ကျွန်တော်တို့ စားသုံးနေတဲ့ လိုင်ချီးသီးထဲမှာ ဒီကျန်းမာရေးကောင်းကျိုးတွေ ပါဝင်နေပါတယ်။


မနက်ဈေးသွားရင်း သစ်သီးတန်းထဲမှာ တွေ့တာပဲဖြစ်ဖြစ်၊ City Mart ထဲ၊ Market Place ထဲ ဝင်မွှေရင်း တွေ့တာပဲဖြစ်ဖြစ် ရာသီစာ လိုင်ချီးသီးလေးတွေကို တွေ့မိ၊ ဝယ်စားမိကြမှာပါ။ အပြင်ခွံလေးကို ခွဲလိုက်ရင်အထဲက အဖြူရောင်အသားလေးထွက်လာတဲ့ လိုင်ချီးသီးချိုချိုလေးကို ကျွန်တော်တို့တွေ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ လိုင်ချီးသီးမှာ ဘာကျန်းမာရေးကောင်းကျိုးတွေရှိနေလဲဆိုုတာကိုတော့ သတိမပြုမိခဲ့ကြပါဘူး။ အောက်မှာ လိုင်ချီးသီးစားရင်ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်

ဗိုက်တာမင် စီကြွယ်ဝတဲ့ လိုင်ချီးသီးဟာ ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးရာမှာ အဓိကနေရာကပါဝင်နေပါတယ်။ ဗိုုက်တာမင်စီက သွေးဖြူဥဆဲလ်တွေကို ခန္ဓာကိုယ်ထဲဝင်လာတဲ့ ပြင်ပအရာတွေကိုတိုက်ထုတ်ပေးဖို့ လှုံ့ဆော်ပေးပါတယ်။



၂။ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်

လိုင်ချီးသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီအမျှင်ဓာတ်တွေက အစာခြေလမ်းကြောင်းအတိုင်း ချောမွေ့စွာဖြတ်သန်းသွားခြင်းဖြင့် အစာခြေလမ်းကြောင်းကို ရှင်းလင်းစေပါတယ်။ ဒါ့အပြင် အစာအိမ်နဲ့ ဝမ်းဗိုက်အောင့်ခြင်းပြဿနာတွေကိုလည်း လျော့နည်းစေပါတယ်။

၃။ သွေးလည်ပတ်မှုကို ပိုမိုအားကောင်းစေတယ်

လိုင်ချီးသီးမှာ ကော့ပါးဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် သွေးလည်ပတ်မှုကိုအားကောင်းစေပါတယ်။ သံဓာတ်လိုပဲ ကော့ပါးဓာတ်က သွေးနီဥဆဲလ်တွေ ဖြစ်ပွားစေဖို့ တာဝန်ရှိပါတယ်။ သွေးနီဥများလေလေ၊ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လေလေဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေနဲ့ ဆဲလ်တွေမှာ အောက်ဆီဂျင်ဓာတ်ပြုမှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

၄။ သွေးဖိအားကို ကောင်းမွန်စေပါတယ်

 

လိုင်ချီးသီးဟာ ကိုယ်တွင်းအရည်မျှတမှုကို ထိန်းသိမ်းပေးခြင်းဖြင့် သွေးဖိအားကို လျော့နည်းစေပါတယ်။ သူက ပိုတက်စီယမ်ကြွယ်ဝပြီး ဆိုဒီယမ်ပါဝင်မှုနည်းပါးတော့ သွေးဖိအားကို ကောင်းမွန်စေပါတယ်။

၅။ အသားအရေလှပစေတယ်

လိုင်ချီးသီးက အိုမင်းလွယ်ခြင်းနဲ့ အရေပြားပေါ်ကအစက်အပြောက်တွေကို ကူညီတိုက်ထုတ်ပေးပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ ခန္ဓာကိုယ်ထဲမှာ free radical တွေ များလွန်းနေတာကြောင့်ပါပဲ။ လိုင်ချီးသီးထဲမှာပါတဲ့ ဗိုက်တာမင်စီက free radical တွေကိုတိုက်ထုတ်ဖို့ antioxidant တစ်မျိုးအဖြစ် လုပ်ဆောင်ပေးပါတယ်။

၆။ ကိုယ်အလေးချိန်ကျဆင်းစေတယ်

လိုင်ချီးသီးက အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအသောက်တစ်မျိုးဖြစ်တဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းရေးမှာလည်း အဓိကနေရာက ပါဝင်နေပါတယ်။ လိုင်ချီးသီးမှာ ရေဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျဆင်းရေးမှာ တစ်တပ်တစ်အားဖြစ်စေတာအမှန်ပါပဲ။ သူ့မှာ ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။

Source: Food.ndtv


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က