စိတ်ငြိမ်ဆေး သောက်သုံးသူတွေဟာ အခြားလူတွေထက် ပိုမိုချွေးထွက်များတာ ဖြစ်ပါတယ်။
 

အသက် ၄၀ လောက်ရောက်တဲ့အခါ သင့်ရဲ့ ချွေးထွက်နှုန်းဟာ ပိုများလာတတ်ပါတယ်။ ညဘက်နိုးလာတဲ့အခါ ချွေးတွေ စိုရွှဲနေတာကို တွေ့ရတတ်ပါတယ်။ ဒီလိုချွေးထွက်များရခြင်းဟာ အောက်ပါအကြောင်းအရာတွေကြောင့် ဖြစ်နေတတ်ပါတယ်။

၁ - ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး

 ဆေးတွေကို ရေရှည်စွဲသောက်နေရသူတွေဆိုရင်လည်း ချွေးတွေ ပိုထွက်လာမှာပါ။ အကိုက်အခဲပျောက်ဆေး၊ သွေးတိုးကျဆေး၊ နှလုံးဆေး၊ စိတ်ငြိမ်ကျဆေးနဲ့ စတဲ့ဆေးဝါးတွေကြောင့် ချွေးထွက်များနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ငြိမ်ဆေး သောက်သုံးသူတွေဟာ အခြားလူတွေထက် ပိုမိုချွေးထွက်များတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - မျက်လုံးခြောက်တတ်သူတွေ သိသင့်တဲ့အချက် (၅) ချက်)

 

၂ - ဆီးချိုသွေးချို

ဆီးချိုသွေးချိုဟာလည်း ချွေးထွက်များခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၄၅ ဝန်းကျင်မှာ ပိုမိုအဖြစ်များပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ခန္ဓာကိုယ်ကဝလွန်းနေတယ်ဆိုရင် ဆီးချိုသွေးချို ဖြစ်ပွားဖို့ အလွန် အလားအလာများပါတယ်။

၃ - သိုင်းရွိုက်

သိုင်းရွိုက် တက်ကြွမှုများလာတာကလည်း ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အရှိန်မြှင့်ပေးပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းတာ၊ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေရှိတာ၊ အလွန်အကျွံ ချွေးထွက်တာတွေ ဖြစ်ပွားလာပါတယ်။ သိုင်းရွိုက်ပုံမှန်မဟုတ်တာဟာ အမျိုးသမီးတွေမှာ အသက် ၄၀ ဝန်းကျင်မှာ ဖြစ်ပွားလာတတ်ပါတယ်။

 

၄ - အိပ်စက်မှု

ချွေးတွေ ရွဲနစ်ပြီးနိုးလာတာ ဖြစ်ပါတယ်။ အိပ်နေချိန်မှာ အသက်ရှုလမ်းကြောင်း ပိတ်ဆို့မှုတွေဖြစ်လာပြီး ချွေးတွေရွှဲနစ်ကာ နိုးလာတာပါ။ အဆိုပါ ဖြစ်စဉ်ဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။ အမျိုးသမီးတွေကတော့ သွေးဆုံးချိန်မှာ ပိုမိုဖြစ်ပွားတတ်တာပါ။

၅ - ရောဂါကြီးတစ်ခု

ရောဂါကြီးတစ်ခု ဖြစ်ပွားချိန်မှာလည်း ညဘက်ချွေးအလွန်အကျွံထွက်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တီဘီ၊ နှလုံးအဆို့ရှင် ရောင်ရမ်းခြင်းနဲ့ စတဲ့ ရောဂါလက္ခဏာတွေဟာ ချွေးအလွန်အကျွံထွက်တတ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က