PMS (Post Menstruation Pain) လို့ခေါ်တဲ့ ဓမ္မတာလာပြီးနောက် ခံစားရတဲ့ဝေဒနာနဲ့ ဗိုက်အောင့်ခြင်းဝေဒနာဆိုတာ မိန်းကလေးတိုင်း တစ်လတစ်ကြိမ်ခံစားရမှာဖြစ်ပြီး တစ်ခါတလေကျရင် မခံမရပ်နိုင်အောင် နာကျင်ရပါတယ်။
Thiha Htun

PMS-PMDD-Young-Woman.jpg 

PMS (Post Menstruation Pain) လို့ခေါ်တဲ့ ဓမ္မတာလာပြီးနောက် ခံစားရတဲ့ဝေဒနာနဲ့ ဗိုက်အောင့်ခြင်းဝေဒနာဆိုတာ မိန်းကလေးတိုင်း တစ်လတစ်ကြိမ်ခံစားရမှာဖြစ်ပြီး တစ်ခါတလေကျရင် မခံမရပ်နိုင်အောင် နာကျင်ရပါတယ်။ ဒါဟာ ဟာသတစ်ခု မဟုတ်သလို ခံစားဖူးတဲ့မိန်းကလေးတိုင်း ဒါကိုနားလည်ကြမှာပါ။

Epsom salt (ဆားခါး) နဲ့ရေချိုးပေးခြင်းဟာ PMS နဲ့ ဓမ္မတာလာခြင်းကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဓမ္မတာလာခြင်းကြောင့်ဖြစ်ပေါ်တဲ့ ဝေဒနာနဲ့အတူ ပူးတွဲဖြစ်ပေါ်လာတဲ့ ကျောအောင့်ခြင်း၊ ပေါင်နာခြင်းဝေဒနာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

၁။ ဆားခါးနဲ့ဂျင်း

P1050878.jpg 

ဆားခါးဟာ အကိုက်အခဲပျောက်စေတဲ့အေးဂျင့်တစ်ခုလို လုပ်ဆောင်ပေးနိုင်ပါတယ်။ ပူနွေးစိုစွတ်တဲ့ဆားခါးဟာ သားအိမ်ကြွက်သားတွေကို ကျဉ်းမြောင်းစေပြီး နာကျင်မှုတွေကို သက်သာစေပါတယ်။ ဆားခါးမှာ မဂ္ဂနီစီယမ်ပမာဏ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကြွက်သားတင်းမာမှုကိုလျော့ကျစေပြီး နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေပါတယ်။

ပြုလုပ်နည်းကတော့ ဇလုံတစ်လုံးထဲမှာ ဆားခါး (၆) ဇွန်းလောက်ကို ဂျင်းအမှုန့် (၁) ဇွန်းလောက်နဲ့ရောထည့်ပါ။ ပြီးရင် ကောင်းကောင်းသမအောင်မွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ရေချိုးကန်ထဲမှာ ရေနွေးနဲ့အတူရောပြီး မိနစ် (၂၀) လောက်ဝင်စိမ်လိုက်ပါ။ နာကျင်ကိုက်ခဲနေတဲ့အစာအိမ်တွေအတွက် ဂျင်းကလည်းအကောင်းဆုံးဆေးမြီးတိုတစ်မျိုးပါပဲ။

၂။ ဆားခါးနဲ့ ပက်ပါးမင့် essential oil

Peppermintoil.jpg 

ပက်ပါးမင့် essential oil က ခန္ဓာကိုယ်ကိုအေးမြစေတဲ့ခံစားချက်နဲ့ တည်ငြိမ်စေတဲ့ဂုဏ်သတ္တိရှိပြီး နာကျင်ကိုက်ခဲနေတဲ့ ကြွက်သားတွေကို နာကျင်မှုဝေဒနာလျော့ပါးစေပါတယ်။ ဆားခါးနဲ့ပေါင်းလိုက်ရင်တော့ အမျိုးသမီးတွေလစဉ် ကြုံတွေ့ခံစားနေရတဲ့ ဓမ္မတာလာပြီးခံစားရတဲ့ နာကျင်မှုဝေဒနာတွေအတွက် အကောင်းဆုံးပါပဲ။

ပြုလုပ်နည်းကတော့ ပန်းကန်တစ်လုံးထဲမှာ ဆားခါး စားပွဲတင်ဇွန်းနဲ့ (၅) ဇွန်း (၆) ဇွန်းလောက်ကို ပက်ပါးမင့် essential oil (၂) စက် (၃) စက်လောက်နဲ့ရောလိုက်ပါ။ ပြီးရင် ရေချိုးကန်ထဲမှာ ရေနွေးနွေးလေးနဲ့အတူ ရလာတဲ့အရည်ကို ရောထည့်လိုက်ပါ။ ပြီးရင်တော့ ရေချိုးကန်ထဲမှာ မိနစ် (၂၀) လောက်ဝင်စိမ်လိုက်ပါ။ ပက်ပါးမင့်ဆီက နာကျင်မှုကိုသက်သာစေဖို့အတွက် အသုံးဝင်ပါတယ်။

သတိပြုရမှာတစ်ချက်က အထက်ဖော်ပြပါ ပါဝင်ပစ္စည်းတွေကို အသုံးမပြုခင် မိမိရဲ့အရေပြားနဲ့ ဓာတ်တည့်မတည့်အရင်စစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။

Source: theindianspot


က္က