မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလွန်းခြင်းဟာ ဆိုးဝါးတဲ့ရောဂါတွေကိုသယ်ဆောင်နိုင်တဲ့ အကြောင်းရင်းတစ်ခုလို့ ထင်မိကြမှာမဟုတ်ပါဘူး။ ဒါပေမယ့်...


မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးခြင်းက ဆိုးဝါးပါတယ်။ အဲဒါက ခင်ဗျားကိုယ်ခင်ဗျား ရှုံးနိမ့်သူတစ်ယောက်လို ခံစားနေရအောင်လှည့်စားနိုင်ပါတယ်။ အဲဒီအရာက ခင်ဗျားကိုအချစ်တွေ၊ ပျော်ရွှင်မှုတွေနဲ့ မထိုက်တန်ဘူးလို့တွေးမိအောင် လိမ်ညာနိုင်ပါတယ်။

နောက်ပြီး အဲဒီအရာကခင်ဗျားကို တခြားလူတွေနဲ့ယှဉ်ရင် နိမ့်ကျတယ်လို့ထင်အောင် သွေးဆောင်ဖြားယောင်းနိုင်ပါတယ်။ ဒီခံစားချက်က တော်တော်ဆိုးပါတယ်။

ဒါပေမယ့် လူတွေမသိသေးတဲ့အချက်တစ်ချက်ကတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလွန်းခြင်းက ခင်ဗျားရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်ဆိုတာပါပဲ။ အဲဒါက ခင်ဗျားရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး ခန္ဓာကိုယ်ကိုပါထိခိုက်စေပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိခြင်းကြောင့် ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ ဝေဒနာတွေကတော့...

၁။  သောကများခြင်း



အတိတ်ရဲ့ဒဏ်ရာတွေ၊ စိတ်ဖိစီးမှုအလွန်များပြားခြင်းတွေ၊ စိတ်ကျန်းမာရေးအားနည်းခြင်းတွေနဲ့ အာဟာရချို့တဲ့ခြင်းတို့က သောကဝေဒနာကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သောကဝေဒနာကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်းပါပဲ။

မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့လူတွေဟာ မသိစိတ်ထဲမှာအားငယ်နေတတ်ပြီး ပျော်ရွှင်မှုတွေနဲ့လည်းမထိုက်တန်ဘူးလို့ ယုံကြည်နေကြပါတယ်။ အကြောက်တရားနဲ့အဆိုးမြင်စိတ်တွေဟာလည်း ကြီးစိုးနေတတ်ပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး အမြဲလိုလိုအားမလို အားမရဖြစ်နေတတ်ပြီး သူများတွေအထင်ကြီးတာခံရဖို့ လိုက်ပြိုင်နေရင်း အချိန်အများစုကို ကုန်ဆုံးတတ်ပါတယ်။

အဲဒီလို လိုက်ပြိုင်နေပေမယ့်လည်း ကိုယ့်အရည်အချင်းကိုယ် မယုံကြည်ဘဲ ရှုံးများရှုံးသွားမလားဆိုပြီး အမြဲစိုးရိမ်နေတတ်ပါတယ်။ သောကများခြင်းဝေဒနာသိပ်ကြီးမားလာရင် schizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါနဲ့ Paranoia လို့ခေါ်တဲ့ သံသယကြီးလွန်းခြင်းစိတ်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။

၂။ စိတ်ဓာတ်အကြီးအကျယ်ကျဆင်းခြင်း



စိတ်ဓာတ်ကျခြင်းဆိုတာ စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ယာယီစိတ်ဓာတ်ကျခြင်းကိုဆိုလိုတာမဟုတ်ဘဲ စိတ်ရောကိုယ်ပါ ဒုန်းဒုန်းကျသွားတာမျိုးကို ပြောတာပါ။ အဲဒီလိုမျိုးဖြစ်ပြီဆိုရင် ပြန်ပြီးနာလန်ထူလာဖို့ဆိုတာ လနဲ့ချီပြီးကြာနိုင်ပါတယ်။ စိတ်ဓာတ်အကြီးအကျယ်ကျဆင်းခြင်းကို ဖြစ်စေတဲ့ တရားခံကတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးခြင်းပါပဲ။

မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်းကြောင့် သူများတွေမိမိကို အသိအမှတ်ပြုလာအောင် အစွမ်းကုန်ကြိုးစားရာက စိတ်ရောလူပါ ထောင်းထောင်းကြေသွားတာမျိုးပါ။ ကြိုးစားနေစဉ်မှာ ဒီဝေဒနာဖြစ်ချင်မှဖြစ်မှာပါ။ ကြိုးစားသမျှတွေ တစ်ခုမှအရာမထင်ချိန်မှာတော့ အစွမ်းကုန်ကြိုးစားထားသမျှတွေက ခင်ဗျားကိုထိခိုက်စေနိုင်ပါလိမ့်မယ်။

၃။ အိပ်မပျော်တဲ့ရောဂါ



အိပ်မပျော်တဲ့ရောဂါဟာလည်း စိတ်ဖိစီးမှုတွေများလွန်းတာကြောင့်ပဲ ဖြစ်တတ်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလွန်းရာက တခြားလူတွေရဲ့အသိအမှတ်မပြုခံရဖို့ နေ့ရောညပါမအိပ်မနေကြိုးစားလာ ပါတယ်။ အဲဒီမှာ ကော်ဖီတွေစွတ်သောက်ရာကနေ မျက်စိကအကျင့်ဖြစ်ပြီး ညဘက်တွေဆို တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။

ဒီလိုနဲ့ ကိုယ်တွင်းကဇီဝနာရီလည်း ချို့ယွင်းလာပြီး အိပ်ချိန်တွေမမှန်၊ အိပ်ရေးတွေပျက်လာပါတော့တယ်။ အိပ်မပျော်တဲ့ရောဂါ တာရှည်လာရင် ကျောက်ကပ်ကိုပျက်ဆီးစေနိုင်ပါတယ်။

လူတိုင်းလူတိုင်းမှာ တန်ဖိုးတစ်ခုစီရှိပါတယ်။ သူ့မှာရှိတဲ့အရည်အချင်းမျိုး ကိုယ့်မှာမရှိနိုင်ရင်တောင် ကိုယ့်မှာရှိတဲ့အရည်အချင်းမျိုးလည်း သူ့ဆီမှာရှိချင်မှရှိမှာပါ။ (ကိုယ့်အရည်အချင်းကိုယ် မမြင်နိုင်သေးရင် တောင်မှပေါ့။) ဒါကြောင့် မိမိကိုယ်ကိုယ် တန်ဖိုးထားပြီး ယုံကြည်မှုအပြည့်ရှိနေအောင်နေသင့်ပါတယ်။

Source: Stevenaitchison

Share

Loading Next Article...
က္က