ကြောက်စရာကောင်းတဲ့ အချက်တစ်ခုကတော့ နှလုံးခုန်မမှန်တော့တာပါ။
Su Yee Moe

ခန္ဓာကိုယ်တွင်းမှာ လိုအပ်တဲ့ ပိုတက်ဆီယံဓာတ်အကြောင်းကို များများစားစား ကြားရလေ့မရှိပါဘူး။ ဒါပေမဲ့ သိထားဖို့ လိုတယ်နော်။ ပိုတက်ဆီယံ (potassium)ဓာတ်ဟာ ကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်။

အာရုံကြောတွေရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေသလို နှလုံးကြွက်သားစနစ်ကိုလည်း ကျန်းမာစေတယ်တို့ ဖီလာဒဲဖီးယားအခြေစိုက် အာဟာရပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ Janet Brill က ပြောပါတယ်။ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့်တော့ ပိုတက်ဆီယံပမာဏ ၄၇၀၀ မီလီဂရမ် (4700 mg) လိုအပ်ပါတယ်။

အငံဓာတ် (potassium) များများစားလေလေ ခန္ဓာကိုယ်မှာ ပိုတက်ဆီယံတွေ များများစွန့်ထုတ်လေလေပါပဲ။ အခုပြောပြမယ့်အရာတွေ ကြုံနေရတယ်ဆိုရင်တော့ သင့်မှာ ပိုတက်ဆီယံဓာတ် ချို့တဲ့နေပါပြီ။ ဆရာဝန်နဲ့တိုင်ပင်ပြီး ပိုတက်ဆီယံပမာဏစစ်ဆေးမှု ပြုလုပ်ဖို့ အကြံပေးလိုက်ပါတယ်။

၁။ အမြဲတမ်းမောပန်းနုံးချိနေတယ်

gettyimages-534573211-2.jpg

ကိုယ်တွင်းကဆဲလ်တစ်ခုချင်းစီဟာ မှန်ကန်တဲ့ပိုတက်ဆီယံပမာဏကို လိုအပ်ကြပါတယ်။ ဒါမှသာ အလုပ်ကောင်းကောင်းလုပ်နိုင်မှာပါ။ ပိုတက်ဆီယံလုံလောက်လောက်မရရင် ဆဲလ်တွေ အလုပ်ကောင်းကောင်းမလုပ်လို့ လူက အမြဲတမးမောပန်းနွမ်းနယ်နေပါတယ်။ လူကမူးဝေမောပန်းနေတာ နေ့တိုင်းလိုလိုဖြစ်နေပြီ။ အိပ်ရေးဝ၀ အိပ်သည့်တိုင် မောပန်းနွမ်းနယ်နေတုန်းပဲဆိုရင်တော့ ပိုတက်ဆီယံမလုံလာက်တာ ဖြစ်နိုင်ပါတယ်။

၂။ သွေးတိုး

2-low-potassium_0.jpg

ပိုတက်ဆီယံဓာတ်က သွေးကြောတွေကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးပါတယ်။ ပိုတက်ဆီယံမလုံလောက်တော့ သွေးကြောတွေ တင်းကျပ်မှုဖြစ်စေပြီး သွေးတိုးလာပါတယ်။

၃။ ကြွက်သားတွေအားနည်းတယ်

1-low-potassium.jpg

အစပိုင်းမှာ ပြောခဲ့သလိုပဲ ပိုတက်ဆီယံက ကြွက်သားတွေကို ကြံ့ခိုင်စေတဲ့အရာပါ။ ပိုတက်ဆီယံ မလုံလောက်တဲ့အခါ ကြွက်သားတွေ တင်းရင်းမှုမရှိဘဲ အားပျော့နေတယ်။ လုပ်နေကျလေ့ကျင့်ခန်းတွေ လုပ်ရင်တောင် ကိုက်ခဲနာကျင်မှုကို ခံစားရပါတယ်။

၄။ နှလုံးခုန်မမှန်ဘူး

5-low-potassium.jpg

ကြောက်စရာကောင်းတဲ့ အချက်တစ်ခုကတော့ နှလုံးခုန်မမှန်တော့တာပါ။ ရုတ်တရက်ဆိုသလို နှလုံးခုန်နှုန်းက အရမ်းမြန်လာပါတယ်။ နှလုံးခုန်နှုန်းမြန်လာရခြင်းရဲ့ အကြောင်းကတော့ အများကြီးရှိတတ်ပါတယ်။ ယင်းအကြောင်းရင်းတွေထဲကမှ ပိုတက်ဆီယံဓာတ် ချို့တဲ့ခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။

၅။ ဝမ်းချုပ်တယ်

7-low-potassium.jpg

ပိုတက်ဆီယံ မလုံလောက်ခြင်းရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ဝမ်းချုပ်တာပါ။ အစာခြေစနစ်ကလည်း လုံလောက်တဲ့ပိုတက်ဆီယံကိုမရတော့ ဗိုက်အောင့်တာနဲ့ ကြုံရနိုင်ပါတယ်။ ဝမ်းလည်းချုပ်ပါတယ်။

၆။ ထုံကျင်တယ်

8-low-potassium_0.jpg

အာရုံကြောတွေ ပုံမှန်အလုပ်လုပ်ဖို့ ထောက်ပံ့ပေးတဲ့ ပိုတက်ဆီယံက ခန္ဓာကိုယ်တွင်းမှာ လုံလောက်စွာ မရှိဘူးဆိုရင် လူက ထုံကျင်မှုကို ခံစားရပါတယ်။ ခန္ဓာကိုယ်မှာ တဖျဉ်းဖျဉ်းနဲ့ ကျဉ်နေတတ်ပါတယ်။ အပ်လိုမျိုး ချွန်တဲ့အရာတွေနဲ့ လက်ထိပ်၊ ခြေထိပ်တွေကို ထိုးဆွကြည့်ချင်စိတ်တွေ ဖြစ်လာတဲ့အထိပါပဲ။

Source : Prevention


က္က