စိမ်းပြာရေညှိ (Spirulina) ဆိုတာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး antioxidant ၊ ဗိုက်တာမင် ဘီနဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ သဘာဝရေညှိတစ်မျိုးဖြစ်ပါတယ်။
 

စိမ်းပြာရေညှိ (Spirulina) ဆိုတာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး antioxidant ၊ ဗိုက်တာမင် ဘီနဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ သဘာဝရေညှိတစ်မျိုးဖြစ်ပါတယ်။ စိမ်းပြာရေညှိကို မှန်ကန်စွာ ရိတ်သိမ်းခူးဆွတ်ပြီး ဆေးဝါးအဖြစ်မှီဝဲမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးအများကြီးရရှိနိုင်ပါတယ်။ စိမ်းပြာရေညှိက ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့...



၁။ အာဟာရဓာတ်စုံလင်စွာပါရှိခြင်း

Spirulina.jpg 

စိမ်းပြာရေညှိမှာ ပရိုတိန်းဓာတ်နဲ့ ဗိုက်တာမင်ဓာတ်တွေ စုစည်းပါဝင်မှုတို့ကြောင့် သူ့ကို "ကမ္ဘာပေါ်မှာအာဟာရဓာတ် အသိပ်သည်းဆုံးအစားအသောက်တစ်မျိုး" လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ စိမ်းပြာရေညှိမှာ ပရိုဓာတ်လုံလောက်စွာပါဝင်ပြီး ပျမ်းမျှပရိုတိန်းသုံးစွဲနိုင်စွမ်းကတော့ ၅၀ ကနေ ၆၁ ရာခိုင်နှုန်းကြားမှာရှိပါတယ်။ Thiamin လို့လည်းခေါ်တဲ့ ဗိုက်တာမင် ဘီဝမ်းကတော့ အဆီတွေနဲ့ ပရိုတိန်းတွေကို ချေဖျက်ပေးရာမှာအရေးပါ ပါတယ်။

သူ့ကိုစွမ်းအင်တိုးတက်မှု၊ မျက်စိကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်မှုနဲ့ အာရုံကြောလုပ်ဆောင်ရေးတိုးတက်မှုတို့မှာလည်း အဓိကဓာတ်တစ်ခု အဖြစ် အသုံးပြုကြပါတယ်။ စိမ်းပြာရေညှိမှာ ဗိုက်တာမင်ဘီဝမ်းလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ နောက်ပြီး စိမ်းပြာရေညှိမှာ သံဓာတ်နဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။ စိမ်းပြာရေညှိကို သံဓာတ် အကြွယ်ဝဆုံး အပင်ရင်းမြစ်တစ်မျိုးလို့ခေါ်ဝေါ်ကြပြီး သူ့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ကတော့ နွားနို့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ထက် (၂၆) ဆပိုများပါသတဲ့။ ဒါတွေတင်မကသေးပါဘူး။ စိမ်းပြာရေညှိမှာ တခြား အာဟာရဓာတ်တွေလည်း စုံလင်ကြွယ်ဝစွာပါဝင်ပါသေးတယ်။

၂။ သွေးတွင်းသကြားဓာတ်ထိန်းညှိပေးခြင်း

လေ့လာမှုတွေက ဖော်ပြနေတာကတော့ စိမ်းပြာရေညှိဟာ သွေးတွင်းသကြားဓာတ်ထိန်းညှိပေးရာမှာ အသုံးဝင်ပါတယ်။ ဒါကြောင့် တချို့ဆီးချိုသွေးချို ရောဂါသည်တွေဆိုရင် စိမ်းပြာရေညှိသောက်ကြပါတယ်။ လေ့လာမှုနောက်တစ်ခုကဖော်ပြနေတာကတော့ စိမ်းပြာရေညှိက သွေးတွင်းသကြားဓာတ်လျော့နည်းစေတာတစ်ခုတည်း မဟုတ်ပါဘူး။ HbA1c လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ဖြစ်စေတဲ့ အရာတစ်မျိုးကိုလည်း လျော့နည်းစေပါတယ်။

၃။ antioxidant ကြွယ်ဝခြင်း

spirulina_logo_mod.jpg 

Antioxidant ဆိုတာ ကျွန်တော်တို့ရဲ့ဆဲလ်တွေကို ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်အရာဝတ္ထုတွေဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီးလေ့လာမှုတွေအရ ကျွန်တော်တို့ဟာ antioxidant ကြွယ်ဝတဲ့ သဘာဝအစားအစာတွေကိုစားသုံးခြင်းရဲ့အရေးပါပုံကို သိရှိခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီသဘာဝအစားအစာတွေထဲမှာ စိမ်းပြာရေညှိကလည်း တစ်ခုအပါအဝင်ပါပဲ။ စိမ်းပြာရေညှိမှာတော့ Phycocyanin လို့ခေါ်တဲ့ antioxidant တစ်မျိုးပါဝင်ပါတယ်။

၄။ ဓာတ်မတည့့်မှု (အလာ့ဂျစ်) တွေကိုကူညီပေးခြင်း

လေ့လာမှုနောက်တစ်ခုကဖော်ပြနေတာကတော့ စိမ်းပြာရေညှိဟာ ဓာတ်မတည့်မှု (အလာ့ဂျစ်) ရှိသူတွေနဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံခြင်း၊ အရေပြားနီရဲရောင်ရမ်းခြင်းတွေကို ကူညီကုသပေးနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ စိမ်းပြာရေညှိက အရေပြားရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပြီး အဲဒီကမှတဆင့် နှာပိတ်ခြင်း၊ ယားယံခြင်းနဲ့ နှာချေခြင်းတို့လို ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲတုံ့ပြန်မှုတွေကိုပါ ကုသပေးနိုင်ခြင်းဖြစ်ပါတယ်။

၅။ ကြွက်သားနဲ့ ခံနိုင်ရည်မြှင့်တင်ပေးခြင်း

စိမ်းပြာရေညှိက လေ့ကျင့်ခန်းလုပ်နေချိန်မှာ အဆီတွေကိုလောင်ကျွမ်းစေတဲ့ဖြစ်စဉ်ကို ထောက်ကူပေးနိုင်တဲ့အတွက် နာမည်ကြီးပါတယ်။ သူ့မှာ antioxidant ကြွယ်ဝစွာပါဝင်ခြင်းကြောင့် လေ့ကျင့်ခန်းလုပ်ချိန်မှာ ကြွက်သားနာကျင်ခြင်းနဲ့ ကြွက်သားမဖွံ့ဖြိုးခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စိမ်းပြာရေညှိကို ကျန်းမာရေးမကောင်းသူတွေသာမက ကြွက်သားလေ့ကျင့်နေသူတွေပါ သောက်သုံးပေးသင့်ပါတယ်။

စိမ်းပြာရေညှိအမှုန့်ကို amazon တို့၊ Alibaba တို့က မှာယူလို့ရသလို အသင့်သောက်သုံးနိုင်တဲ့ စိမ်းပြာရေညှိဆေးတောင့်လေးတွေ ကတဆင့်လည်း တူညီတဲ့အာနိသင်ကို ရယူနိုင်ပါတယ်။

Source: Wellnessmama


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က