တချို့တွေကဆို လူတစ်ယောက်ရဲ့ယောကျ်ားပီသခြင်းကို သူ့လိင်ဆက်ဆံနိုင်မှုစွမ်းရည်နဲ့ တိုင်းတာတတ်ကြပါတယ်။

မျိုးပွားခြင်းနဲ့ လိင်ဆက်ဆံခြင်းဟာ လူသားမျိုးဆက်ပျံ့ပွားရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်မျိုးပါပဲ။ ဒါဟာ ရှက်စရာမဟုတ်သလို သဘာဝရဲ့လိုအပ်ချက်တစ်ခုပါပဲ။ တချို့တွေကဆို လူတစ်ယောက်ရဲ့ယောကျ်ားပီသခြင်းကို သူ့လိင်ဆက်ဆံနိုင်မှုစွမ်းရည်နဲ့ တိုင်းတာတတ်ကြပါတယ်။



 

ကျွန်တော်တိုု့ရဲ့ နေ့စဉ်အပြုအမူတွေထဲမှာ မျိုးပွားအင်္ဂါ အဖွဲ့အစည်းကို ထိခိုက်စေပြီး သုက်ကောင်အရေအတွက်ကို လျော့နည်းစေတဲ့အရာတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့...

၁။ နေပုံထိုင်ပုံ မမှန်လို့

1.-Poor-Lifestyle-Choices.jpg 

နေပုံထိုင်ပုံဆိုတာ ဘဝမှာအရေးကြီးပါတယ်။ ဘဝမှာဘယ်လိုအရာတွေကိုစားပြီး ဘယ်လိုပုံစံနဲ့အသက်ရှင်နေလဲဆိုတာ ရှင်သန်မှုအတွက်အရေးပါ ပါတယ်။ အဝလွန်ခြင်း၊ ဆေးလိပ်နဲ့အရက်ကို အလွန်အကျွံ သောက်သုံးခြင်းတို့လို အပြုအမူတွေဟာ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ မျိုးပွားအင်္ဂါ အဖွဲ့အစည်းနဲ့ မျိုးပွားခြင်းကိုလည်း ထိခိုက်စေတာအသေအချာပဲပေါ့။

လေ့လာမှုတစ်ခုမှာဖော်ပြထားတာကတော့ အဝလွန်ခြင်းဟာ အမျိုးသားမျိုးပွားအင်္ဂါ အဖွဲ့အစည်းကို တိုက်ရိုက်သက်ရောက်မှုရှိပြီး ဟော်မုန်းပြောင်းလဲမှုတွေကြောင့် သုက်ကောင်တွေရဲ့အရေအတွက်နဲ့ စွမ်းဆောင်နိုင်စွမ်းလည်း ပြောင်းလဲလာပါတယ်လို့ အဆိုရှိပါတယ်။

ဒါပေမယ့် ကျန်းမာရေးကိုထိခိုက်စေတဲ့ အနေအထိုင်၊ အပြုအမူ၊ အစားအသောက်တွေကို ပြောင်းလဲလိုက်မယ် ဆိုရင်လည်း ပြဿနာကိုဖြေရှင်းနိုင်တယ်လို့ ဆိုထားပါတယ်။ နောက်ဆုံး ကံကောင်းထောက်မပြီး မျိုးအောင်လို့ သဒ္ဓေတည် သွားရင်တောင် ကလေးရဲ့ကျန်းမာရေးမှာ ဖခင်ရဲ့နေထိုင်ပုံမှားယွင်းမှုတွေက သွားပြီးအကျိုးသက်ရောက်စေနိုင်ပါသေးတယ်။

၂။ စိတ်ဖိစီးမှုများပြားခြင်း

2.-Taking-Stress.jpg 

ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေက သုက်ကောင်အရေအတွက်လျော့ကျစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကိုလည်း ကျဆင်းစေတဲ့ အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုများနေတဲ့လူတစ်ယောက်က လိင်စိတ်တက်ကြွဖို့လည်း တော်တော်ခဲယဉ်းပါတယ်။ လိင်စိတ်ရှိလာခဲ့ရင်တောင်မှ testosterone လို့ခေါ်တဲ့ ကျားဟော်မုန်း အရေအတွက်ကျဆင်းစေလို့ သဒ္ဓေတည်ဖို့ ခဲယဉ်းပါလိမ့်မယ်။

၃။ အပူချိန်နဲ့အချိန်ကြာရှည်စွာ ထိတွေ့ခြင်း

ပြင်းထန်တဲ့နေပူချိန်အောက်မှာ အကြာကြီးနေမိတာတို့၊ boiler room လိုမျိုး အပူချိန်အလွန်မြင့်မားတဲ့နေရာမျိုးမှာ အချိန်ကြာကြာ အလုပ်လုပ်ရတာတို့ကလည်း သုက်ကောင်အရေအတွက်လျော့နည်းစေပါတယ်တဲ့။ ကျန်းမာတဲ့သုက်ကောင်တွေကို ထုတ်လုပ်ပေးနိုင်ဖို့အတွက် အကောင်းဆုံးအပူချိန်က (၃၅) ဒီဂရီစင်တီဂရိတ်လောက်ပဲရှိသင့်တာပါ။

