Su Yee Moe

လူတွေအများကြီး စုထိုင်နေချိန် ကိုယ့်တစ်ယောက်တည်း ခြင်ကိုက်ခံနေရတယ်။ မိသားစုနဲ့ ညဘက် တီဗီအတူကြည့်နေချိန်ဆို ကိုယ်က အလင်းထဲထိုင်နေလည်း ကိုယ့်ကိုမှ ခြင်တွေက ရွေးပြီးကိုက်သလားလို့တောင် ထင်ရတယ်။ သူများတွေက ခြင်ကိုက်တယ်လို့ ပြောသံမကြားဘူး။ ကိုယ့်မှာသာ ခြင်ရာဖုတွေ ဗရပွနဲ့။ ဘာလို့လဲ?

istock-584572080-0.jpg 

လန်ဒန်က Hygiene and Tropical Medicine ကျောင်းက သုတေသီတွေရဲ့ အဆိုအရ ကိုယ့်ကိုမှ ခြင်တွေက ပိုကိုက်ရခြင်းဟာ ခြေအိတ်တွေနဲ့ ဆက်စပ်နေပါတယ်။ အသုံးပြုပြီးသား ခြေအိတ် အစုံ ၂၀၀ ကို အသုံးပြုကာ လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ခြင်တွေဟာ မျိုးရိုးဗီဇကြောင့်များ ရွေးပြီးကိုက်ရသလားလို့ စမ်းသပ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

fear-itch-prevent-mosquito-bites-by-avoiding-these-foods-activities.w1456.jpg 

အလုံးစုံ ထပ်တူညီနေတဲ့ အမြွှာနဲ့ ရိုးရိုးအမြွှာ လူတွေဆီက ခြေအိတ်တွေကို အသုံးပြုကာ လေ့လာခဲ့ကြတာပါ။ လေထုတ်ပန်ကာနားမှာ ခြင်တွေကို ထားလိုက်ပြီး ဘယ်ခြေအိတ်တွေက ခြင်တွေကို ကိုက်ချင်စိတ်ပိုဖြစ်စေသလဲဆိုတာ စောင့်ကြည့်ခဲ့ကြပါတယ်။ အမြွှာပုဂ္ဂိုလ်တွေနဲ့ ဘာလို့ စမ်းသပ်ရတာလဲဆိုတော့ ယခင်လေ့လာမှုတွေအရ ခြင်းတွေဟာ အမြွှာတွေကို ပိုရွေးပြီးကိုက်တာကို တွေ့ခဲ့ရလို့ဖြစ်ပါတယ်။

20-Effective-Home-Remedies-For-Mosquito-Bites1.jpg 

ခြင်တွေ ပိုကိုက်ရတဲ့ အကြောင်းကတော့ မျိုးရိုးဗီဇကြောင့်လို့ ပြောဖို့ခက်တယ်လို့ ဦးဆောင်လေ့လာသူ ဂျိမ်းစ်လိုဂန်က ပြောပါတယ်။ သူများနဲ့မတူဘဲ ကိုယ်က ပိုပြီးခြင်ကိုက်ခံရတာဟာ ခန္ဓာကိုယ်ကထွက်တဲ့ အနံ့ကြောင့်သာ ဖြစ်လိမ့်မယ်လို့လည်း ဂျိမ်းစ်က ယူဆပါတယ်။ ခန္ဓာကိုယ်တွင်းအင်္ဂါတွေက လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့အခါ ခန္ဓာကိုယ်အနံ့ကို ပြောင်းလဲသွားစေပြီး ယင်းအနံ့ကြောင့်သာ ခြင်တွေကိုက်ချင်စိတ်ဖြစ်စေတယ်လို့ ဆိုပါတယ်။

Source : Independent


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က