အိပ်မပျော်ရင်လည်း ဒီလိုလုပ်လို့ရတယ်။ ဝက်ခြံပေါက်ရင်လည်း ဒီအတိုင်းပဲ....
 

ခေါင်းတွေကိုက်လိုက်တာ... နေပူလိုက်၊ မိုးရွာလိုက်နဲ့ ခေါင်းကိုက်ရတာမျိုး။ အလုပ်တွေများ စိတ်တွေရှုပ်လို့ ခေါင်းကိုက်တာကတစ်ဖုံ မျိုးစုံပါပဲ။ အိပ်ရေးမဝရင်လည်း ခေါင်းကိုက်တတ်သေးတယ်။ ခေါင်းကိုက်ပျောက်ဆေးတွေ အများကြီးမသောက်ပါနဲ့။ သဘာဝအတိုင်း ခေါင်းကိုက်ပျောက်စေမယ့်နည်း ရှိပါတယ်။

 

ကြက်သွန်ဖြူက ခေါင်းကိုက်ပျောက်စေတယ်လို့ ပြောရင် ယုံပါ့မလားနော်။ အိမ်မှာ ဟင်းချက်ရင်ထည့်သုံးဖို့ထားတဲ့ ကြက်သွန်ဖြူက ခေါင်းကိုက်တာကို တကယ်ပျောက်စေပါတယ်။ ကိုယ်တိုင် လက်တွေ့စမ်းဖူးပြီးသားမို့ ပြောပြရတာပါ။

 

နည်းလမ်းကလည်း အလွယ်လေးရယ်။ ကြက်သွန်ဖြူကို နည်းနည်းလောက် ထုထောင်းပေးလိုက်တဲ့အခါ အဆီတွေထွက်လာပါလိမ့်မယ်။ ကြက်သွန်ဖြူဆီက ခေါင်းကိုက်ပျောက်စေတာပါ။ ထုလိုက်တဲ့အခါ ထွက်လာတဲ့ ကြက်သွန်ဖြူအဆီကို စက္ကူလေးမှာသုတ်၊ ပြီးရင် စက္ကူလေးကို နားထင်နားမှာ ကပ်ထားလိုက်ရုံပဲ။ ခနနေရင် ခေါင်းကိုက်တာ သက်သာသွားလိမ့်မယ်။ ဆံပင်တွေနဲ့မထိမိစေနဲ့ပေါ့။ အနံ့စွဲမှာစိုးလို့....။

Share

Loading Next Article...
က္က