pregnancy_after_miscarriage_tips_for_conception (1).jpg 

ကျန်းမာစွာနေထိုင်ခြင်း

လက်တွေ့အကျဆုံးအချက်ကိုပြောပါဆိုရင် လူတယောက်မှာ ကျန်းကျန်းမာမာနေထိုင်ခြင်းဟာ ကောင်းမွန်တဲ့ လိုအပ်တဲ့အချက်တစ်ခုဖြစ်ပါတယ် ။ ကိုယ်ဝန်ရစေဖို့အတွက် ကျန်းမာစွာနေထိုင်တာကလဲ အရေးအကြီးဆုံးလုပ်ဆောင်ချက်ပါ ။ ကိုယ်ခန္ဓာထဲမှာကိုယ့်ရဲ့မျိုးအောင်ဖို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများ ၊ ဟင်းသီးဟင်းရွက်များ ၊ အသီးအနှံများကိုအာဟာရစုံလင်စွာ ဗီတာမင်ဓါတ်တွေစုံလင်နေအောင် စားသောက်ပေးဖို့လိုပါတယ်။ အရောင်စုံလင်စွာပါဝင်တဲ့ဟင်းသီးဟင်းရွက်များဖြစ် ၊ ဇင့်(zinc)ဓါတ်ကြွယ်ဝတဲ့အစားအစာများ ၊ ဖော်လစ်(folic)ဓါတ်ကြွယ်ဝတဲ့အစားအစာများကို နေ့စဉ်ပါဝင်အောင် စားသုံးပေးတာဟာကိုယ်ဝန်ရစေဖို့အထောက်အကူဖြစ်စေပါတယ် ။

 သင့်တော်တဲ့ကိုယ်အလေးချိန်ရှိုခြင်း

ကိုယ်ဝန်ဆောင်ဖို့အတွက် ကိုယ့်မှာသင့်တော်တဲ့ကိုယ်အလေးချိန်ရှိဖို့ လိုအပ်ပါတယ် ။ အရမ်းဝတာ ၊ အရမ်းပိန်လွန်းတာတွေက ကလေးရနိုင်မှု့ကို လျော့နည်းစေပါတယ် ။ ဒါကြောင့် ကိုယ်ဝန်စဆောင်မယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင် အရင်ဆုံးသင့်တော်တဲ့ကိုယ်အလေးချိန်အရင်ဆုံး ရရှိအောင်တည်ဆောက်ထားပါ ။ ဒါဟာ ကိုယ်ဝန်ဆောင်မယ့်မိခင်လောင်း နဲ့ အမျိုးသားပါ လိုက်နာကျင့်သုံးရပါမယ် ။

 

အရက် နဲ့ ဆေးလိပ်ဖြတ်ပါ

ဒါကတော့ အခြေခံအကျဆုံးအချက်တစ်ချက်ပါ ။ ကိုယ်ခန္ဒာမှာ ဆိုးကျိုးများဖြစ်ပေါ်စေတဲ့အပြင် အဆိပ်အတောက်များကျန်ရစ်စေတဲ့အတွက် အရက် နဲ့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါမယ် ။ အမျိုးသမီးပါ သောက်သုံးတတ်တယ်ဆိုရင် အမျိုးသားရော အမျိုးသမီးပါ ဖြတ်ရပါမယ် ။ အရက်နဲ့ဆေးလိပ်များက မျိုးအောင်နိုင်စွမ်းကို လျှော့နည်းစေလို့ပဲဖြစ်ပါတယ် ။

 ကယ်ဖင်းဓါတ် ( Caffeine )

ကယ်ဖင်းဓါတ်ကအမျိုးသမီးများရဲ့ မျိုးဆက်ပွားခြင်းကို ဘယ်လိုမှအထောက်အကူမပြုနိုင်ပါဘူး ။ ကယ်ဖင်းဓါတ်များသောအစားအစာများဖြစ်တဲ့ ကော်ဖီ ၊ ချောကလက် စတာတွေကိုစားသုံးခြင်းကိုလျော့ကျသင့်ပါတယ် ။

 ပုံမှန်လိင်ဆက်ဆံခြင်း

 လိင်ဆက်ဆံခြင်းကိုပုံမှန်တစ်ပတ်ကို နှစ်ကြိမ် ၊ သုံးကြိမ် အပတ်စဉ်တိုင်းပြုလုပ်ပေးခြင်းဖြင့်ကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်းပိုများစေတယ်လို့ ဆိုပါတယ် ။အမျိုးသမီးများအနေနဲ့ ဆက်ဆံပြီးချိန်တိုင်း ချက်ချင်းထပြီးရေချိုးခြင်းထက် ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့် အိပ်ယာထက်မှာ လဲလှောင်းနေပြီး ခါးအပေါ်ပိုင်းမြင့်တဲ့အနေအထားရောက်အောင် တင်ပါးအောက်မှာခေါင်းအုံးနဲ့ခံထားပေးပါ ။ ဒါမှ ကျန်းမာတဲ့ သုတ်ပိုးခြင်းအလွယ်တကူလျင်မြန်စွာပေါင်းစပ်စေတယ်လို့ဆိုပါတယ် ။

