အဝလွန်တဲ့လူတွေဟာ ကယ်လိုရီပါဝင်မှုအလွန်များပြားတဲ့အစားအသောက်တွေကို ပုံမှန်လူတွေထက် ပိုမိုစားသုံးတဲ့အတွက် အဝလွန်ရတာလို့လူသိများပါတယ်။


အဝလွန်တဲ့လူတွေဟာ ကယ်လိုရီပါဝင်မှုအလွန်များပြားတဲ့အစားအသောက်တွေကို ပုံမှန်လူတွေထက် ပိုမိုစားသုံးတဲ့အတွက် အဝလွန်ရတာလို့လူသိများပါတယ်။ အဲဒီအတိုင်းပဲ ကယ်လိုရီတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပြီး ကယ်လိုရီလောင်ကျွမ်းနှုန်းကလည်း ကိုယ်အလေးချိန်နဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

တစ်နေ့ကိုကယ်လိုရီအနည်းဆုံးဘယ်လောက်ရှိသင့်လဲဆိုတာကို ခြုံငုံပြောရခက်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းကော၊ တစ်နေ့တာလှုပ်ရှားမှုချင်းကော၊ ဇီဝကမ္မဖြစ်စဉ်ချင်းကော မတူညီကြလို့ပါပဲ။ ဒါပေမယ့် ခန့်မှန်းခြေ တစ်နေ့ကို ကယ်လိုရီ (၁၈၀၀) လောက်ကတော့ ပုံမှန်ပါပဲ။ ကယ်လိုရီများတာ မကောင်းသလို နည်းတာလည်း မကောင်းပါဘူး။ ကယ်လိုရီ နည်းမယ်ဆိုရင် ကြွက်သားတွေနာကျင်လာပြီး ခန္ဓာကိုယ်ကမူးဝေမောပန်းနေပါလိမ့်မယ်။ ဒါကြောင့် ကယ်လိုရီပမာဏကို မျှတအောင်လည်း စားသုံးပေးသင့်ပါတယ်။



ဒီနေ့မှာတော့ ကိုယ်အလေးချိန်လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေအတွက် ကယ်လိုရီတွက်ချက်ပြီး စားသုံးလို့ရအောင် ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ သစ်သီးဝလံတချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။

၁။ စတော်ဘယ်ရီသီး

strawberry.jpg 

ဇော်ဝင်းထွဋ်ရဲ့ စတော်ဘယ်ရီချစ်သဲရှင်သီချင်းလေးအတိုင်းပါပဲ။ "စတော်ဘယ်ရီ ချယ်ရီရောရင်... တော်တန်ရုံလူပင်... ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကို... မြင်ယောင်သလိုလိုထင်..." ပေါ့။ :P ဒီသီချင်းလေးအတိုင်းပါပဲ။ စတော်ဘယ်ရီသီးဟာ သူမရဲ့ချိုမြတဲ့အရသာနဲ့အရည်ရွှမ်းတဲ့သဘာဝကြောင့် သစ်သီးဝလံတွေရဲ့ဘုရင်မဖြစ်ခဲ့ပါတယ်။ စတော်ဘယ်ရီသီးမှာပါဝင်တဲ့ ဗိုက်တာမင် စီနဲ့ ဗိုက်တာမင် ဘီစစ်ဟာ ဝမ်းဗိုက်အဆီကို အတိုင်းအတာတစ်ခုထိ ချေဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ စတော်ဘယ်ရီသီး (၁၀၀) ဂရမ်မှာ ကယ်လိုရီ (၃၀) လောက်ပဲ ပါ ပါတယ်။

၂။ ဖရဲသီး

Crimson-Sweet-Watermelon.jpg 

ဖရဲသီးမှာ ကွျွန်တော်တို့ခန္ဓာကိုယ်ထဲက ရေဓာတ်ထိန်းသိမ်းခြင်းကိုအထောက်အကူပေးနိုင်တဲ့ anti-oxidant တွေ ပါဝင်ပါတယ်။ ဗိုက်တာမင် စီကြွယ်ဝစွာပါဝင်ပြီး ကိုယ်အလေးချိန်ကို လျင်မြန်စွာကျဆင်းစေတဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဖရဲသီး (၁၀၀) ဂရမ်မှာ ကယ်လိုရီ (၃၀) လောက်ပဲ ပါ ပါတယ်။ ဖရဲသီးဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အကောင်းဆုံးအဖော်မွန်ပါပဲ။

၃။ ပန်းသစ်တော်သီး

19621622_1880471712218454_791992095_n.jpg 

ပန်းသစ်တော်သီးတွေကလည်း ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကိုဖြည့်ဆည်းပေးပြီး ကိုလက်စထရောလျော့ကျစေလို့ အဝလွန်ရောဂါကိုလည်း တိုက်ဖျက်ပေးပါတယ်။ ပန်းသစ်တော်သီး (၁၀၀) ဂရမ်မှာ (၃၄) ကယ်လိုရီလောက်ပဲ ပါဝင်ပါတယ်။ ဒါ့အပြင် ပန်းသစ်တော်သီးမှာ အရေပြားအတွက်ကောင်းမွန်တဲ့ ဗိုက်တာမင်စီလည်း ပါဝင်ပါသေးတယ်။

၄။ ချယ်ရီသီး

fruits-cherries-drops-hd-wallpaper.jpg 

ကိတ်မုန့်တွေအပေါ်မှာ topping အဖြစ်တင်တတ်ကြတဲ့ ချိုမြမြအရသာနဲ့ ချယ်ရီသီးကိုနှစ်သက်ကြမှာပေါ့နော်။ ချယ်ရီသီးဟာ ခန္ဓာကိုယ်ထဲက free radical တွေကိုတိုက်ဖျက်နိုင်တဲ့ ant-oxidant တွေ ပါဝင်ပါတယ်။ ဒါကြောင့်ကိုယ်အလေးချိန်လျှော့ချရေးမှာ တစ်တပ်တစ်အားပါဝင်နိုင်ပါတယ်။ ချယ်ရီသီးဟာဆိုရင် (၁၀၀) ဂရမ်မှာ ကယ်လိုရီ (၅၀) လောက်ပဲ ပါဝင်ပါတယ်။

၅။ ပန်းသီး

85_apple_01.jpg

ပန်းသီးဟာလည်း anti-oxidant ကြွယ်ဝမှုကြောင့် ကိုယ်အလေးချိန်ကျဆင်းစေရုံသာမက ကိုလက်စထရောတွေကိုလည်း လျှော့ချပေးနိုင်လို့ ဝမ်းဗိုက်အဆီတိုက်ဖျက်ရေးမှာလည်း ပါဝင်ထောက်ပံ့ပေးနိုင်ပါတယ်။ ပန်းသီး (၁၀၀) ဂရမ်မှာ ကယ်လိုရီ (၄၀) နဲ့ (၅၀) ကြားလောက်ပဲ ရှိပါတယ်။

သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး ---> ငှက်ပျောတစ်ပင်လုံး အသုံးချနည်း


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က