စိတ်ကျရောဂါဆိုတာ ကိုယ်တိုင်ကြုံတွေ့ခံစားနေရသူအတွက်ကော၊ အဲလိုခံစားနေရတာကို ဘေးကနေကြည့်နေရတဲ့သူအတွက်ပါ ရင်ဆိုင်ရခက်ခဲစေတဲ့ ကြောက်စရာအကောင်းဆုံး စိတ်ရောဂါတစ်မျိုးပါပဲ။


စိတ်ကျရောဂါဆိုတာ ကိုယ်တိုင်ကြုံတွေ့ခံစားနေရသူအတွက်ကော၊ အဲလိုခံစားနေရတာကို ဘေးကနေကြည့်နေရတဲ့သူအတွက်ပါ ရင်ဆိုင်ရခက်ခဲစေတဲ့ ကြောက်စရာအကောင်းဆုံး စိတ်ရောဂါတစ်မျိုးပါပဲ။ စိတ်ကျရောဂါခံစားနေရပြီဆိုရင် ပတ်ဝန်းကျင်မှာကိုယ့်ကိုကူညီပေးမယ့်လူတွေ ရှိနေတယ်ဆိုရင်တောင် မျှော်လင့်ချက်အလင်းရောင်ကိုရှာမတွေ့နိုင်တော့ပါဘူး။ စိတ်ကျရောဂါခံစားနေရတဲ့သူကို အကူအညီပေးဖို့ ကြိုးစားမယ်ဆိုရင်လည်း သူတို့ကခင်ဗျားရဲ့ကမ်းလှမ်းမှုကို လွယ်လင့်တကူလက်ခံမှာမဟုတ်ပါဘူး။

တစ်ခါတလေမှာ လူကောင်းရင့်မာကြီးတွေတောင်မှ စိတ်ပိုင်းဆိုင်ရာထောက်ခံအားပေးမှုကို လိုအပ်တဲ့အချိန်တွေရှိပါတယ်။ ဒါပေမယ့် မိမိအကူအညီလိုအပ်နေကြောင်း ပတ်ဝန်းကျင်ကသိအောင် ဖော်ထုတ်ပြသရတာ အလွန်ခက်ခဲပါတယ်။ စိတ်ကျရောဂါသိပ်ပြင်းထန်ဆိုးရွားလာရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ထိအောင် ဖြစ်စေနိုင်လို့ ခင်ဗျားဆီမှာပဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် စိတ်ကျရောဂါ လက္ခဏာတွေကိုတွေ့ရမယ်ဆိုရင် ပေါ့ပေါ့လေး သဘောမထားသင့််ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်တဲ့ သာဓကတစ်ခုကတော့ Selema Gomez ထုတ်လုပ်သူအဖြစ် ရိုက်ကူးပြီးထုတ်လွှင့်ပြသခဲ့တဲ့ 13 Reasons Why ရုပ်သံစီးရီးပါပဲ။ အဲဒီရုပ်သံစီးရီးထဲက အဓိကဇာတ်ကောင်မိန်းကလေးဟာ သူမစိတ်ကျရောဂါခံစားနေရကြောင်း ပတ်ဝန်းကျင်ကသိအောင် သူမနည်း၊ သူမဟန်နဲ့ပြသဖို့ကြိုးစားခဲ့ပေမယ့် ပတ်ဝန်းကျင်ကသတိမမူမိကြတာရယ်၊ အထက်တန်းကျောင်းထုံးစံ အနိုင်ကျင့်ကြတာတွေရယ်ကြောင့် နောက်ဆုံး မိမိကိုယ်ကိုအဆုံးစီရင်သွားပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် စိတ်ကျရောဂါဟာ ပေါ့ပေါ့လေးတွက်လို့မရတဲ့ ရောဂါမဟုတ်ကြောင်း သိသာထင်ရှားနေပါတယ်။



 

