ဒီလိုတွေလုပ်ရင် ကောင်းတယ်လို့ပဲ ထင်နေမိတာ။

ကိုယ့်ကိုထိခိုက်စေမယ့် အလေ့အကျင့်တွေကို စွန့်လွှတ်ရတာ မလွယ်တဲ့ကိစ္စကြီး။ ပိုဆိုးတာက အဲ့ဒီအကျင့်ဟာ ကိုယ့်အမြင်မှာ ကောင်းတယ်လို့ထင်နေမိတာပဲ။ ကောင်းတယ်လို့ထင်ပြီး လုပ်နေမိတဲ့ ဒီအကျင့်တွေက တကယ်တမ်းမှာ ထင်သလိုမဟုတ်ဘူး။ ဘာတွေလဲဆိုရင်...



 

၁။ နှာချေတာကိုတားဆီးတယ်

ဟတ်ချိုး..... ဆိုပြီး အားပါးတရ နှာချေလိုက်မှ နေလို့ကောင်းသွားတာ။ နှာချေချင်ပါလျက်နဲ့ ပါးစပ်နဲ့နှားခေါင်းကိုပိတ်လိုက်ပြီး နှာမချေအောင် အောင့်လိုက်တာတဲ့အခါ ဦးနှောက်ထဲကို သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်သွားတယ်။ သွေးကြောတွေနဲ့ အာရုံကြောတစ်ရှုးတွေပေါ် ဖိအားသက်ရောက်စေတယ်။ နောက်ဆက်တွဲပြဿနာအနေနဲ့ ခေါင်းကိုက်လာရော။

၂။ ရေမွှေး

သဘာဝကရတဲ့ မွှေးရနံ့မဟုတ်ဘဲ လူတို့ပြုပြင်ဖန်တီးထားတဲ့မွှေးရနံ့ (ရေမွှေး)တွေက စိတ်ခံစားမှုကို ကောင်းစေတယ်။ ဒါပေမဲ့ အချို့ရေမွှေးတွေဟာ လူကိုမူးဝေစေတယ်၊ အိပ်ချင်မူးတူးဖြစ်သွားစေတယ်။ မျက်လုံး၊ လည်ပင်းနဲ့ အရေပြားကို ယားယံမှုဖြစ်စေတယ်။ ရေမွှေးဆွတ်တာထက် essential oil လေးတွေ ပြောင်းသုံးကြည့်ပါလား။

 

၃။ အိပ်ခါနီးဖုန်းပွတ်တယ်

အိပ်ရာထဲရောက်နေပြီ။ အိပ်ခါနီးလေး ဖေ့စ်ဘွတ်လေး ခနကြည့်လိုက်မယ်ဆိုပြီး ဖုန်းကိုပွတ်လိုက်တာ တစ်နာရီမက ကြာသွားတာမျိုး ကြုံဖူးမယ်ထင်တယ်။ သဘာဝအလင်းရောင်မဟုတ်တဲ့ အလင်းရောင်တွေဟာ လူတွေကို အိပ်မပျော်စေဘဲ နိုးကြားနေစေပါတယ်။ မယ်လ်တိုနင် (meltonin) ထွက်ရှိမှုနည်းသွားရသေးတယ်။

၄။ ပလတ်စတစ်ဘူးထဲက စားစရာတွေ

အစားအစာတွေကို ပလတ်စတစ်ဘူးထဲ ထည့်မထားပါနဲ့။ ပလတ်စတစ်ဘူးတွေမှ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေက ကြာရင် ကျန်းမာရေးထိခိုက်လာစေမယ်။

၅။ စားပြီးပြီးချင်းသွားတိုက်တယ်

အစာအစားပြီးလို့ သွားတိုက်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အစာစားပြီး နောက်ထပ် ၃၀ မိနစ် စောင့်ဆိုင်းပြီးမှ သွားတိုက်ရမယ်လို့ သွားကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ သွားကြွေလွှာတွေ ပျက်စီးမှာစိုးရိမ်ရင် အစားစားပြီးပြီးချင်း သွားမတိုက်ပါနဲ့။

 

၆။ ဂျင်းကျပ်ကျပ်တွေ

ကိုယ်နဲ့ကွက်ထိဖြစ်နေတယ်ဆိုရင် ဘယ်ဂျင်းဘောင်းဘီမဆို လိုက်ပြီးသား။ အခုတော့ ကျပ်တောက်နေတဲ့ ဂျင်းတွေကို နေ့တိုင်းဝတ်ဖြစ်နေတယ်။ ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို နေ့စဉ်မပြတ်ဝတ်တဲ့အခါ အရေပြားကို ဖိအားတွေသက်ရောက်သွားစေတယ်။ လူကသက်တောင့်သက်သာ မရှိတော့တဲ့နောက် အာရုံကြောတွေကိုပါ အနှောင့်အယှက်ဖြစ်သွားစေတယ်။ ခြေထောက်တစ်လျှောက် သွေးလည်ပတ်မှုမကောင်းတော့လို့ ထုံကျင်လာတယ်။

၇။ သစ်သီးဖျော်ရည်

လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်တွေက အရသာလည်းရှိ ကျန်းမာရေးအတွက်လည်းကောင်းလို့ သောက်ဖြစ်နေကြတယ်။ ဒါပေမဲ့ သစ်သီးဖျော်ထဲမှာပါတဲ့ သကြားတွေကပဲ ကိုယ့်ကိုဖျက်ဆီးနေတာ။

Source : Bright Side


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က