ကြွက်သားထွက်အောင်လေ့ကျင့်တယ်ဆိုတာ အစားအသောက်၊ အနေအထိုင်ကအစ အစစအရာရာဂရုစိုက်ပြီး အားသွန်ခွန်စိုက် လေ့ကျင့်ပေးနိုင်မှ တော်ကာကျတာမျိုးပါ။


ရေကူးကန်မှာ (သို့) ကမ်းခြေမှာ ရေကူးဖို့အင်္ကျ ီချွတ်လိုက်ရင် ကိုယ့်ရဲ့အဆီပိုမရှိ၊ ချပ်ရပ်တဲ့ဝမ်းဗိုက်ကြွက်သားနဲ့ လက်မောင်းကြွက်သားကို လူတကာက အားကျတဲ့အကြည့်နဲ့ငေးမောတာကို သဘောမကျတဲ့သူမရှိပါဘူး။ ဒါပေမယ့် အဲဒီလို ခန္ဓာကိုယ်မျိုးကိုရရှိဖို့ လေ့ကျင့်ရတာလည်းမလွယ်ပါဘူး။ အစားအသောက်၊ အနေအထိုင်ကအစ အစစအရာရာဂရုစိုက်ပြီး အားသွန်ခွန်စိုက် လေ့ကျင့်ပေးနိုင်မှ တော်ကာကျတာမျိုးပါ။ ဒီတစ်ခါမှာတော့ အဆီပိုမရှိသပ်ရပ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ body building လုပ်နေတဲ့ယောကျ်ားလေးတွေအတွက် စားသုံးပေးသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အမဲသား



အမဲသားမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အမဲသားမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ပရိုတိန်းဓာတ်တွေကို သွေးထဲကနေ ကြွက်သားတွေထဲသို့ ကူးပြောင်းပေးတဲ့ဖြစ်စဉ်မှာလည်း အထောက်အကူပြုပါသေးတယ်။ ဒါတင်မကသေးပါဘူး။ အမဲသားထဲမှာပါဝင်တဲ့ ဗိုက်တာမင် ဘီ၊ သံဓာတ်နဲ့ ဇင့်ဓာတ်တွေက ကြွက်သားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်တဲ့ဓာတ်တွေပဲ ဖြစ်ပါတယ်။

၂။ ဆန်ညို

ဆန်ညိုဟာကြွက်သားဖွံံ့ဖြိုးရေးမှာ သွယ်ဝိုက်သောနည်းလမ်းနဲ့ အထောက်အကူပြုနိုင်ပါတယ်။ ဆန်ညိုဟာကျွန်တော်တို့တွေ ကြွက်သားဖွံ့ဖြိုးမှုလေ့ကျင့်ခန်းတွေ လုပ်နေချိန်မှာလိုအပ်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆန်ညိုက ကြွက်သားဖွံ့ဖြိုးမှုနဲ့ အဆီကျခြင်းကိုအထောက်အကူပြုပေးနိုင်တဲ့ သွေးထဲကကြီးထွားမှုဟော်မုန်းတွေကို မြင့်တက်လာစေနိုင်ပါတယ်။



၃။ ဥ



ဒါကတော့ရှင်းပါတယ်။ ဥ (ကြက်ဥ၊ ဘဲဥ) တွေဟာ ကမ္ဘာပေါ်မှာပရိုတိန်းဓာတ်အများဆုံးပေးနိုင်တဲ့ ရင်းမြစ်တွေပါပဲ။ သူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ကြွက်သားတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေလည်း သူ့မှာအပြည့်အဝ ပါဝင်နေပါသေးတယ်။

၄။ ကြက်သား

ကြက်သားဟာလည်း အမဲသားလိုပဲ… ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကြွက်သားလေ့ကျင့်ချိန်မှာ ထိခိုက်ပျက်ဆီးသွားတဲ့ ကြွက်သားတွေကိုပြန်လည်ပြင်ဆင်ဖို့နဲ့ ကြွက်သားအသစ်တွေတည်ဆောက်ရာမှာ အထောက်အကူပေးဖို့ ပရိုတိန်းဓာတ်လုံလောက်နေဖို့ အထူးလိုအပ်ပါတယ်။ ကြက်သားမှာ တခြားအသားတွေထက်စာရင် အဆီပါဝင်မှုနည်းပါးလို့ စားသုံးဖို့ သင့်တော်ပါတယ်။

၅။ ကန်ဇွန်းဥ

ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့သီးနှံတွေထဲမှာတော့ ကန်ဇွန်းဥက အကောင်းဆုံးဆိုတာ ငြင်းဖို့မရှိပါဘူး။ ဒါ့အပြင်ကန်ဇွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝလို့ အစာခြေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ ကန်ဇွန်းဥရဲ့ ဗိုက်တာမင် အေနဲ့ဘီဟာလည်း ကြွက်သား ဖွံ့ဖြိုးရေးမှာ အထောက်အကူပြုနိုင်တဲ့ antioxidant တွေအဖြစ်လည်းလုပ်ဆောင်နိုင်ပါတယ်။

၆။ နို့



ခန္ဓာကိုယ်ကိုအမြန်ဆုံး ချပ်ချပ်ရပ်ရပ်ဖြစ်လိုသူတွေအတွက်တော့ နို့ (နွားနို့၊ ဆိတ်နို့) ဟာအသင့်တော်ဆုံးရွေးချယ်မှုပါပဲ။ နို့ဟာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး ကြွက်သားတစ်ရှူးတွေဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈) မျိုးကို ဖြည့်ဆည့်ပေးနိုင်ပါတယ်။ နောက်ပြီးနို့ထဲမှာပါတဲ့ အဆီဓာတ်က ဝိတ်မတက်စေဘဲ ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါတယ်။

Source: DailyInfographic

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က