သွေးပေါင်ကျနေရင်လည်း တွေ့ရတတ်တယ်။

လက်သည်းခွံအရင်းမှာ တွေ့ရတတ်တဲ့ လခြမ်းလေးလို အဖြူရောင်အခုံးလေးတွေဟာ အမျိုးမျိုးပြောင်းလဲနေတာကို သတိထားမိပါရဲ့လား။ ဒါတွေက သင့်ရဲ့ကျန်းမာရေး အခြေအနေကို ညွှန်းနေတာပါနော်။ တစ်ခုခု ထူးခြားနေပြီဆိုရင်တော့ ကျန်းမာရေးစစ်ဆေးကြည့်ပါ။



၁။ အရမ်းကြီးလွန်းတယ်

1.jpg 

လက်သည်းရဲ့ ၃ ပုံ ၁ ပုံ (ဒါမှမဟုတ်) ဒီ့ထက်ပိုနေရင် ကြီးလွန်းနေပြီလို့ သတ်မှတ်ပါတယ်။ အရမ်းကြီးနေတဲ့ လက်သည်းအခုံးလေးတွေက နှလုံးကြွက်သားတွေ အားနည်းနေတယ်လို့ ပြသနေတာပါ။ သွေးအားနည်းနေရင်လည်း ဖြစ်တတ်ပါတယ်။ အားကစားသမားတွေမှာ အဖြစ်များတယ်။ ကိုယ်က အားကစားမလုပ်ဘဲနဲ့ ဒီလိုဖြစ်နေရင်တော့ စိတ်ဖိစီးနေလို့ ဖြစ်လာတာပါ။

၂။ အရမ်းသေးတယ်

2.jpg 

သွေးပေါင်ကျနေတဲ့အခါလည်း ဖြစ်တတ်ပါတယ်။ သွေးလည်ပတ်မှုစနစ်မှာ အားနည်းတာ၊ ပုံမှန်မဟုတ်တာနဲ့ ကြုံနေရလို့ပါ။ ကိုယ်ခံအားနည်းနေချိန်၊ သံဓာတ်နဲ့ ဗိုက်တာမင် B12 နည်းနေချိန်မှာ တွေ့ရတတ်ပါတယ်။ ဆီးချိုသမားတွေ ဆီးချိုုတက်လာရင်လည်း လက်သည်းမှာ လခြမ်းခုံးသေးသေးလေး ပေါ်လာတတ်ပါသတဲ့။

၃။ အရောင်ပြောင်းလဲမှု

3.jpg 

အဖြူရောင်က ပုံမှန်ပါပဲ။ ဖြစ်လေ့ဖြစ်ထ၊ မြင်တွေ့နေကျအရောင်ပါ။ ဒါပေမဲ့ အရောင်တွေနဲ့ မြင်နေရပြီဆိုရင် ပုံမှန်မဟုတ်တော့ပါဘူး။ အထူးသဖြင့် မီးခိုးရောင်ဆိုရင် အစာခြေစနစ်မှာ တစ်ခုခုဖြစ်နေကြောင်း ပြသနေတာပါ။ မောပန်းနွမ်းနယ်မှုကိုလည်း ခံစားနေရတတ်ပါတယ်။ ခရမ်းရောင်ဆိုရင်တော့ သွေးလည်ပတ်မှုစနစ်က ချို့ယွင်းနေလို့ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ တစ်ရှုးတွေမှာ အောက်ဆီဂျင်အားနည်းရင်လည်း ခရမ်းရောင်ဖြစ်နေပါတယ်။ ပန်းရောင် (သို့မဟုတ်) အနီရောင် ဆိုရင်တော့ အဆုတ်မှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ အနက်ရောင်ဖြစ်နေရင်တော့ သတ္ထုဆိပ်သင့်တာ ဖြစ်နိုင်ပါတယ်။ မပေါ့ဆသင့်တော့ဘူး။

Source : 1mhealth


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က