တစ်မှေးအိပ်ချိန်က တစ်နာရီမပြည့်သင့်ဘူး။ နေ့လယ်ဘက်အိပ်ထားရင် ညကျ တော်တော်နဲ့အိပ်မပျော်တော့ဘူးလေ။

ညကအိပ်ရေးမဝခဲ့လို့ အလုပ်မှာ ငိုက်နေပြီ။ ကော်ဖီသောက်လည်းမရ၊ လမ်းထလျှောက်လည်းမရ အခြေအနေက မဟန်တော့ဘူး။ ဒီလိုဆိုရင် ၁၅ မိနစ်လောက် တစ်မှေးအိပ်မှပဲ အဆင်ပြေတော့မယ်။ ဒါမှ အိပ်ငိုက်တာပျောက်ပြီး လူလည်းအားတွေရှိလာလိမ့်မယ်။ တစ်မှေးအိပ်ဖို့ လိုလာပြီဆိုရင်တော့ ဒါလေးတွေကို အရင်ဖတ်ထားလိုက်ပါဦး။

 

၁။ အချိန်ကန့်သတ်

အိပ်စက်ခြင်းဆိုင်ရာကျွမ်းကျင်သူတွေကတော့ တစ်မှေးအိပ်ချိန်ဟာ အိပ်ပြီးနောက်ပြန်နိုးလာချိန် ခံစားရမှုအပေါ် ကြီးမားတဲ့သက်ရောက်မှုဖြစ်စေတယ်လို့ ဆိုတယ်။ အားပြန်ပြည့်ဖို့ တစ်မှေးအိပ်ချိန်က အနည်းဆုံး ၁၀ မိနစ်မှ အများဆုံး ၂၆ မိနစ်သာ ဖြစ်သင့်ပါတယ်။ တစ်မှေးအိပ်ချိန်ကြာသွားရင် ညဘက်အိပ်ချိန်ကို ကမောက်ကမဖြစ်သွားစေတယ်။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> မနက်အိပ်ရာထချိန်မှာ လုပ်ဆောင်သင့်တဲ့အလေ့အထတွေ

၂။ အချိန်ကိုညှိထားဖို့လို

ယေဘုယျအားဖြင့်တော့ တစ်မှေးအိပ်ချိန်ဟာ နေ့လယ် ၁ နာရီမှ ၃ နာရီအတွင်း ဖြစ်မယ်ဆို အကောင်းဆုံးပါပဲ။ တကယ်လို့ အိပ်ချိန်မမှန်တဲ့လူတွေအတွက်ဆိုရင်တော့ ပြန်နိုးမယ့်အချိန်ကို ညှိထားဖို့ လိုပါတယ်။ ဥပမာအနေနဲ့ပြောရရင် မနက် ၅ နာရီမှာ အိပ်ရာနိုးတဲ့လူက နေ့လယ် ၁ နာရီမှာ တစ်မှေးအိပ်ပါ၊ မနက် ၆ နာရီမှာ အိပ်ရာထသူတွေကတော့ နေ့လယ် ၁နာရီခွဲဟာ တစ်မှေးအိပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

 

၃။ တသမတ်တည်းထား

ငယ်ငယ်တုန်းကဆိုရင် မိဘတွေက နေ့ခင်းအိပ်ချိန်ကို သတ်မှတ်ပေးထားတယ်။ နေ့တိုင်း အဲ့အချိန်ဆို တစ်ရေးအိပ်ရတာပဲ။ အရွယ်ရောက်သူတွေမှာလည်း ဒီလိုမျိုး တစ်မှေးအိပ်ချိန်လေး တသမတ်တည်းထားရင် ပိုကောင်းတာပေါ့။ ဒါကလည်း လူပေါ်မူတည်ပါသေးတယ်။ နေ့ခင်းတစ်မှေးအိပ်တာကို အလုပ်တိုင်းက ခွင့်ပြုချင်မှ ခွင့်ပြုမှာကိုး။

၄။ ကျောခင်း

လူဆိုတာ အိပ်ပြီဆိုရင် ကျောလေးဆန့်ပြီးအိပ်မှ ကောင်းကောင်းအိပ်ပျော်တတ်တာမျိုးမဟုတ်လား။ ရထားပေါ်မှာ၊ ကားပေါ်မှာ အိပ်ရင် ကောင်းကောင်းအိပ်မပျော်ဘူးလေ။ ဖြစ်နိုင်မယ်ဆိုရင်တော့ မပူလွန်း မအေးလွန်းတဲ့နေရာလေးမှာ မီးပိတ်ပြီး ကျောဆန့်အိပ်တာ အကောင်းဆုံး။

 

၅။ အလုပ်ထဲမှာအိပ်မယ်ဆို

အလုပ်ခွင်ထဲမှာ တစ်မှေးအိပ်မယ်ဆိုရင်တော့ စားပွဲပေါ်ပဲ အိပ်ရမှာပဲ။ ထိုင်လျက်နဲ့ အိပ်ရတာ လွယ်တော့မလွယ်ဘူး။ အပေါ်မှာပြောခဲ့သလို တစ်မှေးအိပ်တာကိုခွင့်ပြုပေးတဲ့ လုပ်ငန်းခွင်တွေဆိုရင် သိပ်ကောင်းတာပေါ့။ လူကိုရော ဦးနှောက်ကိုရော အနားပေးလိုက်တာမို့ နိုးလာရင်အားတွေပြည့်ပြီး အလုပ်ပိုတွင်ကျယ်လာမယ်။

၆။ လမ်းထလျှောက်ပါဦး

တမှေးအိပ်ပြီး နိုးလာရင် လမ်းလေးနည်းနည်းလောက် ထလျှောက်ပါ။ သဘာဝအလင်းရောင်နဲ့ ထိတွေ့လိုက်ရရင် စိတ်တွေလန်းဆန်းသွားမယ်။ အကြောအခြင်တွေလည်း ပြေသွားအောင် အကြောဆန့်လိုက်ပါဦး။

Source : RD

Share

Loading Next Article...
က္က