အသည်းဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာလည်ပတ်နေတဲ့ သွေးတွေရဲ့ (၃၀) ရာခိုင်နှုန်းကို မိနစ်တိုင်းမှာလက်ခံပေးနေပြီး အထဲမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်ဖယ်ရှားပေး နေရပါတယ်။
 

ချစ်သူရည်းစားတွေကို ချစ်စနိုးတင်စားခေါ်ဝေါ်ရင် "အသဲနှလုံး" ဆိုပြီး ခေါ်ဝေါ်ကြတယ်မလား။ ရည်းစားနဲ့ပြတ်ပြီဆိုရင် "အသဲတွေကွဲပါပြီကွာ" ဆိုပြီး ညည်းညူမိတတ်ကြတယ်မလား။ ဒါဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အသည်းရဲ့အရေးကြီးပုံတွေကို ဖော်ပြနေပါတယ်။



အသည်းဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာလည်ပတ်နေတဲ့ သွေးတွေရဲ့ (၃၀) ရာခိုင်နှုန်းကို မိနစ်တိုင်းမှာလက်ခံပေးနေပြီး အထဲမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်ဖယ်ရှားပေး နေရပါတယ်။ ပြီးရင်သွေးထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း စစ်ထုတ်ပြီး လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးရပါတယ်။

အသည်းရဲ့အဓိကလုပ်ဆောင်မှုကတော့ ခန္ဓာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို တာဝန်ယူလုပ်ဆောင် ပေးတာပါပဲ။ ဒါကြောင့်အသည်းကိုအထောက်အကူပေးတဲ့အစားအသောက်တွေကိုပဲ စားသုံးဖို့ကအရေးကြီးပါတယ်။

၁။ အုတ်ဂျုံမှုန့်

Oatmeal_shutterstock_173846588_RT.jpg 

အမျှင်ဓာတ်အများကြီးပါဝင်တဲ့အစားအစာတွေဟာ အသည်းရဲ့လုပ်ဆောင်မှုကိုအကောင်းဆုံးဖြစ်အောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ တစ်နေ့တာကိုစတင်ဖို့အတွက် အမျှင်ဓာတ်များပြားတဲ့ အစားအစာ တစ်ခုခုကို စားသုံးလိုပါသလား။ အုတ်ဂျုံမှုန့်ကိုစမ်းကြည့်ပါ။ ကျွန်တော်တို့နိုင်ငံမှာတော့ အုုတ်ဂျုံမှုန့်ကို နို့မှုန့်၊ သကြားစတာတွေနဲ့ရောထားပြီး အသင့်သောက်သုံးနိုင်တဲ့ ကွေကာအုတ်တွေကိုပဲ အသောက်များကြပါတယ်။

ဒါပေမယ့် ဘာနို့ထွက်ပစ္စည်းမှမရောရသေးတဲ့ အုတ်ဂျုံမှုန့်ကအကောင်းဆုံးပါပဲ။ အုတ်ဂျုံမှုန့်ကိုရေနွေးလေးဖျောပြီး လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ရောလိုက်ရင် အကောင်းဆုံး မနက်စာတစ်မျိုးကိုရရှိပါပြီ။ သုတေသနရဲ့အဆိုအရဆိုရင် အုတ်ဂျုံမှုန့်က ဝမ်းဗိုက်အဆီနဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့လည်း အထောက်အကူပြုနိုင်တယ်ဆိုတော့ အသည်းရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ဖို့အတွက်လည်း အကောင်းဆုံးပါပဲ။

၂။ ပန်းဂေါ်ဖီ

brocolli__large.jpg 

နေ့စဉ်အစားအသောက်ထဲမှာ စိမ်းစိမ်းစိုစိုဟင်းသီးဟင်းရွက်တွေကို များများထည့်သွင်းစားသောက်ခြင်းက ခန္ဓာကိုယ်အတွက်တော့ အကြံကောင်းတစ်ခုပါပဲ။ အဲဒီထဲမှာ ပန်းဂေါ်ဖီလည်း အပါအဝင်ပါပဲ။ ပန်းဂေါ်ဖီဟာ အသည်းပေါ်ကအဆီပိုတွေကိုဖယ်ရှားရေးမှာ တစ်ထောင့်တစ်နေရာက တက်ကြွစွာပါဝင်နိုင်ပါတယ်။ လေ့လာမှုတွေရဲ့အဆိုအရဆိုရင် ဒီလတ်ဆတ်ကြွပ်ရွတဲ့ ဟင်းသီးဟင်းရွက်ဟာ ခင်ဗျားကို အရက်နဲ့မဆိုင်တဲ့ အသည်းအဆီဖုံးရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီကို ဒီတိုင်းပြုတ်စားတာကတော့ အကောင်းဆုံးရလဒ်တွေကိုပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ဒီတိုင်းရေလုံပြုတ်ကြီးပဲဆို စားမဝင်ဘူးဆိုရင် ဗာဒံစေ့နည်းနည်း၊ ခရင်မ်ဘယ်ရီသီးနည်းနည်းရယ်နဲ့၊ အသုတ်ဆီသန့်နည်းနည်းရယ်နဲ့ ရောပြီးလည်း စားနိုင်ပါသေးတယ်။ ပန်းဂေါ်ဖီကိုရှာလကာရည်နည်းနည်းဆမ်းပြီး ကြက်သွန်ဖြူနည်းနည်းနဲ့အတူ ကင်စားတာကလည်း စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ဟင်းပွဲတစ်မျိုးပါ။

