ဒါတွေလုပ်ရင် အိပ်ရေးဝ၀ မအိပ်နိုင်ဘူး။

အမြဲတမ်းလိုလို အိပ်ရေးမဝတဲ့ပြဿနာကို ရင်ဆိုင်နေရတယ်။ တကယ်တော့ အိပ်ရေးဝတယ် မဝဘူးဆိုတာ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ပေါ်လည်း မူတည်သေးတယ်။ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့်တော့ တစ်နေ့ကို အိပ်ချိန် ၇ နာရီ လိုအပ်ပါတယ်။ အိပ်ရေးမဝခြင်းရဲ့ အရင်းခံရာ အကြောင်းရင်းတွေက ကိုယ့်ရဲ့တစ်နေ့တာ အပြုအမူတွေပေါ်လည်း မူတည်နေတာမို့လို့ ဖြေရှင်းလိုက်ဖို့လိုမယ်။


၁။ မနက်အိပ်ရာထဖို့ Snooze ခလုတ်နှိပ်တာ

snooze-button-ftr.jpg 

မနက်အိပ်ရာထဖို့အတွက် နှိုးစက်ဖွင့်ထားတယ်။ နှိုးစက်မြည်ပြီဆိုရင် snooze ခလုတ်လေးတော့ နှိပ်လိုက်ရမှ။ ၁၀ မိနစ်/ ၁၅ မိနစ်လောက် ပြန်နှပ်တတ်ကြတဲ့အကျင့်ကို ပြင်လိုက်ပါ။ နှိုးစက်မြည်သံကြောင့် နိုးလာရင် ချက်ခြင်းထလိုက်ဖို့ လိုပါတယ်။ နိုးလာပေမဲ့ ပြန်အိပ်လိုက်တဲ့အခါ ခန္ဓာကိုယ်က အိပ်ချိန်ကို သိမှတ်မှုရှုပ်ထွေးသွားတယ်။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> ညအိပ်မပျော်ရင် ဒါလေးဖတ်ပါ

၂။ နေ့လယ်ဘက်မှာ အရှိန်ထိန်းထား

April-15-no-sleep-Anthony-shutterstock.jpg 

နေ့လယ်စာကို ဂရုတစိုက်စားဖို့လိုမယ်။ ကစီဓာတ်အများကြီးမစားနဲ့။ ဗိုက်အင့်ပြီး လူကို အိပ်ငိုက်စေတယ်။ ကာဘိုဟိုက်ဒြိတ် (ကစီဓာတ်တစ်မျိုး) နည်းပါးတဲ့ နေ့လယ်စာတွေ ရှိပါတယ်။ အရမ်းငိုက်ရင် တစ်မှေးလောက် မှေးလို့ရပါတယ်။ နာရီဝက်ထက်တော့ မကျော်သင့်ဘူး။

၃။ ညနေခင်းမှာ ဘယ်လိုနေထိုင်ရမလဲ?

240950027486816539_orig.jpg 

ရွှေရောင်စည်းမျဉ်းလေးကတော့ ညတိုင်း အိပ်ရာဝင်ချိန် မှန်နေဖို့ပါပဲ။ ဒီလိုဆိုရင် အိပ်ချိန်မမှန်လို့ အိပ်ရေးပျက်တဲ့ဒဏ်ကနေ ဝေးနိုင်တယ်။ ပြည့်ဝဆီတွေကို မစားမိဖို့လိုတယ်။ ပြည့်ဝဆီတွေက လူကို တော်တော်နဲ့ အိပ်မပျော်စေဘူး။ မအိပ်ခင် တရားထိုင်ကြည့်ရင် ခန္ဓာကိုယ်က အနားရပြီး အိပ်လို့ကောင်းသွားလိမ့်မယ်။

၄။ ကောင်းကောင်းအိပ်ပျော်ချင်ရင်

consistent-sleep-tip.jpg 

ပူပန်သောကတွေ များနေတယ်၊ ညညဆို တော်တော်နဲ့ အိပ်မပျော်ဘူး။ စတဲ့ပြဿနာတွေ ရင်ဆိုင်နေတယ်ဆိုရင် ဒီနည်းတွေကိုသုံးကြည့်ပါလား။

- အလေးချိန်စီးတဲ့ စောင်ထူထူကိုခြုံပြီး အိပ်စက်တဲ့အခါ ညဘက် ကောင်းကောင်းအိပ်ပျော်တယ်လို့ သုတေသီတွေက ဆိုဖူးပါတယ်။

- အိပ်စက်တဲ့ကိုယ်နေဟန်ထားကလည်း နောက်တစ်နေ့ ခံစားချက်အပေါ် သက်ရောက်မှုရှိတယ်။ ဘယ်ဘက်ကိုစောင်းအိပ်ရင် နှလုံးကို ဖိအားဖြစ်စေပြီး ကျောနာ၊ခါးနာနိုင်တယ်။ မှောက်အိပ်တာကလည်း ကောင်းကောင်းအိပ်မပျော်စေဘူး။

- သက်တောင့်သက်သာရှိမယ့် အဝတ်တွေကို ဝတ်ပြီးအိပ်ပါ။ သိပ္ပံပညာရှင်တွေကတော့ အဝတ်မပါဘဲအိပ်ရင် ကောင်းကောင်းအိပ်ပျော်စေမယ်လို့ ဆိုတယ်။

Source : Life Hack


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က