Thurein Tun

၁ - သွေးလွန်တုပ်ကွေးရောဂါ

zika_mosquito_5_things_2.jpeg 

ရန်ကုန်တိုင်းမှာ နှစ်စကနေ ဇွန်လပထမပတ်အထိ ဖြစ်ပွားသူ ၁,၅၂၀ဦးရှိကာ သေဆုံးသူကိုးဦးအထိရှိနေပါတယ်။ သေဆုံးမှုတွေထဲမှာ ကလေးငယ်အများဆုံးဖြစ်ပြီး အသက်(၁)နှစ်အရွယ် ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

 သွေးလွန်တုပ်ကွေး မဖြစ်ပွားစေဖို့ အိမ်တိုင်းမှာ ခြင်ကျား၊ လောက်လမ်းတစ်ကောင်မျှ မရှိစေရေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဆိုပါရောဂါကြောင့် သေဆုံးမှု မရှိစေဖို့ ဖျားရာမှရုတ်တရက် အ ဖျားကျကာ ခြေဖျား၊လက်ဖျား အေးစက်ခြင်း၊ မှိန်းခြင်း(သို့) ဂနာမငြိမ်ဖြစ်ခြင်း၊ အစာမစား၊ ရေမ သောက်ခြင်းနှင့် နှာခေါင်းသွေးယိုခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဗိုက်နာခြင်း(အသည်းကြီးခြင်း)၊ မကြာခဏအန်ခြင်း၊ ဆက်တိုက်အန်ခြင်း၊ အန်တဲ့အထဲမှာ ကော်ဖီစေ့ရောင်အညို၊ အမည်း အဖတ်တွေပါခြင်း စတဲ့ လက္ခဏာတစ်ခုခုဖြစ်ပေါ်ပါက ဆေးရုံသို့ အမြန်ဆုံးပို့ဖို့ လိုပါတယ်။

၂ - ရာသီတုပ်ကွေး

0D6CE53B00000514-0-image-a-1_1444046773273.jpg 

 ကမ္ဘာပေါ်မှာ လူကြီး ၁၀ ရာခိုင်နှုန်းနဲ့  ကလေး ၃၀ ရာခိုင်နှုန်းဟာ တုပ်ကွေးရောဂါ ကူးစက်ခံနေရပါတယ်။မိုးဦးကျကာလ ဇွန်၊ ဇူလိုင်လတွေမှာ စတင်ဖြစ်ပွားတာပါ။တုပ်ကွေးဖြစ်ရင်  အဖျား ၁၀၂၊ ၁၀၃ ရှိမယ်။ ချက်ပတ်လည် နာမယ်။ ရင်ညွန့်နာမယ်ဆိုရင်တော့ သေချာပေါက်တုပ်ကွေးဖြစ်ပါတယ်။

ကလေးဘာမှ မစားဘဲ ခွေနေရင် အစာများများဝင်အောင် ကျွေးရပါမယ်။ သုံးရက်မြောက်နေ့မှာ မှိုင်နေပြီဆိုရင်တော့ သတိထားရမှာ ဖြစ်ပါတယ်။ အဆိုပါ တုပ်ကွေးရောဂါဟာ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -မျက်လုံးခြောက်တတ်သူတွေ သိသင့်တဲ့အချက် (၅) ချက် )

၃ - ဝမ်းပျက်ဝမ်းလျှောရောဂါ

4.jpg 

ကမ္ဘာတစ်ဝန်း သေဆုံးမှုအများဆုံးအကြောင်းရင်း ၁၀ ခုထဲမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါ ပါဝင်ပါတယ်။မြန်မာနိုင်ငံမှာ တစ်နှစ်ကို ကလေးသူငယ်ပေါင်းတစ်သောင်း နှစ်ထောင်ခန့်ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးနေရပြီး (၅)နှစ်အောက် ကလေးသေဆုံးမှုရဲ့  ဒုတိယအများဆုံးလည်း ဖြစ်ပါတယ်။လူဦးရေတစ်သိန်းမှာ ၇၀၀ ခန့်ဟာ အဆိုပါရောဂါဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အစားအစာမသန့်ရှင်းမှုတွေကတစ်ဆင့် ကူးစက်တတ်တာ ဖြစ်ပါတယ်။ ဝမ်းရောဂါဖြစ်တဲ့အခါ ရေဓာတ်ဆုံးရှုံးမှုအတွက် ဘီပီအိုင်ဓာတ်ဆားရည်သောက်ပေးဖို့လည်း လိုပါတယ်။ ကာကွယ်နိုင်သည့် နည်းလမ်းတွေဟာ ယင်လုံအိမ်သာအသုံးပြုခြင်း၊ ယင်ပေါက်ဖွားမှု မရှိစေဖို့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ခြင်း၊ အစားအစာတွေကို ယင်မနားစေဖို့ ဖုံးအုပ်ခြင်း၊ ရေကျိုချက်သောက်ခြင်း၊ ဆပ်ပြာနှင့် လက်ဆေးခြင်းတွေ ဖြစ်ပါတယ်။ အော့အန်ခြင်း၊ အရည်ဝမ်းသွာ ခြင်း၊ အင်အားကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပွားကာ အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။

၄ - နမိုးနီးယား(ခ) အဆုတ်အအေးမိရောဂါ(ခ) အဆုတ်ရောင်ရောဂါ

excessive-rain.jpg 

မြန်မာနိုင်ငံရှိ (၅)နှစ်အောက် ကလေးငယ်သေဆုံးမှု ၁၂ ရာခိုင်နှုန်းဟာ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းနဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့်  ဖြစ်တယ်လို့  ကျန်းမာရေးစစ်တမ်းမှာ ဖော်ပြထားပါတယ်။

နမိုးနီးယား(ခ) အဆုတ် ရောင်ရောဂါဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတဲ့  ရောဂါတစ်မျိုးဖြစ်ပါတယ်။ဆေးလိပ်ငွေ့၊ မီးသွေးငွေ့၊ မော်တော်ကားအိတ် ဇောငွေ့၊ စက်ရုံမီးခိုးငွေ့စသည့် လေထုညစ်ညမ်းမှုများကြောင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပိုးဝင်ရာမှ ကူးစက်တတ်ပြီး အဆိုပါပိုးသယ်ဆောင်ထားသူ ချောင်း ဆိုးရာမှ ကူးစက်နိုင်တာ ဖြစ်ပါတယ်။

ရောဂါပြင်းထန်ရင် ၂၄ နာရီအတွင်း သေဆုံးနိုင်ပြီး ချောင်းဆိုးရုံသာမက အဖျားကြီးခြင်း၊ ရင်ဘတ်အောက်ချိုင့်ဝင်ခြင်း၊ နို့မစို့ခြင်း၊ တက်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ရှိနေတယ်ဆိုရင် ဆေးရုံတင်ကုသဖို့ လိုတာ ဖြစ်ပါတယ်။

Photos & Source : 7Day Daily


က္က