ဆေးစွဲသလို စွဲနေမိပြီလား?

ကိုယ့်ဖုန်းက ဘယ်လိုအမှတ်တံဆိပ်ပဲဖြစ်ဖြစ် စမတ်ဖုန်းဆိုလို့ကတော့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ကြည့်ဖြစ်နေကြတာချည်းပါပဲ။ ဖုန်းပွတ်နေတဲ့အချိန်တွေကို ပေါင်းလိုက်ရင် တစ်နေ့ကို ၅ နာရီဝန်းကျင်လောက်တောင် ရှိမလားပဲ။ နေ့လည်းပွတ်၊ ညလည်းပွတ်နေတာ ဖုန်းကို စွဲလမ်းနေမိတာမဟုတ်လား။ အနောက်နိုင်ငံတွေမှာနေထိုင်သူ ၁၁% ဝန်းကျင်ဟာ နည်းပညာပစ္စည်းတွေကို စွဲနေကြပါတယ်။ စမတ်ဖုန်းနဲ့အင်တာနက်သုံးသူတွေဟာ ဖုန်းကိုတမ်းတမ်းစွဲ မခွာနိုင်အောင်ဖြစ်နေကြတဲ့အခါ ဆိုးကျိုးတွေဖြစ်လာပါတော့တယ်။


 

၁။ ဖုန်းမလာဘဲ မြည်သံကြားတယ်

မီချီဂန်ရှိ တက္ကသိုလ်တစ်ခုက ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာတော့ စမတ်ဖုန်းစွဲလမ်းနေသူတွေဟာ ဖုန်းတကယ်မလာဘဲနဲ့ ဖုန်းမြည်သံ၊ တုန်ခါမှုတွေကို ကြားနေ၊ ခံစားနေရတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို တစ်ကြိမ်ထက်မနည်း ကြုံတွေ့နေရတယ်ဆိုရင် သင်ဟာ စမတ်ဖုန်းကို အတော်လေးစွဲလမ်းနေပါပြီ။

 

၂။ ဖေ့စ်ဘုတ်သုံးရင်းဒေါသထွက်

မကြာခဏဆိုသလို ဖုန်းကိုထုတ်ပြီး လူမှုကွန်ရက်တွေကို ကြည့်နေတတ်သူတွေဟာ ပိုပြီး စိတ်ဖိစီးမှုရနိုင်ပါတယ်။ ဖုန်းလေးထုတ်ပြီး ဖေ့စ်ဘုတ်သုံးရာက new feed ပေါ်မှာ မြင်ရတာတွေကြည့်ပြီး ဒေါသထွက် စိတ်တိုလာကြရပါတယ်။

 

၃။ ညဘက် ဖုန်းပွတ်သူတွေ

စမတ်ဖုန်းနဲ့ အင်တာနက်သုံးသူတွေအနက် သုံးပုံတစ်ပုံဟာ ညရောက်တိုင်း ဖုန်းကိုသုံးလေ့ရှိပါတယ်။ ညတစ်ရေးနိုး ဖုန်းပွတ်ပြီး ဖေ့စ်ဘုတ်သုံးတာက တကယ်ကိုမကောင်းပါဘူး။ ဒီလိုနဲ့ပဲ အိပ်မပျော်တော့ဘဲ ကျန်းမာရေးထိခိုက်လာလိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

Source : Metro


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က