နွားနို့များများသောက်ပါ။

ကလေးဘဝတုန်းက အယ်လ်မွန်နို့၊ ပဲနို့တို့ကို သောက်သုံးခဲ့သူတွေဟာ နွားနို့သောက်ခဲ့သူတွေနဲ့ အရွယ်ရောက်လာချိန်မှာ နှိုင်းယှဉ်ကြည့်တဲ့အခါ ပိုပြီးအရပ်ပုနေကြတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြပါတယ်။

 

နွားနို့မဟုတ်ဘဲ အပင်ကရတဲ့နို့ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်တဲ့ ကလေးတွေဟာ ရှိသင့်တဲ့အရပ်အမြင့်ထက် ဝ.၁၅ လက်မ ပိုနိမ့်နေပါသတဲ့။ ယင်းကလေးတွေဟာ ပဲနို့၊ ဆန်ကနေထုတ်ယူတဲ့အရည်၊ အယ်လ်မွန်ရည်တို့ကို သောက်သုံးကြတယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကိုတော့ တိုရွန်တိုမြို့ စိန့်မိုက်ကယ်ဆေးရုံရှိ ဆရာဝန်တွေက ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

ကနေဒါနိုင်ငံမှာ နေထိုင်ကြတဲ့ အသက် ၂ နှစ်မှ ၆ နှစ်ကြား ကျန်းမာကောင်းမွန်တဲ့ကလေးငယ် ၅၀၃၄ ဦးကို လေ့လာခဲ့ကြတာပါ။ ကလေး ၅ % က နွားနို့မဟုတ်တဲ့ နို့တွေကိုသောက်ခဲ့ကြပြီး ၈၄% ကတော့ နွားနို့ကိုပဲ သောက်ခဲ့ကြပါတယ်။ ၈% က နှစ်မျိုးလုံးကိုသောက်ပြီး ၃% ကတော့ ဘယ်လိုနို့မျိုးကိုမှ မသောက်သူတွေ ဖြစ်ပါတယ်။ အချိန် ၃၈ လ ကြာမြင့်ပြီးနောက် ကလေးတွေရဲ့အရပ်ကို တိုင်းတာကြည့်ရာမှာ နွားနို့မဟုတ်တဲ့ အပင်ကရတဲ့နို့ကို သောက်တဲ့ ကလေးတွေက အခြားကလေးတွေနဲ့ယှဉ်ရင် ပိုပုနေတာကို တွေ့ရပါတယ်။

 

ဒါဟာ နွားနို့သောက်လို့ အရပ်ပိုရှည်လာတာနဲ့ မဆိုင်ဘဲ အပင်ကရတဲ့နို့တွေကို သောက်သုံးတဲ့ ကလေးတွေဟာ အရပ်ပုလာပြီး လူကောင်ညှက်လာတာလို့ ယူဆရကြောင်း လေ့လာသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း အရပ်ရှည်ပြီး ထွားကြိုင်းတယ်ဆိုရုံနဲ့တော့ ကျန်းမာရေးကောင်းတယ်လို့ တစ်ထစ်ချမှတ်ယူလို့ မရနိုင်သေးပါဘူး။

Source : CNN

Share

Loading Next Article...
က္က