ပျှမ်းမျှအားဖြင့် ၂၂ မိခန့်ပိုလျှောက်ပြီး ခြေလှမ်းပေါင်း ၂၇၆၀ နီးပါး ပိုလှမ်းကြတယ်။
 

ခွေးတစ်ကောင်ပိုင်ခြင်းဟာ အသက်အရွယ်ကြီးရင့်သူတွေမှာ ကိုယ်လက်လှုပ်ရှားမှု ပိုမိုရှိစေတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။  အသက်အရွယ်ကြီးရင့်သူတွေအတွက်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ညွှန်ကြားထားတဲ့ တစ်နေ့ကို အနည်းဆုံး မိနစ်ပေါင်း ၁၅၀ လှုပ်ရှားမှု ရှိရမယ်ဆိုတဲ့ ပမာဏအတိုင်း လှုပ်ရှားမှုရှိတာ ဖြစ်ပါတယ်။

ခွေးတစ်ကောင်ပိုင်တဲ့ အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေဟာ တစ်နေ့ကို ပျှမ်းမျှအားဖြင့် ၂၂ မိခန့်ပိုလျှောက်ပြီး ခြေလှမ်းပေါင်း ၂၇၆၀ နီးပါး ပိုလှမ်းကြတယ်လို့  သုတေသနကို ပြုလုပ်ခဲ့သူ Glasgow Caledonian တက္ကသိုလ်မှ ဝါရင့် သုတေသနသမား ဖိလစ်ပီဒေါက ပြောကြားထားတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး  - အိပ်ရေးပျက်ခြင်းရဲ့ဆိုးကျိုးများ)

 

ခွေးရှိသူသက်ကြီးပိုင်းတွေဟာ မရှိသူတွေထက် အချိန်ကြာမြင့်စွာ မထတမ်းထိုင်နေတာမျိုး ပိုနည်းတယ်လို့လည်း သုသေတနသမားတွေက တွေ့ရှိခဲ့ပေမယ့် စုစုပေါင်း ထိုင်ချိန်ကို ပြန်ကြည့်လိုက်ရင်တော့ ကွာခြားမှု သိပ်မရှိဘူးလို့ သိရပါတယ်။

"ခွေးပိုင်ရှင်တွေဟာ အခြားသက်ကြီးရွယ်အိုတွေ လမ်းပိုလျှောက်လာဖို့ အားပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိနိုင်တယ်လို့ ကျွန်မတို့ရဲ့ ရလဒ်က ညွှန်းဆိုနေပါတယ်"လို့ သုသေတနမှာ ပါဝင်ခဲ့သူ WALTHAM တိရစ္ဆာန်အစာအဟာရဆိုင်ရာ စင်တာမှ နန်စီဂီး ကလည်း ပြောကြားထားပါတယ်။

 

ခွေးပိုင်ဆိုင်မှုဟာ အသက်ကြီးသူတွေအတွက် ကိုယ်လက်လှုပ်ရှားမှုရှိစေဖို့ နဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရေရှည်ထိန်းနိုင်ဖို့ အကူအညီဖြစ်တာကို  သူတို့ရဲ့ သုတေသနက ထောက်ပြနိုင်ခဲ့တယ်လို့လည်း သုတေသနကို ဦးဆောင်ခဲ့သူ နန်စီဂီးက ပြောကြားထားပါတယ်။

လေ့လာမှုဟာ ခွေးပိုင်ဆိုင်သူ ၄၃ ယောက်ကိုအခြေခံကာ ရရှိလာတဲ့ အချက်အလက်တွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က