ပါနဲ့။ မျက်ကပ်မှန်ဆေးရည်ကို တစ်နေ့တစ်ခါလဲဖို့ သတိပေးလိုက်ပါတယ်။

မျက်ကပ်မှန်တပ်ကြတာ အကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့နော်။

 

အလှတပ်ကြသူတွေ၊ ပါဝါများလွန်းလို့ မျက်ကပ်မှန်နဲ့မှ အဆင်ပြေမယ့်လူတွေနဲ့ မျက်မှန်က အလုပ်လုပ်ရတာ အဆင်မပြေလို့ မျက်ကပ်မှန်တပ်သူတွေ ရှိကြမယ် ထင်ပါရဲ့။ မျက်ကပ်မှန်တပ်သူတွေ လုပ်လေ့လုပ်ထရှိတဲ့ အမှားတွေကိုလည်း မြင်နေရတယ်။ မျက်ကပ်မှန်တပ်သူတစ်ဦးအနေနဲ့ ဒီအမှားတွေဟာ မလုပ်သင့်တဲ့အမှားတွေပါ။ ကိုယ့်မျက်စိကို ညှာတာရင် ဒါတွေမလုပ်ပါနဲ့တော့။

၁။ မျက်ကပ်မှန်မချွတ်ဘဲ ညအိပ်မိတာမျိုး မလုပ်ပါနဲ့။ မျက်လုံးရဲ့ မျက်နှာပြင်ကိုကာကွယ်ပေးတဲ့ အင်ဇိုင်းနဲ့ antibodies တွေက အောက်ဆီဂျင်လိုအပ်ပါတယ်။ ညဘက် မျက်စိကိုမှိတ်ထားရင် အောက်ဆီဂျင်သိပ်မရတော့ဘူး။ ဒါကိုမှ မျက်ကပ်မှန်နဲ့ထပ်ပြီးကာထားတာမျိုး မလုပ်မိဖို့အတွက် မျက်ကပ်မှန်ကို ညရောက်ရင် ချွတ်ထားပါ။

၂။ လက်တွေကို သေသေချာချာ သန့်ရှင်းအောင်ဆေးကြောပြီးမှ မျက်ကပ်မှန်ကိုကိုင်ပါနော်။ ဘူးထဲတော့ သေချာသိမ်းပါရဲ့ လက်ကိုတော့ သန့်ရှင်းအောင်ဆေးဖို့ မေ့နေကြတယ်။

 

၃။ ဆေးရည်ကို နေ့တိုင်းလဲပေးဖို့လည်း မမေ့ပါနဲ့။ မျက်ကပ်မှန်ဆေးရည်ကို တစ်နေ့တစ်ခါလဲဖို့ သတိပေးလိုက်ပါတယ်။

၄။ အရေးကြီးတဲ့အချက်ကို ပြောဦးမယ်။ မျက်ကပ်မှန်တပ်ပြီး ရေချိုးတာ၊ ရေကူးတာတွေပါ။ လုံးဝ မလုပ်သင့်ဘူး။ ဘုံဘိုင်ခေါင်းကရေနဲ့လည်း မျက်ကပ်မှန်တပ်ထားတုန်း မျက်လုံးကိုမထိတွေ့စေသင့်ဘူး။ ရေထဲမှာပါတဲ့ မမြင်နိုင်တဲ့ပိုးတွေက မျက်စိကို ဒုက္ခပေးနိုင်တယ်။

 

၅။ အချိန်အကြာကြီး ပစ်ထားတယ်။ ဘယ်လိုမျိုးလဲဆိုတော့ မျက်မှန်ကိုပဲ ရက်ဆက်တပ်နေပြီး မျက်ကပ်မှန်ကို လုံးဝထုတ်တောင်မကြည့်တော့တာမျိုး။ တကယ်တော့ မျက်ကပ်မှန်ဟာ ၁၂ နာရီမှ ၁၄ နာရီအထိပဲ သိမ်းထားသင့်တယ်။ မတပ်ဘဲထားတာ ရက်ကြာပြီဆို အသစ်တစ်စုံဝယ်မှ အဆင်ပြေမယ်။

Source : Health

Share

Loading Next Article...
က္က