လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) ဆိုတာ ကမ္ဘာပေါ်မှာလူသိအများဆုံး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဖျော်ယမကာတစ်မျိုးပါပဲ။
 

လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) ဆိုတာ ကမ္ဘာပေါ်မှာလူသိအများဆုံး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဖျော်ယမကာတစ်မျိုးပါပဲ။ လက်ဖက်စိမ်းရေနွေးကြမ်းကို ပုံမှန်သောက်ပေးမယ်ဆိုရင် ကျန်းမာရေး ကောင်းစေတယ်ဆိုတဲ့ ယုံကြည်ချက်အရကော၊ ကိုယ်အလေးချိန်များတဲ့လူတွေ လက်ဖက်စိမ်းရေနွေးကြမ်းသောက်ပေးရင် ဝိတ်ကျတယ်ဆိုတဲ့ ယုံကြည်ချက်အရပါ သောက်သုံးကြပါတယ်။



ဒါပေမယ့် လက်ဖက်စိမ်းရေနွေးကြမ်းမှာ ကဖင်းဓာတ်ပါဝင်တဲ့အတွက် တစ်နေ့ကို (၅) ခွက်ထက်ပိုပြီး သောက်သုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ နောက်ပြီး တချို့လူတွေရဲ့ ခန္ဓာကိုယ်က ကဖင်းဓာတ်အများကြီးကို လက်မခံနိုင်ကြပါဘူး။ လက်ဖက်စိမ်းရေနွေးကြမ်းကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးအချို့ကတော့...

၁။ အစာအိမ်နာမယ်

လက်ဖက်စိမ်းရေနွေးကြမ်းထဲမှာပါဝင်တဲ့ tannin ဓာတ်တွေက အစာအိမ်ထဲမှာအက်ဆစ်ပမာဏပိုမိုတိုးပွားစေပါတယ်။ ဒါကြောင့်ဘာအစာမှမရှိဘဲ လက်ဖက်စိမ်းရေနွေးကြမ်း သောက်သုံးခြင်းကို ရှောင်ကြဉ် သင့်ပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်းသောက်ဖို့ အကောင်းဆုံးအချိန်ကတော့ မနက်စာစားပြီးချိန်နဲ့ နေ့လည်စာမစားခင်အချိန် (သို့) နေ့လည်စာစားပြီးချိန်နဲ့ ညစာမစားခင်အချိန်ပါပဲ။ အစာအိမ်ဝေဒနာ ရှိသူတွေအနေနဲ့ တစ်နေ့တည်းမှာ လက်ဖက်စိမ်းရေနွေးကြမ်း အများကြီးသောက်မယ်ဆိုရင် ဗိုက်အောင့်ခြင်း၊ မူးဝေခြင်းနဲ့ ဝမ်းချုပ်ခြင်းဝေဒနာတွေ ခံစားရနိုင်တဲ့အတွက် သတိပြုရှောင်ကြဉ် သင့်ပါတယ်။

၂။ သွေးနီဥနည်းတဲ့ရောဂါ

featured-learn_to_brew_green_tea_v2-795752.jpg 

လက်ဖက်စိမ်းရေနွေးကြမ်းသောက်ခြင်းက သွေးနီဥနည်းတဲ့လူတွေအတွက်တော့ အန္တရာယ်ရှိပါတယ်။ လက်ဖက်စိမ်းက သွေးထဲမှာအစားအစာတွေဆီက သံဓာတ်စုပ်ယူမှုနှုန်းကို လျှော့ချပေးတဲ့အတွက် လက်ဖက်စိမ်းရေနွေးကြမ်း အလွန်အကျွံ သောက်သုံးမယ်ဆိုရင် ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး လက်ဖက်စိမ်းဟာ ကြက်ဥတို့၊ နို့ထွက်ကုန်ပစ္စည်းတို့တွေထဲမှာတွေ့ရတဲ့ non-heme ဆိုတဲ့သံဓာတ်တစ်မျိုးကို သွေးထဲကလျှော့ချပေးတဲ့အတွက် နာမည်ကြီးပါတယ်။

ဒါဟာသွေးနီဥအားနည်းသူတွေအတွက်တော့ သတင်းဆိုးပါပဲ။ ဒီအဖြစ်ကိုရှောင်ရှားချင်ရင်တော့ လက်ဖက်စိမ်းရေနွေးကြမ်းထဲမှာ သံပုရာရည်နည်းနည်းရောသောက်ပေးနိုင်ပါတယ်။ ဗိုက်တာမင်စီက သံဓာတ်စုပ်ယူမှုကို အားပေးတယ်လေ။

၃။ ခေါင်းကိုက်ခြင်းနဲ့ အိပ်ရေးပျက်ခြင်း

941b6-21549834_-snaptitude-fotolia.com.jpg 

ခန္ဓာကိုယ်မှာ ကဖင်းဓာတ်အများကြီး လက်မခံနိုင်တဲ့လူတွေအတွက်တော့ လက်ဖက်စိမ်းရေနွေးကြမ်းတွေအများကြီးသောက်ရင် ပြင်းထန်တဲ့ခေါင်းကိုက်ရောဂါကိုရရှိနိုင်ပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်းပါပဲ။ လက်ဖက်စိမ်းရေနွေးကြမ်းမှာ ကဖင်းပါဝင်ပြီး ကဖင်းဓာတ်များပြားခြင်းဟာ ခန္ဓာကိုယ်အတွက်မကောင်းပါဘူး။ ကဖင်းဓာတ်အလွန်အကျွံ သုံးစွဲခြင်းဟာ အိပ်ရေးပျက်ခြင်းနဲ့ အိပ်မပျော်တဲ့ရောဂါတွေကိုလည်း ဖြစ်စေနိုင်တော့ သတိပြုသင့်ပါတယ်။

၄။ ဆီးချိုသွေးချိုနဲ့ သွေးတိုးရောဂါ

လက်ဖက်စိမ်းက သွေးတွင်းအချိုဓာတ်ထိန်းချုပ်ခြင်းကိုလည်း ဝင်ရောက်နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့်ဆီးချိုသွေးချိုသမားတွေ အတွက်လည်း အန္တရာယ်ကြီးပါတယ်။ သူတို့အနေနဲ့ လက်ဖက်စိမ်းရေနွေးကြမ်းမသောက်ခင် ဆရာဝန်နဲ့အရင်ဆုံး တိုင်ပင်သင့်ပါတယ်။ နောက်ပြီး လက်ဖက်စိမ်းဟာ သွေးပေါင်ချိန်ကိုလည်းတက်စေပါတယ်။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က