အထိုင်များတဲ့လူတွေ ကျန်းမာရေးအရ ဒီဆိုးကျိုးလေးတွေ ဖြစ်စေနိုင်ပါတယ်။


ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ အလုပ်တော်တော်များများက ကွန်ပျူတာရှေ့မှာပဲထိုင်လုပ်လာရတာများလာပါတယ်။ အရင်ခေတ်တုံးက ဈေးရောင်းချင်ရင် တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ရောင်းတာတို့၊ ဈေးသွားရောင်းတာတို့လုပ်ရပေမယ့် ဒီခေတ်မှာတော့ ကွန်ပျူတာရှေ့မှာထိုင်ပြီး အွန်လိုင်းဈေးဆိုင်ပေါ်ကနေ ထိုင်ရောင်းရုံပါပဲ။ ဒါ့အပြင် e-sport ဆိုတာလည်း ခေတ်စားလာပြီး လူငယ်တော်တော်များများ ကွန်ပျူတာရှေ့မှာအချိန်ကုန်ဆုံးတာလည်း ပိုများလာပါတယ်။ အကျိုးဆက်အနေနဲ့ လူတော်တော်များများ အထိုင်များလာပါတယ်။ အထိုင်များတယ်ဆိုတာ တကယ်တော့ ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ အထိုင်များရင် ဘာတွေဖြစ်နိုင်မလဲဆိုတော့...

၁။ ဦးနှောက်ကို ထိခိုက်စေတယ်

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကိုလှုပ်ရှားတယ်ဆိုတာ ဦးနှောက်ထဲကို သွေးနဲ့အောက်ဆီဂျင်တွေကောင်းကောင်းလည်ပတ်နိုင်အောင်လို့ပါပဲ။ အထိုင်များတဲ့လူတွေကျတော့ ဦးနှောက်ထဲကို သွေးနဲ့ အောက်ဆီဂျင်ရောက်အောင် မပို့နိုင်တာကြောင့် ပုံမှန်မတွေးခေါ်နိုင်တော့ဘဲ လုပ်ရည်ကိုင်ရည်ကျလာပါတယ်။

၂။ ကျောကုန်းကို ထိခိုက်စေတယ်

 

လူတော်တော်များများ ခါးနာခါးကိုက်ဖြစ်ရခြင်းရဲ့အကြောင်းရင်းတစ်ခုကတော့ အထိုင်များတာကြောင့်ပါပဲ။ အထိုင်များရင် ခါးနာမယ်။ ကျောရိုးအောင့်မယ်။ ဗိုက်အောင့်မယ်။ လှုပ်လှုပ်ရှားရှား လုပ်ပေးခြင်းက ခါးရိုးထဲမှာရှိတဲ့ အရိုးဆက်လေးတွေကိုလှုပ်ရှားစေတာပြီး အထိုင်များရင် ခါးရိုးဆက်လေးတွေ လှုပ်ရှားမှုနည်းတာကြောင့် ခါးနာ၊ ကျောအောင့်ဖြစ်စေပါတယ်။

၃။ ကြွက်သား နာကျင်စေမယ်

 

ထိုင်နေမယ်ဆိုရင် ဝမ်းဗိုက်ကြွက်သားတွေကိုလှုပ်ရှားဖို့မလိုပါဘူး။ အဲဒီလိုဝမ်းဗိုက်ကြွက်သားတွေကို အသုံးမပြုဘဲ အချိန်အကြာကြီးနေမယ်ဆိုရင် လူကလေးလံထိုင်းမှိုင်းလာပြီး ကြွက်သားနာကျင်မှုတွေ ဖြစ်လာစေပါတယ်။ နောက်ပြီးအထိုင်များခြင်းက လှုပ်ရှားမှုကိုကန့်သတ်ထိန်းချုပ်ထားတာကြောင့် ခါးနဲ့ကျောရိုးကြွက်သားတွေမှာလည်း နာကျင်စေပါတယ်။

၄။ ကိုယ်တွင်းကလီစာတွေ ပျက်ဆီးယိုယွင်းစေပါတယ်

အချိန်အကြာကြီးထိုင်နေခြင်းက နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အူမကြီးကင်ဆာတို့ကို ဖြစ်ပွားနိုင်ခြေ ပိုများစေပါတယ်။ ဘာကြောင့်လဲဆိုတော့ အထိုင်များခြင်းက အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပေးပြီး ကိုယ်တွင်းကလီစာတွေဆီ သွေးပို့လွှတ်ပေးမှုကို နှေးကွေးစေပါတယ်။ အင်ဆူလင်များပြားခြင်းက ကိုယ်အလေးချိန်ကိုလည်းတိုးစေပြီး ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလည်း ပိုများစေပါတယ်။

Share

Loading Next Article...
က္က