မူးလာရင် အိပ်ပျော်သွားလိမ့်မယ်ဆိုတဲ့အတွေးနဲ့ အိပ်ခါနီးမှာ အရက်၊ ဘီယာတို့လို အယ်လ်ကိုဟောပါတာတွေကို သောက်သုံးတာလည်း မကောင်းပါဘူး။
Su Yee Moe

စိတ်ဖိစီးမှုနဲ့ အင်တာနက်သုံးစွဲမှုဟာ ညဘက်အိပ်စက်ချိန်တွေကို နောက်ကျလာစေတယ်။ ဖေ့စ်ဘွတ်ခ်သုံးနေရင်း အိပ်ချိန်တွေကျော်သွားရာက အကျင့်ဖြစ်ပြီး ညညဆို တော်တော်နဲ့ အိပ်မပျော်တော့ဘူး။ စိတ်ဖိစီးမှုတွေကလည်း အိပ်ပျော်ဖို့ အနှောင့်အယှက်ဖြစ်စေတယ်။ အိပ်မပျော်နိုင်တဲ့အခါ ဒါတွေလုပ်မိရော။ ဒါတွေကိုလုပ်နေမိလေလေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့နဲ့ ဝေးလေလေပါပဲဆိုတာ သိထားသင့်ပါတယ်။

၁။ အိပ်ဆေးသောက်ခြင်း

worst-things-to-do-cant-sleep-sleeping-pills.jpg 

အိပ်ဆေးသောက်လိုက်ရင် အိပ်ပျော်သွားတာတော့မှန်ပါတယ်။ ဒါပေမဲ့ အိပ်ဆေးသောက်ခြင်းကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ဆိုတာတော့ မသေချာပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုတဲ့နေရာမှာ အိပ်ရာကနိုးလာတဲ့အခါ လူကလန်းလန်းဆန်းဆန်းဖြစ်နေတာလည်း အပါအဝင်ပါပဲ။ အိပ်ဆေးသောက်အိပ်ပြီး နိုးလာရင် ခေါင်းအုံနေတတ်ပါတယ်။ ဒါက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်လို့ ပြောလို့မရပါဘူး။ အမြဲတမ်းသောက်နေရင်လည်း စွဲတတ်သေးတယ်။

၂။ ပင်ပန်းလာမှအိပ်တယ်

worst-things-to-do-cant-sleep-going-to-bed-only-tired.jpg 

အိပ်ရာဝင်ပေမဲ့ အိပ်မပျော်လို့ ဟိုလှိမ့်ဒီလှိမ့်လုပ်နေရတဲ့ဒုက္ခကို မခံချင်လို့ အရမ်းကြီးအိပ်ချင်လာမှပဲ အိပ်ရာဝင်တော့တယ်။ ခန္ဓာကိုယ်ကို ပင်ပန်းအောင်ခိုင်းပြီး လုံးဝမလှုပ်နိုင်တော့တဲ့အခါမှ အိပ်ရာဝင်တာဟာ လူကိုပိုပြီးနွမ်းနယ်စေပါတယ်။ အသက် ၂၀ မှ ၄၀ ကြား အရွယ်တွေမှာ ဖြစ်လေ့ရှိတဲ့အရာပါ။ အိပ်ရာဝင်ချိန်မှန်အောင်ကြိုးစားခြင်းကသာ မှန်ကန်တဲ့နည်းဖြစ်ပါတယ်။

၃။ နာရီကိုကြည့်ခြင်း

worst-things-to-do-cant-sleep-look-at-clock.jpg 

အိပ်မပျော်တဲ့အချိန်မှာ နာရီကိုကြည့်ဖြစ်ကြတယ်မဟုတ်လား။ ဘယ်နှနာရီရှိနေပြီ၊ အိပ်သင့်နေပြီ၊ ဒါပေမဲ့ ခုထိအိပ်မပျော်သေးဘူးလို့ စိတ်က သောကရောက်မိတယ်။ နာရီကို များများကြည့်လေလေ အိပ်ဖို့ခက်လေလေပါပဲ။

၄။ အရက်

worst-things-to-do-cant-sleep-night-cap.jpg 

မူးလာရင် အိပ်ပျော်သွားလိမ့်မယ်ဆိုတဲ့အတွေးနဲ့ အိပ်ခါနီးမှာ အရက်၊ ဘီယာတို့လို အယ်လ်ကိုဟောပါတာတွေကို သောက်သုံးတာလည်း မကောင်းပါဘူး။ မူးပြီးအိပ်ပျော်တာက လူကို တကယ်ခွန်အားဖြစ်စေမယ့် အိပ်စက်မှုကို မဖြစ်စေဘဲ နိုးလာရင်လည်း ခေါင်းမကြည်နိုင်ဘူး။

၅။ ဖုန်းပွတ်တယ်

men-fall-asleep-after-sex-3.jpg 

အိပ်ရာဘေးမှာ ဖုန်းထားပြီးအိပ်သူတိုင်း လုပ်လေ့ရှိတဲ့အကျင့်တွေပါ။ အိပ်မပျော်မယ့်အတူတူ ဖေ့စ်ဘွတ်လေးသုံးလိုက်ပါဦးမယ်ဆိုပြီး မတွေးလိုက်ပါနဲ့။ အိပ်ပျော်ဖို့ ပိုပြီးခက်ခဲသွားနိုင်ပါတယ်။

 

Source : Men Health


က္က