မုန်လာဥနီက စားလို့ကောင်းသလို ကျန်းမာရေးအရ အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်ပါတယ်။
 

ခါကြက်ဥလို့လည်းခေါ်တဲ့ မုုန်လာဥနီတွေဟာ လူကြိုက်များတဲ့အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ မုန်လာဥနီတွေကို ဟင်းချက်စားလို့ရသလို အသုပ်သုပ်စားလို့လည်းရပါတယ်။ ဒါမှမဟုတ် ရေဆေးပြီး ဒီအတိုင်းအစိမ်းစားလည်းရပါတယ်။ မုန်လာဥနီက စားလို့ကောင်းသလို ကျန်းမာရေးအရ အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်ပါတယ်။



၁။ အမြင်အာရုံကိုကောင်းမွန်စေတယ်

girl-taking-off-her-glasses-with-one-hand-because-she-does-not-know-this-is-something-she-should-avoid.jpg

ဒီအချက်ကတော့ လူသိများပြီးသားအချက်တစ်ချက်ဖြစ်မှာပါ။ မုန်လာဥနီတွေဟာ ဗိုက်တာမင်အေကြွယ်ဝစွာပါဝင်ပြီး ကျွန်တော်တို့ရဲ့ မျက်စိထဲမှာရှိတဲ့ မြင်လွှာတွေက ဗိုက်တာမင်အေ ကိုလိုအပ်ပါတယ်။ ဒါတင်မက ဗိုက်တာမင်အေဟာ ကြွက်သားယိုယွင်းခြင်းနဲ့ မျက်စိတိမ်စွဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မုန်လာဥများများစားပေးမယ်ဆိုရင် ကြွက်သားနာကျင်ခြင်း လျော့နည်းလာစေပါတယ်။(အချို့လေ့လာချက်တွေအရ (၄၀) ရာခိုင်နှုန်းခန့်ထိ လျော့နည်းစေတယ်လို့ဆိုပါတယ်။)

မုန်လာဥနီတွေဟာ မျက်စိကျန်းမာရေးကိုအထောက်အကူပေးတဲ့ လူတိန်းဓာတ်ကိုဖြည့်ဆည်းပေးနိုင်တဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

၂။ ကင်ဆာရောဂါကာကွယ်နိုင်တယ်

အမေရိကန်ကင်ဆာသုတေသနသိပ္ပံရဲ့ လေ့လာချက်တွေအရ မုန်လာဥနီတွေမှာပါဝင်တဲ့ antioxidant beta-carotene ဟာ ကျွန်တော်တို့ရဲ့ဆဲလ်တွေကို အောက်ဆီဂျင်ဓာတ်ပြုခြင်းကြောင့်ဖြစ်တဲ့ ဖိအားဒဏ်မှ ကာကွယ်ပေးပါတယ်။ အဲဒီဖိအားတွေကပဲ ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးကို အားပေးနိုင်ပါတယ်။

၃။ နှလုံးသွေးကြောတွေကို အထောက်အကူပြုတယ်

heart-attack.jpg 

လေ့လာမှုတွေက ဖော်ပြနေတာကတော့ ကာရိုတီနွိုက်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုနည်းပါတယ်တဲ့။ မုန်လာဥနီတွေမှာ လွယ်ကူစွာပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေ ပါဝင်ပြီး ပုံုမှန်စားပေးမယ်ဆိုရင် (မုန်လာဥနီဖျော်ရည် တစ်နေ့တစ်ခွက် သောက်ပေးမယ်ဆိုရင်) ကိုလက်စထရောတွေကျဆင်းပြီး နှလုံးသွေးကြောတွေအတွက် ကောင်းမွန်စေပါတယ်။

၄။ အဆိပ်အတောက်တွေကို ရှင်းလင်းပေးတယ်

ဗိုက်တာမင်အေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ရှင်းလင်းပေးဖို့အတွက် အသည်းကိုကူညီပေးပါတယ်။ ၎င်းက အသည်းမှာရှိတဲ့ သည်းခြေရည်နဲ့အဆီကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီး မုန်လာဥမှာပါဝင်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေကလည်း အူမကြီးအတွင်းပိုင်းကိုရှင်းလင်းပေးပြီး အညစ်အကြေးတွေကောင်းမွန်စွာရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။

၅။ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

8daf6723a143cb1bb65cc24d2bc842fc.jpg 

တစ်ပတ်မှာ မုန်လာဥနီ (၆) လုံးထက်ပိုစားတဲ့လူတွေက တစ်လလုံးနေမှ မုန်လာဥနီတစ်လုံးစာလောက်ပဲစားတဲ့သူတွေထက်စာရင် လေဖြတ်ရောဂါဖြစ်ပွားနိုင်ခြေပိုများတယ်လို့ ဟားဗတ်တက္ကသိုလ်က သုတေသနတစ်ခုမှာ ဆိုထားပါတယ်။ မုန်လာဥနီလိုမျိုး အမြစ်ကဖြစ်တဲ့သစ်သီးသစ်ဥမျိုးကိုစားသုံးခြင်းဟာ မှတ်ဉာဏ်အားနည်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ (တနည်းအားဖြင့် ဉာဏ်ကောင်းစေပါတယ်။) နောက်ပြီး မုန်လာဥနီထဲမှာပါတဲ့ Beta-carotene တွေကလည်း ဦးနှောက်အာရုံကြောစနစ်ကို အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။

Source: theharvestkitchen


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က