အဆိုပါ အသုံးအဆောင်တွေဟာ ကလေးရုတ်တရက်သေဆုံးခြင်းကို ဖြစ်ပွားစေနိုင်တယ်လို့ ဆိုပါတယ်။
 

မွေးဖွားပြီးကနေ လေးလသားအရွယ်အထိ ကလေးနဲ့ အတူမအိပ်သင့်ဘူးလို့ အမေရိကန်နိုင်ငံက သုတေသနသမားတွေက ပြောကြားထားပါတယ်။ မိခင်နဲ့ ကလေး အတူအိပ်ခြင်းဟာ ကလေးပထမလေးလအတွင်း ပြုလုပ်တဲ့အခါ အိပ်မပျော်တာမျိုးနဲ့ မလုံခြုံတဲ့ အိပ်စက်ခြင်းအလေ့အထတွေကို  ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။

ကလေးတွေအတွက် အသုံးပြုဖို့ ထောက်ခံထားခြင်းမရှိတဲ့ ခေါင်းအုံး၊ စောင်နဲ့ အခြားအသုံးအဆောင်တွေကို  အတူအိပ်တဲ့ ကလေးငယ်တွေဟာ ပိုမိုသုံးစွဲမိနိုင်ခြေရှိပြီး အဆိုပါ အသုံးအဆောင်တွေဟာ ကလေးရုတ်တရက်သေဆုံးခြင်းကို ဖြစ်ပွားစေနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းရှာမရတဲ့ သေဆုံးမှုတွေဟာ ကလေး တစ်နှစ်အတွင်း ဖြစ်ပွားနိုင်ခြေမြင့်မားတာလည်း ဖြစ်ပါတယ်။ အတူအိပ်ခြင်းဟာ ရေတိုနဲ့ ရေရှည်မှာပါ ကလေးနဲ့ မိခင်ရဲ့ အိပ်စက်နိုင်မှုအရည်အသွေးကို ထိခိုက်နိုတာ ဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့သူ Penn State  ဆေးပညာကောလိပ်မှ ကလေးအထူးကုပါမောက္ခ အီရန်ပေါက ပြောကြားခဲ့တာဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ဖခင်အသစ်တယောက်ရဲ့နေ့ရက်များ)

 

လုံလောက်တဲ့ အိပ်စက်မှုမရှိတဲ့ ကလေးငယ်လေးတွေဟာ ဘဝရဲ့ နှောင်းပိုင်းမှာလည်း အိပ်စက်မှုကောင်းမရရှိနိုင်ပဲ မိဘတွေအပေါ်မှာလည်း သက်ရောက်မှုရှိတယ်လို့ ပေါက ထပ်ပေါင်းပြောကြားထားပါတယ်။ လေ့လာမှုဟာ မိခင်ပေါင်း ၂၇၉ ယောက်ကို သုတေသနပြုလုပ်ရာက ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံထားတာလည်း ဖြစ်ပါတယ်။

သုတေသနသမားတွေရဲ့ အဆိုအရ သီးသန့်အိပ်တဲ့ ကလေးငယ်တွေဟာ အတူအိပ်တဲ့ ကလေးငယ်တွေထက် ၄၅ မိနစ်ကြာ ပိုမိုရှည်ကြာစွာ အိပ်ရတယ်လို့ ဆိုပါတယ်။ ယခုတွေ့ရှိချက်ကို Pediatrics ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တွေ့ရှိချက်ဟာ အမေရိကန် ကလေးအထူးကုဆိုင်ရာ အကယ်ဒမီ(AAP)က အကြံပြုထားချက်ကို စိန်ခေါ်သလိုရှိနေပြီး အကယ်ဒမီက ကလေးပထမတစ်နှစ်အတွင်း အတူအိပ်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ AAP ဟာ သူ့ရဲ့ အကြံပြုချက်ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်တယ်လို့  သုတေသနကို ပြုလုပ်ခဲ့သူ ပါမောက္ခပေါက ပြောကြားထားပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က