ဗြိတိန်ဆေးပညာဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့လေ့လာမှုတစ်ခုအရ အိုင်ကျူမြင့်တဲ့ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါကြီးကြီးမားမားတွေကြောင့် သေဆုံးနိုင်ခြေပိုနည်းပါတယ်တဲ့။
Thiha Htun

highest-score-iq-test_cb81903c98a9f360.jpg 

ဗြိတိန်ဆေးပညာဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့လေ့လာမှုတစ်ခုအရ အိုင်ကျူမြင့်တဲ့ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါကြီးကြီးမားမားတွေကြောင့် သေဆုံးနိုင်ခြေပိုနည်းပါတယ်တဲ့။

ဒီတွေ့ရှိချက်တွေက အကြံပြုနေတာကတော့ အသက်ငယ်ရွယ်စဉ်ကာလတွေမှာ အိုင်ကျူမြင့်ခြင်း (ဉာဏ်ကောင်းခြင်း)က ကြီးပျင်းလာတဲ့အရွယ်မှာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ အာရုံကြောရောဂါတွေနဲ့ကင်ဆာရောဂါတွေကို ဖြစ်ပွားစေနိုင်တဲ့ ဘဝနေထိုင်ပုံတွေကို ရှောင်ရှားမိစေနိုင်အောင် ကူညီပေးနိုင်လို့ပါပဲ။

အိုင်ကျူစစ်ဆေးခြင်း

heres-what-it-actually-means-to-die-of-old-age.jpg 

အီဒင်ဘာ့ဒ်တက္ကသိုလ်က သုတေသနအဖွဲ့ဟာ ၁၉၃၆ ခုနှစ်တုံးက စကော့တလန်ပြည်မှာမွေးဖွားခဲ့တဲ့ အမျိုးသား (၃၃၅၃၆) ယောက်နဲ့ အမျိုးသမီး (၃၂၂၂၉) ယောက်ကိုကြည့်ပြီး ရတဲ့ဒေတာတွေကို အခြေခံထားပါတယ်။ သုတေသနထဲမှာ ပါဝင်တဲ့အချက်တွေဟာ သူတို့ (၁၁) နှစ်အရွယ်တုံးက ပြုလုပ်ခဲ့တဲ့ အိုင်ကျူစစ်ဆေးမှုကနေ ရယူထားပါတယ်။

ရလဒ်တွေကိုကျတော့ (၂၀၁၅) ခုနှစ်မှာသေဆုံးမှုတွေနဲ့ယှဉ်တွဲကောက်ချက်ချထားပါတယ်။ ရလဒ်ကိုထိပါးစေနိုင်တဲ့ အခြားသောအကြောင်းအရာတွေကိုလည်း ထည့်သွင်းစဉ်းစားထားပါတယ်။ နောက်ဆုံးမှာတော့ ငယ်စဉ်တောင်ကျေးကလေးဘဝမှာ ဉာဏ်ကောင်းတဲ့ကလေးတွေ (အိုင်ကျူမြင့်တဲ့ကလေးတွေ) ဟာ အသက်အရွယ်ကြီးရင့်သည်အထိ (အသက် ၇၉ နှစ်အထိ) နေနိုင်တာကို တွေ့ရှိရပါတယ်။

michigan-woman.jpg 

အိုင်ကျူစစ်ဆေးမှုအလိုက် ရလဒ်တွေအတိုင်းဆိုရင် အိုင်ကျူမြင့်တဲ့လူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ တွေကြောင့်သေဆုံးနိုင်ခြေ ၂၈ ရာခိုင်နှုန်းလျော့နည်းတယ်။ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်းတယ်။ လေဖြတ်လေငန်းရောဂါကြောင့် သေဆုံးနိုင်ခြေ ၂၄ ရာခိုင်နှုန်းလျော့နည်းတယ်လို့ သိရှိရပါတယ်။

နောက်ပြီး ဉာဏ်ပိုကောင်းခြင်းနဲ့ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ရောဂါတွေ၊ ထိခိုက်ဒဏ်ရာတွေ၊ အစာခြေစနစ်နဲ့ဆိုင်တဲ့ ရောဂါတွေ၊ အာရုံကြောရောဂါတွေကြောင့် သေဆုံးနိုင်ခြေလျော့နည်းခြင်း တို့နဲ့လည်း ဆက်စပ်နေကြောင်းတွေ့ရှိရပါတယ်။

ပူးပေါင်းလေ့လာမှုတစ်ခုမှာ ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမှာတည်ရှိတဲ့ လူမှုကျန်းမာရေးနဲ့ရောဂါဗေဒစင်တာက ဒန်နီယယ် ဖော့ခ်စတက်ကတော့ ဒီသုတေသနနဲ့ပတ်သက်ပြီး မှတ်ချက်တစ်ခု ပေးခဲ့ပါတယ်။ "အရေးကြီးတာတစ်ခုက ကလေးဘဝအိုင်ကျူဟာ အသက်အရွယ်ကြီးရင့်ချိန်မှာ ရောဂါဝေဒနာကြောင့်သေဆုံးနိုင်ခြေအနည်းအများနဲ့ဆက်စပ်နေနိုင်တာကို ထင်ရှားစွာ ဖော်ပြနေပါတယ်။ ဥပမာ ဆေးလိပ်သောက်ခြင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ သူ့ရဲ့အကျိုးသက်ရောက်စေမှုဟာလည်း ဒီကိစ္စမှာ ထည့်သွင်းစဉ်းစားသင့်ပါတယ်" (ဥပမာ ကိုယ်ကဆေးလိပ်မသောက်ပေမယ့် ဘေးလူက ဆေးလိပ်သောက်လို့ ကိုယ်ပါရောပြီး နီကိုတင်းဓာတ်ငွေ့ရှူမိတာမျိုး)

သုတေသီတွေကတော့ နောက်ဆုံးမှာဒီလိုကောက်ချက်ချပါတယ်။ "ဒီသုတေသနဟာ ဒီနေရာမှာတင်အဆုံးသတ်ပြီလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။ ဒါမှမဟုတ် အသက်ရှည်ခြင်းဆိုတာ အိုင်ကျူနဲ့ဆက်စပ်နေတာလား။ မျိုးရိုးဗီဇနဲ့ဆက်စပ်နေတာလား။ နှစ်မျိုးလုံးနဲ့လားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။"

Source: Webmd


က္က