ဆီရိုတိုနင်အဆင့်မြင့်မားတဲ့အခါ အခက်အခဲတွေကို စိတ်ခံစားချက် ပိုမိုကောင်းမွန်စွာနဲ့ ဖြေရှင်းနိုင်တာလည်း ဖြစ်ပါတယ်။
 

စိုးရိမ်မှုနဲ့ နေထိုင်ရတာဟာ ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့ ရန်သူတစ်ဦး ကိုယ့်နောက်က အမြဲလိုက်နေသလိုပါပဲ။ ကိုယ့်မလုံခြုံမှုတွေကို ကောင်းကောင်းသိပြီး ဒီရန်သူက အသုံးချဖို့ စီစဉ်နေတယ်လို့ ခံစားရသလိုပါပဲ။ စိုးရိမ်မှုအကြောင်းပြောတဲ့အခါ စိတ်ကို ဘယ်လိုထားရမယ်ဆိုတာမျိုး ပြောကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီအချက်တွေကို သတိမရဘဲ ဖြစ်သွားတတ်ပါတယ်။ သင်ဟာ သာမန်ထက်ကို ပိုစိုးရိမ်တတ်သူ၊ ပူပန်မှု ကြီးတတ်သူဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အချက်လေးတွေကို အရင် ပြုပြင်သင့်ပါတယ်။

၁ - ဗီတာမင်

ဗီတာမင် B6 နဲ့ သံဓာတ်ကလည်း အရေးပါပါတယ်။ဗီတာမင် B6 နဲ့ သံဓာတ်တို့ဟာ ခန္ဓာကိုယ်အတွင်း ဆီရိုတိုနင် (serotonin) ထုတ်လုပ်မှုမှာ အဓိက ကျပါတယ်။ ပျော်ရွှင်မှု ဟော်မုန်းလို့ ခေါ်ကြတဲ့ ဆီရိုတိုနင်ဟာ အပြုသဘောမဆောင်တဲ့ အတွေးတွေကို ဖယ်ရှားရာမှာ အကူအညီဖြစ်တာပါ။ ဆီရိုတိုနင်အဆင့်မြင့်မားတဲ့အခါ အခက်အခဲတွေကို စိတ်ခံစားချက်ပိုမိုကောင်းမွန်စွာနဲ့ ဖြေရှင်းနိုင်တာလည်း ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -အိပ်ရေးပျက်ခြင်းရဲ့ဆိုးကျိုးများ )

 

၂ - ကဖိန်း

ကဖိန်းဓာတ်ဟာလည်း သင့်ကို စိုးရိမ်မှုတွေ ပိုမိုဖြစ်ပွားစေပါတယ်။ ကဖိန်းဓာတ်ဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ ကဖိန်းဓာတ်အမြောက်အများရရှိတဲ့အခါ့ စိုးရိမ်မှုတွေကို ပိုမိုကြီးထွားစေပါတယ်။ အခြေအနေတစ်ခုကို စိုးရိမ်နေရပြီဆို အဆိုပါအခြေအနေပေါ် ပုံမှန်ထက်ပိုမိုတုံ့ပြန်ဖို့ သင့်ကို လှုံ့ဆော်နေတာကြောင့် ဖြစ်ပါတယ်။ ကဖိန်းဓာတ်ပါတဲ့အစားအသောက်တွေကို အထူးသတိထားသင့်ပြီး ကော်ဖီနဲ့ အားဖြည့်အချိုရည်တွေကို ပိုမိုလျှော့ချသောက်သုံးသင့်ပါတယ်။

၃ - အရောင်အသွေး

စိုးရိမ်မှုကို အားမပေးတဲ့ အရောင်အသွေးမျိုးတွေ သင့်ပတ်ဝန်းကျင်မှာ ဝန်းရံထားပေးဖို့ လိုပါတယ်။ သင့်အလုပ်မှာ၊ သင့်အိမ်နံရံမှာ တည်ငြိမ်အေးဆေးတဲ့ အရောင်မျိုးတွေနဲ့ ပတ်ဝန်းကျင်ကို ပြင်ဆင်ထားဖို့ လိုပါတယ်။ အဝတ်အစားဝတ်ဖို့ အရောင်ရွေးချယ်တဲ့အခါမျိုးမှာလည်း တည်ငြိမ်အေးဆေးတဲ့ အရောင်မျိုးကိုပဲ ရွေးရမှာပါ။

 

၄ - ကိုယ်လက်လှုပ်ရှားမှု

ကိုယ်လက်လှုပ်ရှားမှုရှိတာကလည်း စိတ်ဖိစီးမှုတွေနဲ့ လိုတာထက် ပိုမိုစိုးရိမ်တတ်မှုတွေကို လျော့ကျစေပါတယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု မိနစ် ၂၀ ခန့် အနည်းဆုံး ရှိသင့်တာလည်း ဖြစ်ပါတယ်။  ကိုယ်လက်လှုပ်ရှားမှု ရှိတဲ့အခါ  ဆီရိုတိုနင်တွေ အလုပ်လုပ်ပုံပေါ်ကိုလည်း သက်ရောက်တာ ဖြစ်ပါတယ်။ သုတေသနတွေအရ စိတ်ခံစားမှု ပိုမိုကောင်းမွန်စေပြီး စိုးရိမ်မှုတွေကိုလည်း လျော့ပါးစေတယ်လို့ ဆိုပါတယ်။

Photos & Source: Psychology Today

Share

Loading Next Article...
က္က