ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။

စပျစ်သီးရဲ့အစေ့ထဲမှာ ပါဝင်တဲ့ သဘာဝဒြပ်ပေါင်းတစ်မျိုးက သွားတွေကို ကြံ့ခိုင်စေပြီး သွားပိုးမစားအောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီတွေ့ရှိမှုရလဒ်ကြောင့် နောက်ဆိုရင် လူတွေဟာ သွားနှုတ်ရတာတွေနည်းလာနိုင်ပြီး သွားတွေပိုခိုင်မြဲလာလိမ့်မယ်လို့ လေ့လာတွေ့ရှိသူ ပညာရှင်တွေက ယူဆကြပါတယ်။



 

ဝိုင်ထုတ်လုပ်တဲ့အခါ ဘေးထွက်ပစ္စည်းအနေနဲ့ ထွက်လာတဲ့ စပျစ်စေ့ extract (စပျစ်စေ့မှထုတ်နုတ်ရယူသောပစ္စည်း)ကို ကျန်းမာရေးနဲ့ပတ်သက်တဲ့အစားအသောက်ရောင်းချတဲ့ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ဒါပေမဲ့ လူတွေက စပျစ်စေ့ extract ဟာ နှလုံးရဲ့လုပ်ဆောင်ချက်တွေ အားကောင်းစေတယ်၊ သွေးလည်ပတ်မှု ပိုကောင်းစေတယ်လို့ပဲ သိခဲ့ကြတာပါ။ ယခုလေ့လာမှုမှာတော့ ဒီ extract ဟာ သွားပိုးမစားအောင် ကာကွယ်ပေးနိုင်သလို သွားကိုဖာထေးထားတဲ့နေရာတွေကိုလည်း ပိုပြီးကြာကြာခံစေမှန်း တွေ့ရှိခဲ့ကြရပါတယ်။ သွားကိုအရောင်တင်ထားတာတွေက ပုံမှန်ဆိုရင် ၅ နှစ်မှ ၇ နှစ်အထိပဲ ခံပါတယ်။ စပျစ်စေ့ကရတဲ့ အဆီအနှစ်ကို သုံးစွဲမယ်ဆို ၁၀ နှစ်မှ ၁၅ နှစ်လောက်ထိ စွဲမြဲနေမှာဖြစ်ပါတယ်။

လေ့လာမှုကိုတော့ ရှီကာဂိုသွားဘက်ဆိုင်ရာကောလိပ်၊ အီလီနွိုက်တက္ကသိုလ်ရဲ့ သိပ္ပံပညာရှင်တွေက ပြုလုပ်ခဲ့ကြတာပါ။ စပျစ်စေ့အဆီအနှစ်ဟာ သွားရဲ့အဓိကအစိတ်အပိုင်းဖြစ်တဲ့ မာကျောသိပ်သည်းတဲ့တစ်ရှုးစကို ပိုမိုခိုင်မာစေတယ်လို့ သိရပါတယ်။ သွားကြွေလွှာရဲ့အောက်မှာ တည်ရှိတဲ့တစ်ရှုးစ ဖြစ်ပါတယ်။

 

သွားတွေပျက်စီးနေတယ်ဆိုရင်တောင်မှ စပျစ်စေ့အဆီအနှစ်ကို အသုံးပြုပေးသွားမယ်ဆိုရင် ကျန်တဲ့သွားအစိတ်အပိုင်းတွေကို ပိုမိုမာကြောခိုင်ခံ့စေပြီး သွားပေါက်ကိုဖာထားတဲ့အရာနဲ့ ချိတ်ဆက်မှုဖြစ်စေကာ သွားတွေကိုပိုကောင်းစေမှာ ဖြစ်ပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က