင့် မစင်ထဲမှာ ပုံစံမပျက် ပြန်ထွက်သွားတာ တွေ့ဖူးပါလိမ့်မယ်။ ဒါက စိုးရိမ်ဖို့လိုသလား?

1362589_1437715012.jpg 

အစာခြေအင်ဇိုင်းတွေဟာ ဖော်ပြပါအစားအစာတွေကို ကျေညက်သွားအောင် မချေနိုင်တဲ့အခါ သတိထားပြီး စားဖို့လိုပါတယ်။ ဖြည်းဖြည်းချင်းဝါးပါ။ တစ်လုတ်စားပြီးတိုင်းမှာ သေသေချာချာ ညက်အောင်ဝါးပါ။ ရေကိုလည်း များများသောက်ပေးရပါမယ်။ အစားစားပြီးရင် ဒိန်ချဉ်လေးသောက်ပေးတဲ့အခါ အစာချေစနစ်ကို ပိုကောင်းသွားစေပါတယ်။ ဒီလိုဆိုရင် မကျေတာတွေလည်း ကျေသွားနိုင်ပါတယ်။ ကျန်းမာရေးကောင်းသူတစ်ဦးရဲ့ မစင်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပုံစံချင်းကွဲပြားပါတယ်။ ဝမ်းချုပ်ခြင်း၊ ဝမ်းပျော့ခြင်းတွေဟာ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ လက္ခဏာတွေမဟုတ်ဘူး။

man-with-stomach-cramps.jpg 

ကိုယ်စားလိုက်တဲ့အရာတွေက မကျေညက်ဘဲ ဒီအတိုင်း ပုံစံမပျက် မစင်ထဲပြန်ပါလာတာက ရံဖန်ရံခါ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ စိုးရိမ်စရာမလိုပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အစာတွေ ဒီအတိုင်းပြန်ထွက်လာတာဆိုရင်တော့ ဆရာဝန်ဆီသွားပြဖို့ လိုပါတယ်။ အစာခြေစနစ်ကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲကို ရောက်နေမှာစိုးလို့ပါ။ လေပွမယ်၊ ဗိုက်အောင့်မယ် စတာတွေ ခံစားလာရတာမျိုးရှိရင်လည်း မပေါ့ဆသင့်ပါဘူး။

ှSource : Health


ဆက်စပ်အကြောင်းအရာများ


က္က