ကျွန်တော်တို့ရဲ့ခြေထောက်တွေကို တခြားကိုယ်အင်္ဂ ါအစိတ်အပိုင်း တွေလောက် ကျွန်တော်တို့ ဂရုစိုက်မိပါသလား။


ခြေထောက်ဆိုတာ အလွန်အသုံးဝင်တဲ့ ကိုယ်လက်အင်္ဂ ါအစိတ်အပိုင်းတစ်ခုပါပဲ။ သူ့ကြောင့်ပဲ ကျွန်တော်တို့တွေ သွားလာနိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ခြေထောက်တွေကို တခြားကိုယ်အင်္ဂ ါအစိတ်အပိုင်း တွေလောက် ကျွန်တော်တို့ ဂရုစိုက်မိပါသလား။ မိန်းကလေးတွေဆိုရင် ဆံပင်ကိုအလှပြင်မယ်။ မျက်နှာကိုအလှပြင်မယ်။ လက်သည်းအလှပြင်မယ်။ ဒါပေမယ့် ကိုယ့်ခြေထောက်လေးတွေ ဘာဖြစ်နေလဲဆိုတာကိုတော့ သိပ်ဂရုမထားမိတတ်ကြပါဘူး။ တကယ်တမ်းကျတော့ ခြေထောက်လေးတွေက ကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြောပြနေတာလေးတွေရှိပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံး ကျန်းမာစေဖို့ အတွက် ကျွန်တော်တို့တွေရဲ့ခြေထောက်တွေနဲ့ပတ်သက်တဲ့ အောက်ပါအချက်လေးတွေကို ဂရုစိုက်လိုက်ကြရအောင်။
၁။ အရမ်းကျပ်လွန်းတဲ့ အသားကပ်ခြေအိတ်တွေဝတ်ဆင်တာ

 

မိန်းကလေးတွေဆိုတော့ အလှကြိုက်မှာပါ။ Stocking လို့လူသိများတဲ့ အသားကပ်ခြေအိတ်တွေက လူကြိုက်များပြီး ဖက်ရှင်လည်းကျပါတယ်။ ဒါပေမယ့် အရမ်းကျပ်လွန်းတဲ့အသားကပ်ခြေအိတ်တွေက ပေါင်တံတွေရဲ့အလှကို ပေါ်လွင်စေတာမှန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ခင်ဗျားခြေထောက်ရဲ့သွေးလည်ပတ်မှုကို ရပ်တန့်စေလို့ပါပဲ။ ဒါ့အပြင် ဒူးအကွေး အဆန့် ပြုလုုပ်ရလည်း ခက်ခဲစေပါတယ်။

၂။ ရှူးဖိနပ်ကို တစ်ချိန်လုံးလိုလိုစီးထားတာ

ရှူးဖိနပ်စီးတာက ပြဿနာမဟုတ်ပါဘူး။ အချိန်အကြာကြီးတောက်လျှောက်စီးထားတာကမှ ပြဿနာပါ။ ကိုယ့်ခြေထောက်လေးတွေကို လေဝင်လေထွက်ကောင်းအောင် ထားသင့်ပါတယ်။ ရှူးဖိနပ်ကြီးပဲ တောက်လျှောက်စီးထားမယ်ဆိုရင် ခြေဖဝါးအောက်က အပူတွေကအပြင်ထွက်ခွင့်မရတဲ့အတွက် အပေါ်ကို ပြန်တက်ပါတော့တယ်။ မျက်စိမှုန်ခြင်းဟာ အချိန်ဖြည့် ရှူးဖိနပ်စီးခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေရုံးကို ခြေညှပ်ဖိနပ်စီးသွားတာက အကြံကောင်းပါပဲ။

၃။ ခြေထောက်အနံ့ဆိုးတွေကို ဂရုမထားတာ

ခြေထောက်အနံ့ဆိုးတွေထွက်တာက ပတ်ဝန်းကျင်ကိုပဲ အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး။ ကိုယ့်ကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ခြေထောက်က အနံ့ဆိုးတွေထွက်တယ်ဆိုတာ စိတ်ဖိစီးမှုတွေများနေတယ်ဆိုတဲ့ အဓိပ္ပာယ်တစ်ခုပါပဲ။ ဒါကြောင့် အလုပ်ကနေအိမ်ပြန်လာချိန်တွေဆို ခြေထောက်ဆေးပေးဖို့ အမြဲသတိရပါ။ မျက်နှာသစ်ဖို့တော့ မမေ့ဘူးဟုတ်။ ဒီလိုပဲ ခြေထောက်ကိုပဲပုံမှန်ဆေးပေးလိုက်ပါ။

၄။ အိမ်ထဲမှာခြေဗလာနဲ့လမ်းလျှောက်တာ

 

အိမ်ထဲမှာနေရင် ခြေထောက်မှာတစ်ခုခုစီးထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်ခင်ဗျားကိုသက်တောင့်သက်တာရှိစေမယ့် ခြေညှပ်ဖိနပ်လေးတွေစီးထားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထဲမှာနေရင် သံမံတလင်းက အအေးဓာတ်တွေက လူကိုအအေးမိစေနိုင်လို့ပါပဲ။

၅။ ခြေထောက်ယောင်ရမ်းခြင်းကိုဂရုမစိုက်တာ

ခြေထောက်လေးတွေ ယောင်ရမ်းနေမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ ဒါဟာ ကျောက်ကပ်ပျက်ဆီးခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်မပေါ့ဆဘဲနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသ သင့်ပါတယ်။

၆။ အဝါရောင်ခြေသည်းတွေကို ဂရုမစိုက်တာ

 

ကျွန်တော်တို့ရဲ့လက်သည်းတွေကို ဂရုစိုက်သလိုပဲ ခြေသည်းတွေကိုလည်းဂရုစိုက်သင့်ပါတယ်။ ခြေသည်းတွေဝါနေတယ်ဆိုတာ lymphedema ဆိုတဲ့ရောဂါတစ်မျိုးရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲနဲ့ ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က