စိတ်ကျရောဂါမဖြစ်အောင်ထိန်းသိမ်းနိုင်တဲ့နည်းလမ်းတွေကတော့…

၁။ အတိတ်ရဲ့ကြေကွဲစရာတွေထဲက ရုန်းထွက်လိုက်ပါ

လူတော်တော်များများဟာ အတိတ်ရဲ့ကြေကွဲစရာအရိပ်တွေထဲက ရုန်းမထွက်နိုင်ကြရာကနေ စိတ်ကျရောဂါဖြစ်ဖို့ အစပျိးတော့တာပါပဲ။ အတိတ်ရဲ့ကြေကွဲစရာအရိပ်မဲတွေအောက်က လွတ်မြောက်ချင်ရင်တော့ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့စိတ်အာရုံတွေကို အနာဂတ်ဆီသိုု့ပြောင်းလဲလိုက်ဖို့တော့လိုအပ်ပါတယ်။ ဖြစ်ပြီးတာကို ဘယ်သူမှ ပြန်လည်ပြောင်းလဲလို့မရနိုင်ပါဘူး။ အတိတ်ရဲ့အရိပ်မဲတွေအကြောင်း ပြန်ထိုင်တွေးနေတာတို့၊ အဲဒီတုံးက ငါသာ ဘယ်လိုလုပ်ခဲ့မိရင် ရလဒ်ကဘယ်လိုပြောင်းလဲသွားမှာဆိုပြီး ထိုင်တွေးနေတာတို့က ခင်ဗျားကို ဘာမှ အကူအညီပေးနိုင်မှာမဟုတ်ပါဘူး။ အဲလိုထိုင်တွေးနေလို့လည်း ခင်ဗျားမှာစိတ်ဓာတ်ကျရုံကလွဲပြီး ဘာမှထူးလာမှာမဟုတ်ပါဘူး။ ဒါကြောင့်ကိုယ်ပြင်ဆင်လို့မရတဲ့အတိတ်အကြောင်း တွေးနေတာတွေကို ရှောင်ရှားသင့်ပါတယ်။

၂။ စိတ်ညစ်နေရတဲ့အကြောင်းရင်းကို ချရေးကြည့်ပါ

စိတ်ထဲမှာတစ်ခုခုအနှောင့်အယှက်ဖြစ်နေရင် ဘောပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက်ကိုင်ပြီး ချရေးလိုက်တာက စိတ်ထဲမှာတင်းကျပ်နေမှုတွေကို သက်သာရာရစေပါတယ်။ ကိုယ်ဘာကြောင့် စိတ်ညစ်နေရတယ်ဆိုတဲ့ အကြောင်းရင်းကိုရေးချပြီး အဲဒီပြဿနာနဲ့ပတ်သက်ပြီး ကိုယ်ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ ဖြေရှင်းနည်းတွေကို စာရွက်ပေါ်မှာချရေးပြီး စဉ်းစားလိုက်တာက ပြဿနာဖြေရှင်းနည်းကိုတွေ့ရှိရုံသာမကဘဲ စိတ်ကျရောဂါဆီ ဦးတည်စေနိုင်တဲ့အရာတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။



 

၃။ အရာရာမှာအကောင်းဆုံးဖြစ်ချင်စိတ်တွေကို လျှော့လိုက်ပါ

ဗြိတိန်စိတ်ပညာအဖွဲ့ကြီးရဲ့သုတေသီတွေက ဆိုထားတာကတော့ ပြိုင်ဆိုင်လိုစိတ်နဲ့အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလိုစိတ်တွေဟာ (ကျွန်တော်တို့မှန်းထားသလောက်ဖြစ်မလာတဲ့အချိန်တွေမှာ) ကျွန်တော်တို့ကို စိတ်ဓာတ်ကျစေပါတယ်တဲ့။ ကျွန်တော်တို့ ငယ်ငယ်ထဲက ကျွန်တော်တို့မိဘတွေက အတန်းထဲမှာ ပထမရအောင် အတန်းဖော်တွေနဲ့ ပြိုင်ဆိုင်ခိုင်းတဲ့ဓလေ့က ကြီးတဲ့ထိပါလာတဲ့အခါ ဒုက္ခရောက်တော့တာပါပဲ။ ထင်သလိုတွေ ဖြစ်မလာတဲ့လောကကြီးထဲမှာ အရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါ အဲဒီခံစားမှုတွေက ကျွန်တော်တို့ကို စိတ်ကျရောဂါဆီ တွန်းပို့တော့တာပါပဲ။ ဒီတော့ သူများနဲ့လိုက်ပြိုင်နေတာတွေကို ရပ်လိုက်ပါ။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ထူးချွန်ကြတဲ့သူတွေချည်းပဲဆိုတာကို မမေ့လိုက်ပါနဲ့။

၄။ ခံစားချက်တွေကိုမျိုသိပ်မထားပါနဲ့

စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေက ဘဝမှာပုံမှန်ပါပဲ။ ဒါပေမယ့်တချို့လူတွေက မိမိတို့ရဲ့စိတ်ခံစားမှု တွေကိုဖွင့်ထုတ်ရင်ဆိုင်ခြင်းမပြုဘဲ မျိုသိပ်ထားတတ်ကြပါတယ်။ အမှန်တကယ်တော့ မိမိတို့ရဲ့ခံစားချက်တွေကို မျိုသိပ်ထားလိုက်တဲ့အခါ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုတွေပဲ ဖြစ်လာပါတယ်။ စိတ်ဓာတ်ကျဆင်းတဲ့ အခြေအနေထိရောက်မသွားအောင် မိမိတို့ရဲ့စိတ်ထဲက မကောင်းတဲ့အတွေးတွေ၊ ခံစားချက်တွေကို ရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြောပါ။ “ဒီအတွေးတွေက ငါ့ရဲ့တစိတ်တပိုင်းမျှသာပဲ။ ငါဒီထက်ပိုကောင်းတဲ့ ဆုံးဖြတ်တွေကို ချနိုင်တယ်” 

 

Source: powerofpositivity

Share

Loading Next Article...
က္က