ကင်ဆာရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သေးတယ်။
Su Yee Moe

28-Surprising-Benefits-Of-Ginger-Adrak-For-Skin-Hair-And-Health.jpg 

မီးဖိုချောင်ထဲမှာ ရှိနေတဲ့ ဂျင်းဟာ ချက်ပြုတ်ရုံတင် အသုံးဝင်တာမဟုတ်မှန်း အတော်များများက သိကြပါတယ်။ ဂျင်းရဲ့အရသာက ပူစပ်စပ်ရှိတယ်၊ အနံ့အသက်မွှေးတယ်။ ဒါကြောင့်မို့လို့လည်း ရှေးယခင်တည်းက အအေးမိခြင်းကို သက်သာအောင် ကုသရာမှာ ဂျင်းကိုသုံးခဲ့ကြပါတယ်။ အခြား ဆေးဘက်ဝင်တဲ့နည်းတွေလည်း ရှိသေးတယ်။

၁။ ကြွက်သားနာကျင်မှု

ဂျင်းမှာပါဝင်တဲ့ gingerol ဒြပ်ပေါင်းဟာ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ဂျင်းကိုနေ့စဉ်စားပေးရင် ရောင်ရမ်းမှုကိုလျော့သွားစေပြီး လေ့ကျင့်ခန်းလုပ်လို့ ကြွက်သားနာကျင်ရတာကို သက်သာစေကြောင်း The Journal of Pain က ဖော်ပြဖူးပါတယ်။ ကာယလေ့ကျင့်ခန်းလုပ်ပြီးနောက် ဂျင်းလေးနည်းနည်းလောက် စားပေးတဲ့အခါ ကြွက်သားတွေမနာတော့ပါဘူး။

10-Simple-Natural-Remedies-for-Headache-Relief-at-Home.jpg 

၂။ ဓမ္မတာလာချိန်

အမျိုးသမီးတွေဟာ လစဉ်ဓမ္မာတာလာချိန်တွေမှာ နာကျင်ကိုက်ခဲမှုကို အနည်းနဲ့အများဆိုသလို ခံစားရပါတယ်။ ရာသီလာတဲ့ပထမ ၃ရက်မှာ ဂျင်းကိုမှီဝဲရင် စီးဆင်းမှုလည်းမှန်ပြီး နာကျင်မှုတွေ လျော့ပါးသွားပါတယ်။ ဒါကြောင့်လည်း လူကြီးတွေက ဂျင်းနဲ့ထန်းလျက်ကို ပြုတ်သောက်ခိုင်းလေ့ရှိတယ်။ ရေနွေးထဲကို ဂျင်းလေး ၂ပြားလောက် ထည့်သောက်ကြည့်ပါ။ တကယ်သက်သာတယ်။

၃။ Morning Sickness

ကိုယ်ဝန်ဆောင်တွေ ဖြစ်လေ့ရှိတဲ့ morning sickness (မနက်ပိုင်းတွေမှာ ပျို့အန်မှု) ကို လျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တိုင်းကိုတော့ သက်သာစေတာ မတွေ့ရဘူး။ ဂျင်းလေးငုံထားတာက မူးမော်တာကိုသက်သာစေပြီး ပျို့အန်မှုကို ပျောက်စေပါတယ်။

GettyImages-472854280.jpg 

၄။ ကားမူးသက်သာစေ

ကားစီးချိန်၊ လေယာဉ်စီးချိန်တွေမှာ ဖြစ်တတ်တဲ့ motion sickness လို့ခေါ်တဲ့ မူးဝေမှုကိုလည်း သက်သာစေပါတယ်။ ဂျင်းပြားလေးနည်းနည်းလောက်ကို ဝါးစားပေးလို့ရပါတယ်။

Source : Self


ဆက်စပ်အကြောင်းအရာများ


က္က