ဒီလိုဆိုးကျိုးတွေ နည်းပါးစေဖို့ လုပ်သင့်တဲ့ နည်းလေး ရှိပါတယ်။
 

ယနေ့ခေတ်မှာတော့ ဖုန်းနဲ့စာဖတ်တာဟာ နေ့စဉ်လုပ်နေကျအကျင့်လို ဖြစ်နေပါပြီ။ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာမှာ နေ့စဉ်စာလုံးပေါင်းများစွာကို ဖတ်ရှုနေကြတာ ဖြစ်ပါတယ်။ဒါပေမယ့်  ဖုန်းနဲ့ ဖတ်တဲ့အလေ့အကျင့်ဟာ မျက်လုံးကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိပါတယ်။



ဖုန်းမျက်နှာပြင်ကို အချိန်အကြာကြီး စိုက်ကြည့်နေတဲ့အခါ မျက်လုံးပင်ပန်းတာ၊နာကျင်တာ၊ နီရဲတာတွေ ဖြစ်လာပါတယ်။ နာရီနဲ့ချီပြီး ကြည့်တယ်ဆိုရင်တော့ ပိုဆိုးလာမှာ ဖြစ်ပါတယ်။ ကြာလာတဲ့အခါ အနီးမြင်အဝေးမှုန်တာ၊ တိမ်စွဲတာတွေပါ ဖြစ်လာတတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -မွေ့ရာမပါဘဲ အိပ်သင့်တဲ့အကြောင်းအရင်း (၇) ချက် )

 

ဒီလိုဆိုးကျိုးတွေကြောင့် ဖုန်းနဲ့ စာမဖတ်ရဘူးတော့ မဟုတ်ပါဘူး။ ဖတ်လို့ရပါတယ်။ ဒါပေမယ့် ဒီလိုဆိုးကျိုးတွေ နည်းပါးစေဖို့ လုပ်သင့်တဲ့ နည်းလေး ရှိပါတယ်။  ဖုန်းမျက်နှာပြင်ကို ကြည့်နေတဲ့အချိန်မှာ မျက်တောင်ခတ်ပေးဖို့ ဖြစ်ပါတယ်။ ကြိမ်ဖန်များစွာ ခတ်ပေးသင့်တာ ဖြစ်ပါတယ်။ ကိုယ်က ဖုန်းမျက်နှာပြင်နဲ့ ကွန်ပြူတာမျက်နှာပြင်ကို အမြဲကြည့်ပြီး အလုပ်လုပ်ရသူမျိုးဆိုရင်တော့ ဗီတာမင်အေကို အမြောက်အများစားပေးသင့်ပါတယ်။ ဗီတာမင်အေဟာ အမြင်အာရုံအတွက် အကျိုးကျေးဇူးများစွာ ဖြစ်စေပါတယ်။

စာအုပ်တွေပါ ဖတ်လေ့ရှိသူဆိုရင်တော့ အီးဘွတ်မဖတ်ဘဲ အတတ်နိုင်ဆုံး ပုံမှန်စာအုပ်တွေကို ဖတ်သင့်ပါတယ်။ မျက်လုံးကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ပုံမှန်စာအုပ်တွေကိုဖတ်တာနဲ့ အီးဘွတ်ဖတ်တာဟာ အလွန်ကွာခြားမှု ရှိပါတယ်။

Photos & Source: Articles of Health Care


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က