အသက်ရှင်နိုင်ခြေဟာ ၁၄ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်း ပိုမိုမြင့်မားတာ ဖြစ်ပါတယ်။


သုတေသနတစ်ခုအရ လက်ထပ်ခြင်းဟာ အသက်ရှည်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သွေးတိုးနဲ့ ဆီးချိုသွေးချိုကြောင့် သေဆုံးနိုင်ခြေကို လက်ထပ်ခြင်းက လျှော့ချပေးနိုင်တာ ဖြစ်တယ်လို့ သုတေသနတစ်ခုက ဖော်ပြတာ ဖြစ်ပါတယ်။

ယခင်လေ့လာလာချက်တွေအရ လက်ထပ်ထားသူတွေမှာ နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးနိုင်ခြေနည်းပါးပြီး ယခုလေ့လာချက်အသစ်မှာ နှလုံးရောဂါဖြစ်စေတဲ့ သွေးတိုးနဲ့ ဆီးချိုတွေကိုပါ လျှော့ချပေးနိုင်တာ ဖြစ်ကြောင်း Aston တက္ကသိုလ်မှ သုတေသနကို ပြုလုပ်ခဲ့သူ ရာအူးလ်ပေါ့လူရီက ပြောကြားထားတာ ဖြစ်ပါတယ်။



သုတေသနဟာ သွေးပေါင်ချိန်မြင့်မားသူ၊ ကိုလက်စထရော မြင့်မားသူနဲ့ ဆီးချိုသွေးချို အဆင့် -၂ ရှိသူ လူကြီးပေါင်း တစ်သန်းကို မှတ်တမ်းရယူထားပြီး  နောင်ငါးနှစ်အကြာမှာ နောက်တစ်ကြိမ် ပြန်လည်မှတ်တမ်းရယူတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့်ဆောင်းပါး - စနေ၊ တနင်္ဂနွေမှာ အိပ်သူတွေဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားတယ်လို့ ဆို)

 

ကိုလက်စထရော မြင့်မားသူတွေဟာ လက်ထပ်ထားသူဆိုရင်  ၁၆ ရာခိုင်နှုန်း ပိုမို အသက်ရှင်ဖို့ မြင့်မားကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။  သွေးချိုဆီချိုသမားတွေနဲ့ သွေးတိုးသမားတွေဟာလည်း တစ်ကိုယ်တည်းသမားတွေနဲ့ နှိုင်းယှဉ်ရင် အသက်ရှင်နိုင်ခြေဟာ ၁၄ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်း ပိုမိုမြင့်မားတာ ဖြစ်ပါတယ်။

လက်ထပ်ထားသူတွေနဲ့ တစ်ကိုယ်တည်းသမားတွေ ကွာခြားရတာဟာ သူတို့လက်တွဲဖော်တွေဆီက ရရှိတဲ့ ဂရုစိုက်မှုနဲ့ အားပေးမှုတွေကြောင့် ဖြစ်တယ်လို့ သုတေသနသမားတွေက ကောက်ချက်ချထားပါတယ်။ လက်တွဲဖော်ရှိသူတွေဟာ ဆေးကို ပုံမှန်သောက်ဖြစ်ကြပြီး၊ အစားအသောက်မှာလည်း ပုံမှန်စားသောက်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ ဖျားနာတာတွေမျိုးမှာ ဂရုစိုက်မယ့်သူတစ်စုံတစ်ဦး ရှိနေတာကြောင့် သွေးတိုး၊ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကနေ လျော့နည်းစေတာ ဖြစ်ပါတယ်။

Photos & Source: Zee News


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က