ရာသီဥတု ပြောင်းလဲမှုဟာလည်း သင့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးပေါ် သက်ရောက်မှု ရှိနေနိုင်တာ ဖြစ်ပါတယ်။
 

ပူပြင်းတဲ့ရာသီဥတုဒဏ်ကလွတ်ပြီး မိုးရာသီကို လုံးလုံးရောက်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မိုးရာသီဟာလည်း ခြင်တွေပေါက်ဖွားလို့ ကောင်းတဲ့ ရာသီဥတုပဲ ဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါကို သတိထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးအချို့မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ မြင့်တက်နေတာ ဖြစ်ပါတယ်။



ဒါ့အပြင် မိုးရာသီမှာ ဝမ်းပျက်ရောဂါ၊ တိုက်ဖိုက်၊ အသည်းရောဂါနဲ့ စတဲ့ ရောဂါဘယတွေဟာ ပိုဖြစ်လွယ်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် မိုးရာသီမှာ နှာစေးချောင်းဆိုးပြီး ပြသနာ ရှိနေနိုင်တာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - လူတွေကို မိုးကြိုးပစ်ပုံပစ်နည်း (၄) မျိုး)

 

မိုးရာသီမှာ သင့်ကျန်းမာရေးအတွက် အစားအသောက်နဲ့ပတ်သက်ပြီး သိထားသင့်တာတွေရှိပါတယ်။

 အခြားရာသီဥတုတွေလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့အစားအစာကို စားပေးဖို့တော့ လိုပါတယ်။ သရက်သီး၊ ပန်းသီး၊ သလဲသီး၊ သစ်တော်သီးစတဲ့ အသီးတွေကိုလည်း စားပေးသင့်ပါတယ်။ သရက်သီး အလွန်အကျွံစားခြင်းကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။ မျက်နှာမှာ အဖုအပိန့်တွေထွက်တာ၊ ဝမ်းလျှောတာတွေ  ဖြစ်တတ်ပါတယ်။ ရာသီစာ အသီးအနှံတွေကို ပိုမိုစားပေးသင့်ပါတယ်။

- ကြက်ဟင်းခါးသီးနဲ့ ခါးတဲ့ အရွက်တွေကိုလည်း စားပေးသင့်ပါတယ်။ ကညွတ်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီတို့ကိုတော့ဒီရာသီမှာ ရှောင်ပေးသင့်ပါတယ်။ ချက်ပြုတ်တဲ့အခါမှာ အသီးအနှံတွေအားလုံးကို ရေသေချာဆေးပြီး ကျက်အောင်ချက်ပြုတ်ဖို့တော့ လိုပါတယ်။ အသီးအရွက်တွေကို အစိမ်းစားတာမျိုးကတော့ ရှောင်ရမှာပါ။ ရောဂါပိုးမွှားအန္တရယ်တွေရှိပါတယ်။ ပြုတ်ထားတာ၊ ရေနွေးစိမ်ထားတာမျိုးကို စားသင့်တာပါ။

 အစာခြေဖို့ခက်တဲ့ ဆီကြော်မုန့်တွေကို ရှောင်ပါ။ မိုးရာသီလိုစိုစွတ်မှု မြင့်မားတဲ့ရာသီဟာ အစာခြေဖျက်မှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ အသားနဲ့ ငါးအလွန်အကျွံစားခြင်းကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အသားနဲ့ငါးတွေကို ပေါင်းထားတာမျိုး၊ စွတ်ပြုတ်လုပ်သောက်တာမျိုးက ပိုအဆင်ပြေပါမယ်။

 ရေတော့ လုံလုံလောက်လောက် သောက်ရမှာ ဖြစ်ပါတယ်။  မိုးရာသီမှာ စံပယ်၊ ဂျင်း၊ လဘက်စိမ်းနဲ့ စတဲ့ လဘက်ရည်တွေကို သောက်ပေးလို့ရပါတယ်။

Photos & Source: Zee News


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က