တစ်ယောက်တည်း အထီးကျန်သလိုမနေပါနဲ့။

လူတွေနဲ့ ရောရောနှောနှော မနေချင်ဘူး။ တစ်ယောက်တည်း ဘာသိဘာသာနေတတ်တယ်။ လူရှုပ်တဲ့နေရာဆိုလည်း မသွားချင်ဘူး။ အပေါင်းအသင်းလည်းနည်းပါးတဲ့ သီးသန့်နေတတ်သူတစ်ဦးဆိုရင်တော့ သိပ်ပြီးတော့ ကျန်းမာရေးကောင်းမယ်လို့ မထင်ဘူးနော်။ တစ်ယောက်တည်းနေတတ်တာက နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေလည်း ရလာနိုင်တယ်။

 

၁။ တစ်ယောက်တည်းပဲနေတော့ ဘာဖြစ်ဖြစ် ကြိတ်ခံစားတယ်။ တိုင်ပင်ဖော်မရှိ၊ အကူအညီမရ၊ ရင်ဖွင့်စရာနေရာမရှိတော့ စိတ်ဖိစီးမှုတွေ ပိုများလာပါတယ်။

၂။ ရည်းစားထားရင်လည်း အဆင်မပြေဘူး။ လူတွေရဲ့ သဘောသဘာဝကို နားမလည်ပေးနိုင်တော့ ကိုယ့်ချစ်သူနဲ့ကိုယ့်ကြား နားလည်မှုလွဲတာတွေများတယ်။ အသည်းကွဲတော့ ကျန်းမာရေးကို လစ်လျူရှုမိပြီး ပိုထိခိုက်ရတာနဲ့ သံသရာလည်တာပဲ။

၃။ ပျော်စရာတွေနဲ့ ဝေးသွားတယ်။ ပျော်ရွှင်တဲ့အခါ လူက ပိုကျန်းမာတယ်။ စိတ်ပျိုတော့ ကိုယ်နုတယ်မဟုတ်လား။

 

၄။ ခေတ်စားနေတဲ့ Gym သွားတာ၊ ယောဂသင်တန်းသွားတာတွေ၊ အကသင်တန်းတွေမှာလည်း ကိုယ့်အတွက် နေရာမရှိဘူး။ ကိုယ်က အပေါင်းအသင်းမဆံ့တော့ အတူတူဆော့ဖော်မရဘူးလေ။ မသိတာလေးတွေ အပြန်အလှန် မျှဝေဖို့လည်းမရှိဘူး။

၅။ သူငယ်ချင်းကိုပဲ တွယ်တာလွန်းတယ်။ အပေါင်းအသင်းကနည်းတယ်။ ရှိတဲ့သူငယ်ချင်းကိုပဲ အတင်းတွယ်တာလွန်းတော့ သူငယ်ချင်းခမျာ ကိုယ့်ကြောင့် စိတ်မွန်းကြပ်ရတယ်။

၆။ ဦးနှောက်ကလည်း အတွေးတွေစုံအောင်တွေးမိတယ်။ မတွေးသင့်တာတွေလည်းပါတယ်။ အတွေးလွန်နေရင်း လူကအမြဲတမ်း ခေါင်းရှုပ်နေတာ။ အဲ့ဒီမှာတင် ခေါင်းကိုက်တာတွေဖြစ်လာရော။

 

၇။ အိပ်တာတွေလည်း မမှန်ဘူး။ ညဘက်ဆိုမအိပ်ဘဲ နေ့ဘက်မှာ အိပ်တာတွေ ဖြစ်လာနိုင်တယ်။ အိပ်မပျော်ဘူး။ အိပ်မက်ဆိုးတွေမက်တယ်။

၈။ ကားမောင်းနေသူတွေ သတိထားပါ။ ခေါင်းမကြည်၊ စိတ်မကြည်ဘဲ ကားမောင်းရင် မတော်တဆမှုတွေ ဖြစ်နိုင်တယ်။

၉။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုုုးမထားတော့ဘူး။ လုပ်ချင်တာတွေလျှောက်လုပ်တယ်။ မလုပ်ဘူးဆိုလည်း ဘာမှကိုမလုပ်တော့တာ။ နေမကောင်းလည်း ပေတေနေတယ်။

၁၀။ နောက်ဆုံးမှာ ဆရာဝန်ဆီသွားတာတောင် စကားကောင်းကောင်းမပြောတတ်တော့ဘူး။ အရေးမပါတာတွေပြောနေတော့ တကယ်ဖြစ်နေတာကို မပြောမိတာတွေ ဖြစ်လာနိုင်တယ်။

Source : Health

Share

Loading Next Article...
က္က