ကြက်သွန်နီဆိုတာ မီးဖိုချောင်ထဲမှာမရှိမဖြစ်လိုအပ်တဲ့ အရာတစ်မျိုးပါပဲ။
 

ကြက်သွန်နီဆိုတာ မီးဖိုချောင်ထဲမှာမရှိမဖြစ်လိုအပ်တဲ့ အရာတစ်မျိုးပါပဲ။ ကြက်သွန်နီလှီးလို့ကျရတဲ့မျက်ရည်တွေကို မမှုဘူးဆိုရင် ကြက်သွန်နီဟာ အသေးအဖွဲရောဂါလေးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံးဆေးမြီးတိုတစ်မျိုးပါပဲ။ lily မိသားစုထဲမှာပါဝင်တဲ့ ကြက်သွန်နီဟာ ခင်ဗျားရဲ့အစားအစာတွေကို ပိုမိုအရသာရှိစေပါတယ်။



ကြက်သွန်နီဟာ အဖျားရောဂါ၊ ဆံပင်ကျွတ်ခြင်း၊ အသားအရေအရောင်ပြောင်းခြင်းစတာတွေကို ကုသပေးနိုင်တဲ့ ဆေးမြီးတို တစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်သွန်နီကဘာတွေလုပ်ဆောင်ပေးနိုင်သလဲဆိုတော့...

၁။ အစာကြေလွယ်စေတယ်

probiotics-resize.jpg 

ကြက်သွန်နီတွေဟာ Inulin ပမာဏကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံဖြစ်ပါတယ်။ Inulin ဆိုတာ အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာရှိတဲ့ ကောင်းမွန်တဲ့ဘက်တီးရီးယားလေးတွေကို အစာရေစာထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ Inulin က အစာအိမ်အူလမ်းကြောင်းတလျှောက် အစာရွေ့လျားမှုတွေကို ကူညီပေးပြီး ကောင်းမွန်တဲ့ဘက်တီးရီးယားလေးတွေကိုလည်း အသက်ရှင်သန်စေပါတယ်။ ဒီနည်းနဲ့ အစာပိုကြေလွယ်စေပါတယ်။

၂။ ယားယံမှုတွေကိုကာကွယ်ပေးတယ်

ကြက်သွန်နီတွေမှာပါဝင်တဲ့ antihistamine quercetin တွေဟာ ပန်းနာရင်ကြပ်ရောဂါနဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်ပွားတဲ့ ယားယံမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ quercetin ကို အူလမ်းကြောင်းက အလွယ်တကူစုပ်ယူနိုင်ပြီး သွေးလမ်းကြောင်းထဲမှာလည်း သူများတွေထက်ပိုကြာကြာနေနိုင်ပါတယ်။

၃။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ပျောက်ကင်းစေတယ်

lungdisease.jpg 

ကြက်သွန်နီထဲမှာပါဝင်တဲ့ အသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေတဲ့ဓာတ်တွေဟာ အအေးမိခြင်းနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပျောက်ကင်းစေပါတယ်။ နောက်ပြီး ကြက်သွန်နီထဲမှာပါဝင်တဲ့ ဆီတစ်မျိုးဟာ ချွဲတွေကိုဖယ်ရှားပေးပြီး အသက်ရှူ လမ်းကြောင်းကိုရှင်းလင်းပေးပါတယ်။ ကြက်သွန်နီကို ချောင်းဆိုးခြင်း၊ ချွဲကျပ်ခြင်း၊ ချွဲပိတ်ခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း စတဲ့ရောဂါတွေကို ကုသဖို့ ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ အအေးမိရောဂါကိုတိုက်ဖျက်ဖို့အတွက်တော့ ကြက်သွန်နီအစိမ်းက အကောင်းဆုံးပါပဲ။

၄။ အရိုးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်

ကြက်သွန်နီတွေကို ကြံ့ခိုင်ကောင်းမွန်တဲ့အရိုးအဆစ်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။ လေ့လာမှုတွေရဲ့ ဖော်ပြချက်အရဆိုရင် ကြက်သွန်နီတွေမှာ အရိုးပျော့ရောဂါကိုကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်ပါတယ်တဲ့။ ဓမ္မတာလွန်ချိန်မှာနာကျင်မှုခံစားနေရတဲ့အမျိုးသမီးတွေနဲ့ အရိုးပျော့ရောဂါဖြစ်နိုင်ခြေရှိတဲ့ အမျိုးသမီးတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။

၅။ ဆံပင်အတွက်လည်းကောင်းတယ်

inexpensive-gorgeous-hair.jpg 

ကြက်သွန်နီမှာပါဝင်တဲ့ ဆာလ်ဖာဟာ ဆံပင်သန်စွမ်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ လေ့လာမှု တစ်ခုရဲ့အဆိုအရဆိုရင် ဆံပင်ပေါ်မှာနဲ့ဦးရေပြားပေါ်မှာ ကြက်သွန်နီဖျော်ရည်ကို တစ်ပတ် (၂) ကြိမ် (၂) လလောက် ဆက်တိုက်လိမ်းပေးမယ်ဆိုရင် ဆံပင်တွေကိုသန်စွမ်းစေပါတယ်တဲ့။ ဆံသားကောင်းမွန်မှုအတွက်တော့ ကြက်သွန်နီဖျော်ရည်လောက် ကောင်းတာ မရှိတော့ပါဘူး။

၆။ အရေပြားအတွက်ကောင်းတယ်

ကြက်သွန်နီဖျော်ရည်ကို အရေပြားအတွက်လည်းအသုံးပြုလို့ရပါသေးတယ်။ ကြက်သွန်နီဟာ အရေပြားတစ်ရှူးအလွှာတွေအတွင်းမှာ သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေရေးအတွက် ကူညီပေးနိုင်ပါတယ်။ ကြက်သွန်နီကင် (သို့) အစိမ်းကို အရေကြည်ဖုတွေ၊ ထိခိုက်ရှနာတွေ၊ ယားနာတွေနဲ့ နားကိုက်ခြင်းတို့အတွက် ဆေးအဖြစ်အသုံးပြုလို့ရပါတယ်။ ကြက်သွန်နီဖျော်ရည်ကို ပျားရည်နဲ့ရောလိုက်မယ်ဆိုရင် မှဲ့ခြောက်တွေနဲ့ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့အမဲကွက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ှSource: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က