အဆိုပါအနံ့ဟာ အသက်ရှုတဲ့ အခါမျိုးမှာ ပိုသိသာလာတတ်ပါတယ်။
 

တကယ်တော့ ခန္ဓာကိုယ် ကိုယ်နံ့နံတယ်ဆိုတာ သဘာဝပါ။  ဒါပေမယ့် တချို့လူတွေမှာတော့  အနံ့ပိုပြင်းနေတတ်ပါတယ်။ ဒီလို သာမန်ကိုယ်နံ့ပြင်းသူဆိုတာထက် ပိုနေတာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် ကိုယ်နံ့အလွန်ပြင်းတာဟာ ကိုယ်တွင်းလက္ခဏာတွေ ပုံမှန်မဟုတ်တာ၊ ရောဂါတစ်ခုခု ဖြစ်နေတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သမာရိုးကျမဟုတ်တဲ့ ခန္ဓာကိုယ်နံ့မျိုး သင့်ခန္ဓာကိုယ်ကထွက်နေတယ်လို့ ထင်တယ်ဆိုရင် အောက်ပါလက္ခဏာတွေကို သတိထားသင့်ပါတယ်။

၁ - သစ်သီးနံ့

ဆီးချိုသွေးချိုရှိသူတွေဟာ အသီးနံ့မျိုး ရတတ်ပါတယ်။ ketones လို့ခေါ်တဲ့ ဓာတုဗေဒအမျိုးအစားတစ်ခုကြောင့် အဆိုပါ အသီးနံ့က ဖြစ်လာတာပါ။ အဆိုပါအနံ့ဟာ အသက်ရှုတဲ့ အခါမျိုးမှာ ပိုသိသာလာတတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -ဦးနှောက်အိုမင်းလာတဲ့ လက္ခဏာ (၇) ခု )

 

၂ - ဆီးနံ့ဆိုးတယ်

အပေါ့သွားတဲ့အခါမျိုးမှာ ဆီးနံ့က သာမန်ထက်ပိုမိုဆိုးဝါးတာ ဖြစ်ပါတယ်။ ဆီးနံ့ ဆိုးဝါးစွာနံခြင်းဟာ ရောဂါလက္ခဏာကြီးမဟုတ်ပေမယ့် ပိုးဝင်တာ၊ ဆီးချိုသွေးချိုဖြစ်တာနဲ့ အခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

၃ - ကြောင်သေးနံ့

ခန္ဓာကိုယ်ဟာ ကြောင်သေးနံ့လို နံနေတယ်ဆိုရင်တော့ 3MCC (3-Methylcrotonylglycinuria) လို့ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် ဖြစ်ပါတယ်။ မျိုးဗီဇတွေ ပုံမှန်မဟုတ်တဲ့ လက္ခဏာမျိုးဖြစ်ပြီးခန္ဓာကိုယ်ဟာ ပရိုတိန်းတွေကို ခြေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်း(enzyme) တွေ ကင်းမဲ့နေတာ ဖြစ်ပါတယ်။ အဆိုပါ လက္ခဏာဟာမွေးကင်းစ ကလေးတွေမှာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ လူကြီးတွေမှာပါ ဖြစ်ပွားတတ်ပါတယ်။

 

၄ - အဝေးကြီးကတောင် နံတယ်

trimethylaminuria လို့ ခေါ်ပြီး မျိုးဗီဇပုံမှန်မဟုတ်တဲ့ ရှားပါးတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ကိုယ်တွင်းအဆိပ်တွေကို ပုံမှန်ဇီဝဖြစ်စဉ်အတိုင်း အလုပ်မလုပ်ပေးနိုင်တော့တာကြောင့် အဆိပ်တွေဟာ ခန္ဓာကိုယ်မှာ စုပုံနေတာ ဖြစ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ပြင်းထန်တဲ့ အနံ့ဆိုးတွေ ထွက်စေတာ ဖြစ်ပါတယ်။

၅ - ဒဏ်ရာအနာ

ဒဏ်ရာတွေ၊အနာတွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ ပိုးဝင်ပြီး အနာမကျက်တဲ့အခါ အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ pseudomonas လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးဟာ အနံ့ဆိုးတွေကို ထင်ထင်ရှားရှားကို ထွက်စေတဲ့ ပိုးတစ်မျိုးဖြစ်ပါတယ်။

Photos & Source: Bustle

Share

Loading Next Article...
က္က