ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာ သတိမထားမိဘဲ စားလိုက်မိရင်အစာအဆိပ်သင့်စေနိုင်တဲ့ အစားအစာတွေရှိပါတယ်။


ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာ သတိမထားမိဘဲ စားလိုက်မိရင်အစာအဆိပ်သင့်စေနိုင်တဲ့ အစားအစာတွေရှိပါတယ်။ အစားများမယ်ဆိုရင် ဗိုက်အောင့်တာတို့၊ အော့အန်တာတို့၊ မူးလဲတာတို့ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်။ အဲဒီအစားအစာတွေက ဘာတွေလဲဆိုတော့

၁။ ပဲကြီးစေ့



ကျွန်တော်တို့ဆီမှာတော့ ပဲကြီးစေ့လို့ခေါ်တဲ့ Red kidney beans ပဲဟာ အနီရောင်ကျောက်ကပ်ပုံစံရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ လူသိများပါတယ်။ ဒါပေမယ့် အဲဒီပဲကြီးစေ့ကို မစားသုံးခင် ရေထဲမှာ အနည်းဆုံး (၁၀) မိနစ်လောက်ကြာအောင် ပြုတ်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင် phytohaemagglytinin လို့ခေါ်တဲ့ အစိတ်အပိုင်းကြောင့် အဆိပ်သင့်စေနိုင်ပါတယ်။

တကယ်လို့ ပဲကြီးစေ့ကို ရေထဲမှာမပြုတ်ဘဲ တစ်ခြားပါဝင်ပစ္စည်းတွေနဲ့ရောပြီး တန်းချက်ပြုတ်လိုက်တာက အထဲမှာပါဝင်တဲ့အဆိပ်ကို ပိုပြီးတောင်ပြင်းထန်စေပါတယ်။ နောက်ပြီး ပဲကြီးစေ့ကိုအစိမ်းစားမိရင် အစာအဆိပ်သင့်စေနိုင်လို့ ကလေးတွေနဲ့ဝေးရာမှာထားသင့်ပါတယ်။



၂။ ဇာတိပ္ဇိုလ်သီး



ဇာတိပ္ဇိုလ်သီးကို ထောင်းထားတဲ့အမှုန့်ကို နေရာတော်တော်များများမှာ သုံးကြပါတယ်။ ကိတ်မုန့်ဖုတ်တာတို့၊ ကော်ဖီဖျော်တာတို့မှာလည်း ထည့်သုံးတတ်ကြပါတယ်။ နည်းနည်းလေးထည့်တာ ပြဿနာမရှိပေမယ့် များသွားရင် ခေါင်းကိုက်တာတို့၊ မူးဝေတာတို့၊ အော့အန်ချင်တာတို့ ဖြစ်စေတတ်ပါတယ်။ အဲဒါဘာလို့လဲဆိုတော့ ဇာတိပ္ဇိုလ်သီးစေ့ထဲမှာပါတဲ့ myristicin ဆိုတဲ့ဓာတ်တစ်မျိုးကြောင့်ပါပဲ။ ဒါကိုလည်း ကလေးတွေလက်လှမ်းမီရာနေရာတွေမှာ မထားသင့်ပါဘူး။

၃။ ဘရာဇီးပဲစေ့



ဘရာဇီးပဲစေ့မှာတော့ selenium လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါပြီး ပမာဏများရင် အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘရာဇီးပဲစေ့ကို တစ်နေ့ (၃) စေ့ထက် ပိုမစားဖို့အကြံပေးထားပါတယ်။ သစ်စေ့တွေကို စားခြင်းဟာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် သူတို့မှာလူကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေလည်း ပါဝင်တော့ မစားခင်သတိထားသင့်ပါတယ်။

၄။ တရုပ်ဆီးသီး၊ မက်မွန်သီးနဲ့ ချယ်ရီသီး (အစေ့)



အသီးချည်းပဲစားရင်တော့ လူကိုဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့အစေ့တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်တစ်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် အဲဒီအသီးတွေရဲ့အစေ့ကို မဝါးမိ၊ မျိုမချမိဖို့ အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ကလေးတွေကို ဒီအသီးတွေကိုကျွေးမယ်ဆိုရင် အစေ့ကိုမဝါးမိစေဖို့ သတိပေးပြီးမှ ကျွေးသင့်ပါတယ်။

၅။ အာလူး



အာလူးအားလုံးကို ဆိုလိုတာမဟုတ်ပါဘူး။ အာလူးပေါ်မှာအစိမ်းရောင်အတက်လေးတွေထွက်နေတဲ့ အလုံးတွေကတော့ ချက်ပြုတ်ပြီးတာတောင် ပျောက်မသွားတဲ့ solanine ဆိုတဲ့အဆိပ်တစ်မျိုးပါရှိနေပါတယ်။ Solanine အဆိပ်ဟာ nightshade အဆိပ်မျိုးစိတ်ကလာပြီး အာရုံကြောကိုထုံထိုင်းစေတဲ့သဘာဝအဆိပ်တစ်မျိုးဖြစ်ပါတယ်။

အဲဒါဟာ အာလူးတွေကို အင်းဆက်ပိုးမွှားအန္တရာယ်ကာကွယ်ဖို့ သဘာဝတရားကြီးက တပ်ဆင်ပေးထားတဲ့ အကာအကွယ် လက်နက်တစ်မျိုး ဖြစ်ပါတယ်။

အဲဒီအဆိပ်ပါတဲ့အာလူးကို အများကြီးစားမိရင် အော့အန်တာ၊ ဝမ်းလျှောတာတို့ ဖြစ်စေနိုင်ပြီး အခြေအနေဆိုးရွားရင် အကြောသေတာထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဝယ်လာတဲ့အာလူးထဲမှာ အစိမ်းရောင်အတက်ထွက်နေပြီဆိုရင် အတက်လေးကိုပဲဖယ်ပြီး ဆက်မစားပါနဲ့။ အမှိုက်ပုံးထဲသာ ဝဲပစ်လိုက်ပါ။

၆။ အခြောက်လှမ်းထားတဲ့ သစ်သီးတွေ



Supermarket တွေမှာရောင်းနေတဲ့ သစ်သီးခြောက်အများစုက ဆာလ်ဖာတို့၊ ပိုတက်ဆီယမ် ဆောလ်ဘိတ်တို့ကိုသုံးပြီး စက်ရုံမှာအခြောက်ခံထားတာြ့ဖစ်ပါတယ်။

အစာခြေအင်္ဂါအဖွဲ့အစည်းကို မထိခိုက်စေချင်ရင်တော့ သစ်သီးခြောက်တွေအများကြီး သွားမစားမိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပညာကျွမ်းကျင်သူတွေရဲ့အဆိုအရ ဆာလ်ဖာပါဝင်မှုများတဲ့ အစားအသောက်တွေကို အလွန်အကျွံစားသုံးခြင်းက အစာအိမ်နဲ့အစာခြေအင်္ဂါတွေကို ထိခိုက်စေပါတယ်တဲ့။

Source: Lifedeathprize


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က