သင့်အတွေးမှာ အပြစ်ရှိသလို စိုးရိမ်မှုတွေ ဖြစ်နေတာပါ။
Thurein Tun

160412bcdepression-full-stock.depression_full.jpg 

စိတ်ကျမှုဟာ အကြောင်းအရင်းမရှိဘဲလည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အခါ ကြုံရသူကပဲ ပြသနာကို နားလည်နိုင်ဆုံးဖြစ်နေတတ်ပါတယ်။

၁ - အပြစ်ဖြစ်နေလား

စိတ်ဓာတ်ကျမှုတွေ ဖြစ်နေတဲ့အချိန်မှာ သင့်မှာ အပြစ်ရှိသလို ခံစားနေရတတ်ပါတယ်။ ဥပမာ -  သင်ရေးလိုက်တဲ့ စတေးတပ်လေးတစ်ခုကို တစ်ယောက်ယောက်က စိတ်ဆိုးပြီး အပြစ်မြင်နေမလား၊ မနေ့က ငါပြောလိုက်တဲ့စကားဟာ တစ်ယောက်ယောက်ကိုများ ထိခိုက်သွားမလား စသဖြင့် သင့်အတွေးမှာ အပြစ်ရှိသလို စိုးရိမ်မှုတွေ ဖြစ်နေတာပါ။

causes-of-depression.jpg 

၂ - စိတ်ညစ်စရာ မနက်တွေ

မနက်ခင်းနိုးထလာတာနဲ့ စိတ်ညစ်မှုကို ခံစားရပါတယ်။ ထူးခြားတဲ့ အခက်အခဲမျိုး မရှိဘဲနဲ့ အလုပ်မသွားချင်တဲ့စိတ်တွေ ဖြစ်နေတတ်ပါတယ်။ စိတ်ဓာတ်ကျမှုတွေဟာ နေ့လယ်ခင်းမှာထက် မနက်ခင်းမှာ ပိုမိုပြင်းထန်နေတတ်ပါတယ်။ ဝမ်းနည်းတာ၊ မကျေမချမ်းဖြစ်တာ၊ ဒေါသထွက်တာနဲ့ လေးလံထိုင်းမှိုင်းနေတာတွေ ဖြစ်တတ်ပါတယ်။

၃ - အခက်ဆုံးအပိုင်း

မလုံခြုံဘူးလို့ ခံစားရပါတယ်။ စိတ်ဓာတ်ကျမှုတွေနဲ့ စိုးရိမ်မှုကို ခံစားရပါတယ်။ ဒါပေမယ့် အခက်ဆုံးအပိုင်းက ဒီလိုစိတ်ဓာတ်တွေကျနေတာကို ဖုံးကွယ်ထားရတဲ့အပိုင်းပါ။ သူငယ်ချင်းတွေနဲ့ ရှိနေချိန်၊ အလုပ်ထဲမှာ ရှိနေချိန်တွေမှာပဲ ဒါကို ဖုံးကွယ်ထားရတာပါ။ စကားတွေ ပြောနေချိန်မှာတောင် ဖုံးကွယ်ထားရတာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - အပေါင်းအသင်းမရှိဖြစ်နေရင် ဘာလုပ်ရမလဲ)

Cure-Depression.jpg 

၄ - မသွားချင်ဘူး

ချိန်းထားတာတွေကို မသွားချင်တာတွေ ဖြစ်တတ်ပါတယ်။ ကတိပေးထားပေမယ့် တကယ်သွားရမယ့် အချိန်မှာ စိတ်လုံးဝမပါတာမျိုး ဖြစ်ပါတယ်။ အိမ်ကနေ ဘယ်မှာမသွားချင်တာမျိုး ဖြစ်ပါတယ်။ဒါပေမယ့်လည်း ကတိပေးထားပြီး ဖြစ်တာကြောင့် သွားရပါတယ်။ ဒီအခါမှာ စိတ်မှာလေးလံထိုင်းမှိုင်းတာတွေ၊ မပျော်တာတွေ ဖြစ်နေတတ်ပါတယ်။

၅ - မပျော်ဘူး

စိတ်ဓာတ်ကျနေချိန်မှာ ပျော်ဖို့ဆိုတာ မလွယ်ပါဘူး။ ပျော်စရာတွေဟာ ဝန်ထုပ်ဝန်ပိုးကြီးလိုတောင်ဖြစ်နေပါတယ်။ လူတိုင်းက ကိုယ်လုပ်ချင်ကြလိမ့်မယ်လို့ထင်ကြတဲ့ ကိစ္စတစ်ခုကို ကိုယ့်ဘက်က မပျော်မရွှင်ဖြစ်နေတော့ ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ပါဘူး။ ဟိုရောက်ရင် ပျော်သွားလိမ့်မယ်လို့ ပြောတာဟာ သင့်အတွက် ဘယ်လိုမှ မမှန်ပါဘူး။

depression-woman-dealing-feature_1320W_JR.jpg 

၆ - ဘာပြသနာမှန်းကို မသိဘူး

တစ်ခါတစ်လေ ခုလိုဖြစ်နေရတဲ့အကြောင်းအရင်းဟာ မယ်မယ်ရရမရှိပါဘူး။ စဉ်းစားကြည့်မယ်ဆို သင့်မှာ မှားယွင်းနေတဲ့ ပြသနာလည်း ဘာတစ်ခုမှ မရှိပါဘူး။ စိတ်ခံစားချက်တွေနဲ့ ဦးနှောက်ရဲ့ တွေးခေါ်မှုကြားမှာ အကြောင်းပြချက်ဆိုတာတွေ ရှိမနေပါဘူး။

Photos & Source: Bustle


က္က