 ရာသီစက်ဝန်းကို နားလည်သိရှိခြင်း

အမျိုးသမီးများအနေနဲ့ ပုံမှန် (၂၈) ရက် ၊ ရာသီစက်ဝန်းအတွက် ရာသီပေါ်ချိန်အစရက်မှ နောက်နှစ်ပတ်အတွင်းမျိုးဥကြွေလေ့ရှိပါတယ် ။ ထိုရက်အတွင်း လိင်ဆက်ဆံမယ်ဆို ကိုယ်ဝန်ရစေဖို့အကောင်းဆုံးကာလပါ ။အမျိုးသားသုတ်ပိုးက အမျိုးသမီးကိုယ်တွင်းမှာခုနှစ်ရက်လောက် အသက်ရှင်နိုင်ပေမယ့် အမျိုးသမီးမျိုးဥများကတော့ (၁၂)နာရီ မှ ( ၂၄ ) နာရီအတွင်းသာ အသက်ရှင်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ် ။ ဒါကြောင့်ကိုယ့်ရာသီစက်ဝန်းကို ကောင်းစွာနားလည်ထားတာက ကိုယ်ဝန်ဆောင်ဖို့ကြိုးစားရာမှာအရေးကြီးပါတယ် ။

18-Things-You-Should-Do-While-Preparing-For-Pregnancy.jpg 

ဆရာဝန်များနဲ့တွေ့ဆုံမေးမြန်းတိုင်ပင်ပါ

မြန်မာနိုင်ငံမှာ လူအများစုကကိုယ်ဝန်ဆောင်နိုင်ဖို့ ဆရာဝန်များနဲ့ သွားရောက်တိုင်ပင်ဆွေးနွေးတာအရမ်းနည်းနေပါသေးတယ် ။ နီးစပ်ရာတခြားသူများကညွှန်းတဲ့ ဆေးများသောက်တာ ၊ ကုသတာတွေကမလိုလားအပ်သလို ကိုယ်ဝန်ဆောင်နိုင်ဖို့လည်း အချိန်ပိုကြာစေနိုင်ပါတယ် ။ ဒါကြောင့် တတ်ကျွှမ်းတဲ့ကလေးအထူးကုများနဲ့ပြသပြီး အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုတိုင်ပင်ပါ  ။

စိတ်ဖိစီးမှု့များကို အတတ်နိုင်ဆုံးလျှော့ချပေးပါ

 ကိုယ်ဝန်ဆောင်နိုင်ဖို့ ၊ ကိုယ်ဝန်ရရှိဖို့နဲ့ပတ်သက်ပြီး စိတ်ပင်ပန်းရတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါ ။ဒါပေမယ့်မလိုလားအပ်တဲ့ စိတ်ဖိစီးမှု့တွေက ကိုယ်ဝန်ဆောင်နိုင်ဖို့အရေးမှာလည်း အဟန့်အတားဖြစ်စေတယ်ဆိုတာ နားလည်လက်ခံထားဖို့လိုအပ်ပါတယ်နော် ။ မလိုအားတဲ့စိတ်ဖိစီးမှု့များကိုလျော့နည်းအောင် လေ့ကျင့်ခန်းများ ၊ တရားထိုင်ခြင်းများပြုလုပ်ပေးခြင်းများနဲ့ ဖြေဖျောက်ပါ ။

အချိန်ယူပါ

ကိုယ်တိုင်ကကိုယ်ဝန်ရနိုင်ဖို့မလွယ်ကူသေးဘူးဆိုရင် အလောတကြီး ချက်ချင်းဖြစ်လာဖို့အရမ်းမျှော်လင့်ချက်မထားစေချင်ပါဘူး ။ တခါတလေမှာကလေးဆိုတာ ကံတရားနဲ့လဲသက်ဆိုင်ပါသေးတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ လုံလောက်တဲ့အချိန်ယူပါ ။

ဆရာဝန်များနဲ့အဆင်သင့်တိုင်းပြသပါ ။ အစားအသောက် ၊ အနေအထိုင်များကိုပြုပြင်ပြောင်းလဲပြီး ကျန်းမာအောင်နေထိုင်ပါ ။ အမျိုးသားကော အမျိုးသမီးပါအကောင်းဆုံးနေထိုင်ပြောင်းလဲမယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်မယ့်အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါတယ် ။ မိခင်လောင်းများဘဝကို အမြန်ဆုံးပိုင်ဆိုင်နိုင်မယ်လို့လဲယုံကြည်ချက်ထားပါ ။

Share

Loading Next Article...
က္က