ဆီးသွားချင်ရက်နဲ့ ထမသွားဘဲအောင့်ထားတတ်တဲ့အကျင့်က မကောင်းတဲ့အလေ့အထတစ်ခုပါ။


ဆီးသွားချင်ရက်နဲ့ ထမသွားဘဲအောင့်ထားတတ်တဲ့အကျင့်က မကောင်းတဲ့အလေ့အထတစ်ခုပါ။ ထိုင်ခုံမှာအကြာကြီးထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေ (စာရေးဆရာ၊ ဂရပ်ဖစ်ဒီဇိုင်နာ) နဲ့ Game အဆော့များတဲ့သူတွေ လုပ်လေ့ရှိကြပါတယ်။ အလုပ်မပြီးပြတ်သေးတာပဲဖြစ်ဖြစ်၊ ကိုယ်ဆော့နေတဲ့ Game level တက်အောင်ဆော့နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ဆီးထမသွားဘဲ အောင့်ထားမိတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဆီးထမသွားဘဲ အောင့်ထားခြင်းရဲ့ ကျန်းမာရေးဆိုးကျိူးတွေကိုကော သိကြပါရဲ့လား။ တိုတိုနဲ့လိုရင်းပြောရရင်တော့ ဆီးအောင့်ထားခြင်းက ခင်ဗျားကိုအလွန်နာကျင်စေတဲ့ ဆီးအိမ်ရောဂါ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး တင်ပါးဆုံရိုးနာကျင်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ နောက်ပြီးအကြာကြီးဆီးအောင့်ထားမယ်ဆိုရင် ဆီးရောင်ဝါထိန်လာပြီး ပူလောင်သလိုခံစားလာရမှာပါ။ ဆီးအကြာကြီး အောင့်ထားခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ရောဂါဝေဒနာ တွေကတော့...

၁။ ဆီးအိမ်ကိုဖောင်းကားစေတယ်

UTI.jpg 

ဆီးအကြာကြီးမအောင့်သင့်တဲ့ အကြောင်းပြချက်တစ်ခုကတော့ ဆီးအိမ်နဲ့ပတ်သက်ပြီးပြဿနာဖြစ်စေနိုင်လို့ပါပဲ။ ကျွန်တော်တို့ရဲ့ ဆီးအိမ်တွေဆိုတာလည်း ကြွက်သားတွေပါပဲ။ ဆီးသွားချင်ရက်နဲ့ မပေါက်ဘဲ အောင့်ထားမိတဲ့အခါ ကြွက်သားကိုဆွဲဆန့်သလို ဖြစ်သွားပါ။ ဥပမာပေးရရင် သားရေကွင်းတစ်ကွင်းကို မပြတ်ရုံတမယ် ဆွဲဆန့်လိုက်တဲ့အခါ မူရင်းပုံစံပျက်သွားသလိုပေါ့။ ဒါကြောင့်ဆီးသွားချင်ရက်နဲ့ မသွားဘဲ အကြာကြီးအောင့်ထားခြင်းက ဆီးအိမ်ကြွက်သားတွေကိုအားနည်းစေပြီး လျော့တိလျော့ရဲဖြစ်စေပါတယ်။ အခန့်မသင့်ရင်ဆေးခန်းတောင်သွားပြရနိုင်ပါတယ်။

၂။ ဗိုက်အောင့်စေတယ်

08_interstitial_cystitis_bladder_hurts_champja.jpg

အဲဒီလိုုအကြာကြီးဆီးအောင့်ထားတဲ့အတွက် ဆီးသွားပြီးရင်တောင် ဗိုက်အောင့်ပြီးကျန်ခဲ့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဗိုက်ထဲမှာဆီးအိမ်တင်းနေအောင် အောင့်ထားတဲ့အတွက် ဝမ်းဗိုက်ကြွက်သားတွေ အားနည်းလာပြီး ဗိုက်အောင့်လာစေတာပါပဲ။ အဲဒီနာကျင်မှုဟာ တစ်ခါတလေ ရက်ရှည်ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုကိုမွေးမထားပါနဲ့။

၃။ တင်ပါးဆုံရိုးကြွက်သားနံရံတွေကို အားနည်းစေတယ်

dims.jpg 

တင်ပါးဆုံရိုးကြွက်သားနံရံတွေဟာ ဆီးနဲ့ဝမ်းတွေ သွားလာရာလမ်းကြောင်းပါပဲ။ တကယ်လို့ခင်ဗျားမှာဆီးအောင့်ထားတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် တင်ပါးဆုံရိုးကြွက်သားနံရံတွေက တနေ့တခြား ပိုပိုပြီး အားနည်းလာတဲ့အတွက် ဆီးသွားရခက်ခဲလာပါလိမ့်မယ်။ ကြာလာရင်ဆီးတစ်ခါတစ်ခါသွားဖို့ကို အချိန်အကြာကြီးပေးပြီး ညှစ်ထုတ်နေရပါလိမ့်မယ်။

ဒါကြောင့် ခန္ဓာကိုယ်ကဆီးသွားချင်ပြီလို့ အသိပေးလာတာနဲ့လက်ရှိလုပ်နေတဲ့အလုပ်ကို ချထားခဲ့ပြီး ချက်ချင်းဆီးထသွားလိုက်ပါ။ ဒီနည်းလမ်းကသာ အထက်ပါကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်မှာပါ။

သင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာ (ဆေးဘက်ဝင်တဲ့ မန်ကျည်းရွက်)

Source: Youngisthan

Share

Loading Next Article...
က္က