ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာအတွင်းခံဘောင်းဘီမဝတ်ရေးနေ့ ဖြစ်ပါတယ်။ အတွင်းခံဘောင်းဘီမဝတ်ခြင်းမှာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိနေပါသေးတယ်။


အပြည်ပြည်ဆိုင်ရာအတွင်းခံဘောင်းဘီမဝတ်ရေးနေ့ (International No Panty Day) ဆိုတာကို (၂၀၁၂) ခုနှစ်လောက်က အင်တာနက်ပေါ်မှာ trend တစ်ခုအနေနဲ့စနောက်ကြရာကနေ အတည်ကြီးဖြစ်လာပြီး တစ်ကမ္ဘာလုံးဆင်နွှဲကြတဲ့နေ့တစ်နေ့ ဖြစ်လာပါတယ်။ ဒီနေ့ကိုကျင်းပရခြင်းရဲ့ရည်ရွယ်ချက်ကလည်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးရှိစေဖိုု့ပဲ ဖြစ်ပါတယ်။

ရှေးရိုးစွဲယုံကြည်မှုတွေ၊ ယဉ်ကျေးမှုစံနှုန်းတွေကိုခဏလောက်ပစ်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးနေထိုင်နိုင်အောင် ဦးတည်လိုက်တဲ့အထိန်းအမှတ်နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာပါဝင်ဆင်နွှဲချင်ရင် လွယ်လွယ်လေးပါပဲ။ ဒီနေ့တစ်နေကုန် အတွင်းခံဘောင်းဘီဝတ်မလာခဲ့ဖို့ပါပဲ။ နောက်ပြီး ဒီနေ့က မိန်းကလေးတွေနဲ့ပဲသက်ဆိုင်တဲ့နေ့မဟုတ်ပါဘူးတဲ့။ ယောကျ်ားလေးတွေလည်း ပါဝင်ဆင်နွှဲလို့ရပါတယ်။


နောက်ပြီး တကယ်တော့ အတွင်းခံဘောင်းဘီမဝတ်ခြင်းမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေပါသတဲ့။ အဲဒါတွေက ဘာတွေလဲဆိုတော့...

၁။ လေဝင်လေထွက်ကောင်းမွန်မယ်

 

အတွင်းခံဘောင်းဘီတွေနဲ့ပတ်သက်တဲ့ ပြသနာတစ်ခုကတော့ လေဝင်လေထွက်ကိုပိတ်ဆို့တာပါပဲ။ VSPOT spa က Dr. Carolyn Delucia က ဘာပြောလဲဆိုရင် "အတွင်းခံဘောင်းဘီတွေမှာ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ လေဝင်လေထွက်ကောင်းမွန်ဖို့ပါပဲ" တဲ့။

လေဝင်လေထွက်ကောင်းမွန်မှသာ မျိုးပွားအင်္ဂါအဖွဲ့အစည်းက အစိတ်အပိုင်းတွေကို သက်တောင့်သက်သာရှိစေမှာပါ။ ဒါကြောင့်အောက်ခံဘောင်းဘီရွေးချယ်မယ်ဆိုရင် ချည်နဲ့လုပ်ထားတာလေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်တဲ့။ တစ်ရက်တလေ လုံးဝမဝတ်တာတော့ အကောင်းဆုံးပဲပေါ့။

၂။ ညအိပ်ချိန်မှာ ချွေးပေါက်တွေကိုကျယ်စေမယ်

 

နေ့ခင်းဘက်အချိန်မှာ အတွင်းခံဘောင်းဘီကိုမချွတ်ချင်ရင်တောင် ညအိပ်ရင်တော့ ချွတ်အိပ်သင့်ပါတယ်။ ညအိပ်ချိန် အတွင်းခံဘောင်းဘီချွတ်အိပ်ခြင်းက အောက်ပိုင်းက ချွေးပေါက်လေးတွေကို ပွင့်စေပြီး ကျန်းမာရေးအတွက်ကောင်းပါတယ်တဲ့။ တကယ်လို့ချွေးတွေတအားထွက်နေရင် ဘက်တီးရီးယားပိုးမွှားတွေခိုအောင်းနိုင်ပြီး ပိုးမွှားကူးစက်နိုင်ခြေရှိပါတယ်။