၃။ ကော်ဖီ

တစ်နေ့ကို ကော်ဖီတစ်ခွက်မသောက်ရရင် မနေနိုင်ဘူးဆိုသူတွေ ဝမ်းသာနိုင်ပါပြီ။ ဘာလို့လဲဆိုတော့ ကော်ဖီသောက်ခြင်းမှာ အသည်းအတွက် ကျန်းမာရေးကောင်းကျိုးတွေအများကြီးရှိနေလို့ပါပဲ။ လေ့လာမှုတွေရဲ့အဆိုအရ တစ်နေ့ကို ကော်ဖီ (၂) ခွက်ကနေ (၃) ခွက်ကြားသောက်ပေးမယ်ဆိုရင် အရက်သောက်ခြင်းနဲ့ ဆီကြော်တွေအစားများခြင်းကြောင့်ဖြစ်ပေါ်တဲ့ အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ကော်ဖီသောက်ခြင်းဟာ အသည်းကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးတယ်လို့ သုတေသနတွေကလည်း ဆိုပါတယ်။

၄။ လက်ဖက်စိမ်း

featured-learn_to_brew_green_tea_v2-795752.jpg 

လက်ဖက်စိမ်းမှာ catechin လို့ခေါ်တဲ့ antioxidant တစ်မျိုးနဲ့ပြည့်နှက်နေပါတယ်။ သုတေသီတွေကတော့ လက်ဖက်စိမ်းမှာပါဝင်တဲ့ catechin ဟာ အသည်းကင်ဆာအပါအဝင် ကင်ဆာရောဂါအချို့ကို ကူညီတိုက်ဖျက်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ဖက်စိမ်းထုပ်ကိုဝယ်ပြီး ရေနွေးနဲ့ကိုယ်တိုင်ကြိုသောက်ရင် catechin တွေကို ပိုရနိုင်ပါတယ်။ ဆိုင်မှာရောင်းတဲ့ ရေခဲစိမ် ရေနွေးကြမ်းတွေနဲ့ အသင့်သောက်သုံးနိုင်တဲ့ လက်ဖက်စိမ်းရေနွေးကြမ်းအအေးတွေကတော့ ရေနွေးကြမ်းအပူလောက်တော့ အကျိုးသက်ရောက်မှုများမှာမဟုတ်ပါဘူး။

၅။ ရေ

အံ့အားသင့်သွားသလား။ တကယ်တမ်းကျတော့ အသည်းအတွက်အကောင်းဆုံးအဖျော်ယမကာက ရေပါပဲ။ ဆိုဒါတွေ၊ အချိုရည်တွေအစား ရေများများသောက်ပေးတဲ့အကျင့်ကို မွေးမြူပေးပါ။ ကယ်လိုရီတွေ ကျဆင်းလာပြီး အသည်းလေးလည်း သန့်ရှင်းသွားတာကို တွေ့ရှိရမှာပါ။

၆။ ဟင်းနုနယ်ရွက်

spinach-walnut-salad-46370-1.jpg 

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ glutathione လို့ခေါ်တဲ့ အားကောင်းတဲ့ antioxidant တစ်မျိုးပါဝင်ပါတယ်။ အဲဒီ glutathione က အသည်းရဲ့လုပ်ဆောင်မှုတွေကို ပုံမှန်ဖြစ်နေအောင် ထိန်းညှိပေးပါတယ်။ ဟင်းနုနယ်ရွက်သုပ်လုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။ ကြက်သွန်ဖြူလေး (၄) (၅) တက်လောက်ကို ဓားနဲ့ပြားအောင်ရိုက်၊ သံလွင်ဆီလေးနည်းနည်းဆမ်းပြီး ဟင်းနုနယ်ရွက်နဲ့ သုပ်စားလိုက်ရင် အရသာရှိတဲ့ ဟင်းရွက်သုပ်တစ်ပွဲရပါပြီ။ အပေါ်က ချိစ်နည်းနည်းအုပ်ချင်လည်း အုပ်လိုက်ပါဦး။

Source: Webmd


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က