နာကျင်စရာတွေအားလုံး မေ့သွားအောင် ကြိုးစားအိပ်လိုက်ပါ။

စိတ်ဓာတ်ကြံ့ခိုင်မှု ရှိချင်တယ်။ ပျော်ရွှင်တဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်ချင်တယ်။ ကိုယ့်ဘဝကြီး အေးစက်မှောင်မိုက်သလိုမျိုး ခံစားနေရတာ ပင်ပန်းလွန်းလှပြီ။ ဘာတွေကများ ကိုယ့်ကို မပျော်မရွှင်ဖြစ်စေရတာလဲဆိုတာ ကိုယ့်ရဲ့ပြုမူလှုပ်ရှားမှုတွေကို အရင်ဆုံးဆန်းစစ်ပါ။ ဒါတွေလုပ်နေမိသမျှတော့ ပျော်ရဖို့မလွယ်ဘူး။ လုပ်နေမိတယ်ဆိုလည်း အမြန်ဆုံးရပ်တန့်လိုက်တော့။

 

၁။ ပျင်းတိပျင်းရွဲလမ်းလျောက်ခြင်း

လမ်းလျှောက်ခြင်းဟာ စိတ်နဲ့လည်း သက်ဆိုင်နေတယ်။ စိတ်အရမ်းညစ်နေရင် တစ်ယောက်တည်းလမ်းလျှောက်ကြည့်လိုက်။ စိတ်တွေတည်ငြိမ်သွားတယ်။ ဒါပေမဲ့လမ်းလျှောက်ရင် ခန္ဓာကိုယ်ကို မတ်မတ်ထားပြီးလျှောက်ဖို့လိုမယ်။ ပျင်းတိပျင်းရွဲနဲ့ လက်ပြင်ကြီးကိုင်း၊ လက်နှစ်ဘက်ဘေးချပြီး ဖြည်းဖြည်းချင်းလျှောက်နေရင် စိတ်ဓာတ်ကျတာပိုဆိုးသွားမယ်။

၂။ အားလုံးကိုဓာတ်ပုံရိုက်ထားတယ်

ဓာတ်ပုံဆရာတွေ ဓာတ်ပုံရိုက်တာဝါသနာပါလွန်းသူတွေတောင်မှ မြင်မြင်သမျှ ဓာတ်ပုံရိုက်နေကြတာမဟုတ်ဘူးနော်။ ကိုယ်ကတော့ဖြင့် ဘာမြင်မြင်၊ ဘာဖြစ်ဖြစ် အားလုံးကို ဖုန်းလေးနဲ့ဓာတ်ပုံရိုက်တယ်။ လူမှုကွန်ရက်တွေပေါ်မှာ အကုန်လုံးတင်တယ်။ ဒီလိုလုပ်လိုက်တာက အမှတ်ရဖြစ်သွားဖို့ဆိုပြီး တွေးကြတာပဲ။ တကယ်တမ်းကျတော့ ဓာတ်ပုံကိုပဲအာရုံရောက်တော့ စိတ်က လက်တွေ့အဖြစ်အပျက်ကို မထိတွေ့နိုင်တော့ဘူး။ တကယ့်ပျော်ရွှင်မှု အစစ်အမှန်ကို ခံစားဖို့ ဝေးနေသလိုပဲ။

 

၃။ လှုပ်ရှားမှုမရှိတာ

တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေ သတိထားပါ။ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါ သွေးလည်ပတ်မှုလည်းမကောင်းတော့ဘူး။ စိတ်တွေလည်း ထွေပြားယိုင်နဲ့လာတယ်။ ကာယလေ့ကျင့်ခန်းလေးတွေ လုပ်နိုင်သလောက် လုပ်ပေးသင့်တယ်။

၄။ အချိန်ဆွဲတယ်

လုပ်စရာရှိတာတွေ မြန်မြန်လုပ်လိုက်ရင် ပြီးသွားမယ့်ဥစ္စာကို အချိန်ဆွဲနေတယ်။ လုပ်လိုက်ရင် ဘာဖြစ်သွားမလဲတွေးပူနေပြီး မလုပ်ရဲ မကိုင်ရဲတာနဲ့တင် စိတ်က မပြတ်သားတော့ဘူး။ ဒီမှာတင် သံသရာလည်နေတော့တာ။

၅။ မသာယာတဲ့အချစ်ရေး

အသည်းကွဲလို့ ဒုက္ခရောက်သွားတာတွေ မနည်းဘူး။ မစားနိုင် မအိပ်နိုင်နဲ့ ကျန်းမာရေးညံ့လာတယ်။ ကောင်းတဲ့ဘက်ကို အာရုံမစိုက်နိုင်တော့ဘဲ ကြေကွဲခံစားနေရတဲ့ အချိန်တွေဟာ ကြာလာတော့ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာရတော့တယ်။

 

၆။ အိပ်ရေးမဝဘူး

အိပ်ပါ။ နာကျင်စရာတွေအားလုံး မေ့သွားအောင် ကြိုးစားအိပ်လိုက်ပါ။ အိပ်ရာကနိုးလာရင် ခွန်အားတွေပြည့်လာလိမ့်မယ်။ မအိပ်ဘဲနေရင် လူရောစိတ်ပါ ချူချာလာမှာ။

၇။ အပေါင်းအသင်းမရှိဘူး

ဘယ်သူ့ကိုမှ အရေးတယူလုပ်ပြီး ပတ်သက်နေစရာလိုဘူးလို့ တွေးမိနေရင် အကြီးကြီးမှားတာပဲ။ လူတွေနဲ့ ထိတွေ့ပေါင်းသင်းပါ။ လူမှုကွန်ရက်ပေါ်ကမဟုတ်ဘဲ အပြင်မှာပါ တွေ့ဆုံကြတဲ့အခါ စိတ်တွေလန်းဆန်းလာနိုင်တယ်။

၈။ နည်းပညာပစ္စည်းတွေ

အဓိကပြောရရင်တော့ ဖုန်းပဲ။ လက်က ဖုန်းကိုမချနိုင်ဘူး။ မျက်လုံးကို ဖုန်းနဲ့ ကွန်ပျူတာနဲ့ မခွာနိုင်လောက်အောင် ဖြစ်နေတာလည်း သိပ်မကောင်းဘူုး။ တကယ်လှပတဲ့အရာတွေက ပြင်ပမှာဖြစ်တည်နေတာပါ။ Screen သေးသေးလေးထဲမှာ အလုံးစုံတည်ရှိနေတာမဟုတ်ဘူးနော်။

Source : Health

Share

Loading Next Article...
က္က