၃။ ဘက်တီးရီးယားတွေကူးစက်နိုင်ခြေနည်းပါးမယ်

အသားကပ်အတွင်းခံဘောင်းဘီတွေကို ဝတ်ဆင်ရတာနှစ်သက်သူဆိုရင် မဝတ်ခင်ပြန်စဉ်းစားကြည့်ပါဦး။ "အသားကပ်အတွင်းခံဘောင်းဘီတွေက စအိုနေရာကဘက်တီးရီးယားတွေကို မျိုးပွားအင်္ဂါဘက်ခြမ်းရောက်အောင် အထောက်အပံ့ပေးနိုင်ပါတယ်" လို့ VSPOT spa တည်ထောင်သူ Cindy Barshop က ဆိုပါတယ်။ ဒါကြောင့် တစ်ခါတလေအတွင်းခံဘောင်းဘီမဝတ်တာက ပိုကောင်းပါတယ်။

၄။ မှိုစွဲခြင်းကို ကာကွယ်ပေးတယ်

"အောက်ပိုင်းနေရာတွေကိုလေဝင်လေထွက်ကောင်းမွန်စေဖို့က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အတွင်းခံဘောင်းဘီထဲမှာခိုအောင်းနေတဲ့ စိုထိုင်းမှုကိုရပ်တန့်ပေးပြီး စိုထိုင်းမှုကတဆင့် ဖြစ်စေတဲ့ မှိုစွဲခြင်းနဲ့အရေပြားယားယံခြင်းကိုလည်း ဖြစ်မလာအောင်ကာကွယ်ပေးပါတယ်" လို့ Barshop က ဆိုပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ပွတ်တိုက်အားကိုလျော့နည်းစေတယ်

တကယ်လို့အတွင်းခံဘောင်းဘီတွေက ချွေးနဲ့စိုထိုင်းမှုတွေကို တစ်နေကုန်သိမ်းထားမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ချိန်မှာ ဘယ်လောက်ထိတောင်ဆိုးရွားမလဲဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒါကြောင့် အတွင်းခံဘောင်းဘီမဝတ်ဘဲ လေ့ကျင့်ခန်းလုပ်တာအကြံကောင်းတစ်ခုပါပဲ။ (မှတ်ချက်။ မိန်းကလေးများသာ) "အပူရယ်၊ ချွေးရယ်၊ ပွတ်တိုက်အားရယ် အောက်ပိုင်းနေရာတွေမှာ စုသွားမယ်ဆိုရင် နေရထိုင်ရတာ မသက်မသာဖြစ်စေရုံတစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး" လို့ SELF မဂ္ဂဇင်းရဲ့ဆောင်းပါးတစ်ခုမှာဖော်ပြထားပါတယ်။

၆။ ဆီးလမ်းကြောင်းပိုးဝင်မှုတွေကို ကာကွယ်ပေးတယ်

အတွင်းခံဘောင်းဘီတွေက ဘက်တီးရီးယားပိုးမွှားတွေကို သိုလှောင်ထားနိုင်တော့ မတော်ရာနေရာကိုဝင်သွားတတ်ပါတယ်။ "ဘက်တီးရီးယားပိုးမွှားတွေ ဆီးလမ်းကြောင်းကိုဝင်ရောက်တဲ့အခါ ဆီးလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေရုံသာမက အခန့်မသင့်ရင် ကျောက်ကပ်ကိုပါထိခိုက်စေနိုင်ပါတယ်" လို့ SELF မဂ္ဂဇင်းကဆိုပါတယ်။ "ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ဖို့ ခါးအောက်ပိုင်းမှာ ဘာဝတ်မလဲဆိုတာကို ဂရုစိုက်သင့်ပါတာ်။ ဒါပေမယ့်အကောင်းဆုံးအဖြေကတော့ ဘာမှမဝတ်တာပါပဲ" တဲ့။

၇။ သွေးကြောပိတ်တာတွေ မဖြစ်တော့ဘူး



အတွင်းခံဘောင်းဘီသေးသေးလေးတွေက ကျပ်ထုပ်နေတော့ အာရုံကြောထုံထိုင်းတာတို့၊ သွေးကြောပိတ်တာတို့ဖြစ်စေနိုင်ပါတယ်။ အတွင်းခံဘောင်းဘီမဝတ်ဘူးဆိုရင် ဒီဝေဒနာတွေကို ကင်းဝေးစေပါတယ်။

Source: Bustle

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က