သန္ဓေသားပုံမှန်မဟုတ်မှုဟာလည်း ဖြစ်နိုင်ခြေ မြင့်မားပါတယ်။
 

 အသက်ကြီးမှ ကလေးမွေးတဲ့အခါ အခက်အခဲတွေကြုံမှုဟာ ပိုမိုများပြားနိုင်ပါတယ်။ အထူးသဖြင့် အသက် ၄၅ နှစ်ထက် ကျော်တဲ့အမျိုးသမီးတွေမှာ အခက်အခဲတွေ ပိုမိုကြုံရနိုင်တာ ဖြစ်ပါတယ်။ အကြီးမားဆုံးအန္တရယ်ကတော့ ကိုယ်ဝန်ပျက်ကျတာမျိုးဖြစ်ပြီး အသက်ကြီးလေ ပိုမိုဖြစ်ပွားနိုင်လေပါပဲ။ အသက်အရွယ်ကြီးလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ သားအိမ်ရဲ့ အခြေအနေနဲ့လည်းဆိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတိုင်းရဲ့ အခြေအနေဟာ တူညီမှုမရှိတာကြောင့် တစ်ဦးမှာ ကြုံရတဲ့အတိုင်း နောက်တစ်ဦးမှာ ကြုံရမယ်လို့ ပြောလို့မရပါဘူး။ သန္ဓေသားပုံမှန်မဟုတ်မှုဟာလည်း ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ မျိုးဥအရည်အသွေးဟာ အသက်အရွယ်ကြီးလေ လျော့ကျလေ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ရေများများသောက်ဖြစ်အောင် ဒီလိုလုပ်ကြည့်ပါလား )

 

မျိုးဥတွေအားလုံးဟာ သားအိမ်မှာ သိုလှောင်ထားတာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲနိုင်ခြေ ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်းဟာ ဆီးချိုသွေးချို ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်မားစေပါတယ်။ ကြီးရင့်တဲ့ ခန္ဓာကိုယ်ဟာ ကိုယ်တွင်း အင်ဆူလင်ထုတ်လုပ်မှုကိုထိန်းချုပ်ရာမှာ အခက်အခဲတွေ ရှိလာတာကြောင့်ဖြစ်ပါတယ်။ ပန်းကရိယ ဟာ အလုပ်အလွန်လုပ်လာရတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟိုမုန်းထုတ်လုပ်မှု အလွန်အမင်းများပြားလာတာကြောင့်လည်း သွေးချိုဆီးချို ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့အခါ ပိုမိုဂရုစိုက်မှုတွေလုပ်ပေးရမှာပါ။ အဟာရလုံလောက်စွာ စားသုံးသင့်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကိုလည်း သေချာလိုက်နာသင့်တာ ဖြစ်ပါတယ်။

Photos & Source: Articles of Health Care

Share

Loading Next Article...
က္က