ပုံမှန်သွေးလှူနေကြလူတွေဆိုရင် ကျန်းမာရေးကောင်းနေကြတာပဲ။

Duwun ပရိသတ်ကြီးရေ .... သွေးလှူဖူးရဲ့လားဟင်။ အသက် ၁၈ နှစ် ပြည့်ပြီးပြီ ၊ ကျန်းမာရေးလည်းကောင်းတယ်၊ ကိုယ်အလေးချိန်လည်းပြည့်တယ်ဆိုရင်တော့ သွေးလှူကြပါနော်။ သွေးလှူတာက သူတစ်ပါးရဲ့အသက်ကို ကယ်ရာရောက်တဲ့ မွန်မြတ်တဲ့အလှူလည်းဖြစ်သလို လှူတဲ့လူကိုလည်း ကောင်းကျိုးဖြစ်စေလို့ပါ။



 

၁။ သွေးဆဲလ်အသစ်တွေဖြစ်ပေါ်တယ်

ခန္ဓာကိုယ်ထဲက ထုတ်လိုက်တဲ့ သွေးတွေဟာ ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်ပြည့်လာပါတယ်။ သွေးတွေကုန်ဆုံးသွားတဲ့အခါ ခန္ဓာကိုယ်က အလိုအလျောက် သွေးဆဲလ်အသစ်တွေကို ထုတ်ပေးလိုက်လို့ သွေးတွေပြန်ပြည့်သွားတာပါ။ သွေးဆဲလ်အသစ်တွေ ဖြစ်ပေါ်လာခြင်းက လူကိုကျန်းမာစေပါတယ်။

၂။ ကင်ဆာကာကွယ်တယ်

သွေးလှူခြင်းဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ကျသွားစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ သွေးထဲက သံဓာတ်ပမာဏ ကျန်းမာရေးကောင်းမွန်တဲ့အနေအထားမှာ ရှိနေအောင် ထိန်းထားပေးနိုင်ပါတယ်။

 

၃။ Hemochromatosis

Hemochromatosis ဆိုတာ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှု များနေလို့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ဆိုးကျိုးသက်ရောက်မှုဖြစ်စေတာကို ပြောတာပါ။ သံဓာတ်စုပ်ယူမှု များပြားပြီး ကိုယ်တွင်းအစိတ်အပိုင်းတွေမှာ သိုလှောင်ထားမှု များပြားတဲ့အခါ အဲ့ဒီအစိတ်အပိုင်းတွေ ပျက်စီးရပါတယ်။ ဆီးချိုနဲ့ အရေပြားအရောင်မမှန်မှုတွေလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်သွေးလှူနေကြလူတွေက ဒီရောဂါဖြစ်နိုင်ခြေနည်းပါးသွားပါတယ်။

၄။ အသည်းနဲ့နှလုံး ကျန်းမာတယ်

သွေးလှူခြင်းရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အသည်းနဲ့နှလုံးကို ကျန်းမာစေတာပါပဲ။ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံး ကိုယ်တွင်းအစိတ်အပိုင်းတွေလေ။ သွေးလှူတဲ့အခါ သံဓာတ်တွေက အသည်း၊ နှလုံး၊ သရက်ရွက်တို့မှာ စုပြုံမနေတော့လို့ နှလုံးခုန်မမှန်တာတွေလည်း မဖြစ်စေပါဘူး။

 

၅။ ကိုယ်အလေးချိန်

ပုံမှန်သွေးလှူနေသူတွေဟာ ကိုယ်အလေးချိန်ကို ထိန်းထားရာလည်းရောက်ပါတယ်။ အဝလွန်နေတယ်ဆိုရင် နှလုံးသွေးကြောကျဉ်းတာလို ရောဂါတွေဖြစ်နိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ၄ လ တစ်ကြိမ်အပြင် ပိုစောပြီးတော့ မလှူသင့်ပါဘူး။ သွေးလှူမယ်ဆိုရင်လည်း ဆောင်ရန်၊ ရှောင်ရန်တွေကို သေသေချာချာ လေ့လာဖတ်ရှုပြီးမှလှူပါလို့လည်း တိုက်တွန်းပါရစေ။

Source : Organic Fact


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က