အဲဒီထက်ပိုတဲ့ အပူချိန်တွေကတော့ သုက်ကောင်ရဲ့စွမ်းရည်နဲ့ DNA ကို ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ခုက Laptop ကွန်ပျူတာ တွေကို ပေါင်ပေါ်တင်သုံးတဲ့သူတွေလည်း သတိထားပါ။ ကွန်ပျူတာဆိုတာလည်း စက်ပစ္စည်းဖြစ်တဲ့အတွက် အပူကို တောက်လျှောက် ထုတ်လွှတ်ပါတယ်။ အဲဒီကထွက်လာတဲ့အပူချိန်ဟာ ပေါင်နဲ့ မျိုးပွားအင်္ဂါ ပစ္စည်းတွေကို ထိခိုက်စေနိုင်ပြီး မျိုးပွားနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။

၄။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအသောက်များစားခြင်း

4.-Eating-Unhealthy-Food.jpg 

ရေခဲရိုက်အသားတွေ၊ စည်သွပ်ထားတဲ့အစားအသောက်တွေကို အမြောက်အများစားသုံးခြင်းကလည်း သုက်ကောင်အရေအတွက် လျော့ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ နောက်ပြီး စားသုံးတဲ့အရေအတွက်နဲ့လည်း သက်ဆိုင်ပါသေးတယ်။ ဆိုပါစို့။ KFC မှာ Double cheese beef burger (နှစ်ထပ်ချိစ် အမဲသားဘာဂါ) တစ် set စားတဲ့သူနဲ့ ရိုးရိုးကြက်သားဘာဂါ တစ်လုံးလောက်ကိုပဲ စားတဲ့သူတွေဟာ သုက်ကောင်အရေအတွက်နဲ့စွမ်းရည်ကျဆင်းမှုနှုန်းချင်း တူညီမှာမဟုတ်ပါဘူး။

ဒီတော့ အသားများများစားခြင်းကိုရှောင်ရှားပြီး အသီးအရွက်များများစားပေးသင့်ပါတယ်။ နောက်တစ်ခုက အရက်၊ ဆိုဒါနဲ့ အာလူးကြော်တို့လို ကယ်လိုရီများတဲ့အစားအစာတွေဟာလည်း မျိုးပွားမှုနှုန်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

၅။ စက်ဘီးစီးခြင်း

5.-Cycling.jpg 

စက်ဘီးစီးတယ်ဆိုတာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့် သတိထားရမှာတစ်ခုက စက်ဘီးစီးနေချိန်မှာ စက်ဘီးထိုင်ခုံနဲ့ မျိုးပွားအင်္ဂါ ဟာ တစ်ချိန်လုံးပွတ်တိုက်နေရပြီး ဖိအားဒဏ်လည်း သက်ရောက်နေတဲ့အတွက် မျိုးပွားအင်္ဂါလုပ်ဆောင်မှုကိုလည်း သက်ရောက်မှုရှိစေနိုင်မှာ အသေအချာပါပဲ။

အဲဒီလို သုက်ကောင်ရဲ့အရည်အသွေးကျဆင်းခြင်းဟာ တာဝေးခရီး စက်ဘီးစီးတဲ့ အားကစားသမားတွေမှာ တွေ့ရပါတယ်တဲ့။ နောက်တစ်ခုကတော့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကိုလုပ်တဲ့ လူတွေမှာ testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းကို ကျဆင်းစေနိုင်လို့ မျိုးပွားနှုန်းကိုလည်း ကျစေမှာအမှန်ပါပဲ။

၆။ ပလတ်စတစ်ပစ္စည်းတွေနဲ့ ထုပ်ပိုးထားတဲ့ အစားအစာတွေစားခြင်း

6.-Consuming-Foods-From-Plastic-And-Metal-Containers.jpg 

ပလတ်စတစ်ပစ္စည်းတွေနဲ့ သံဘူးတွေမှာ တူညီတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ BPA (Bisphenol-A) ဆိုတဲ့ ဓာတုပစ္စည်း တစ်မျိုးပါပဲ။ BPA ဆိုတာ ပလတ်စတစ်ပစ္စည်းတွေနဲ့ သတ္ထုဘူးတွေရဲ့အတွင်းပိုင်းတွေမှာ သုတ်လိမ်းထားတတ်တဲ့ ဓာတုပစ္စည်း တစ်မျိုးပဲဖြစ်ပါတယ်။

အဲဒီဓာတုပစ္စည်းဟာ လိင်စိတ်ဟော်မုန်းတွေအလုပ်လုပ်ရာမှာ အနှောင့်အယှက်ပေးနိုင်ပြီး သုက်ကောင်တွေရဲ့ အလုပ်လုပ်ဆောင်ပုံကိုလည်း သက်ရောက်မှုရှိပါတယ်။ ဒါတွေကိုရှောင်ရှားဖို့အတွက် ပလတ်စတစ်ဘူးတွေထဲမှာ ပူလောင်တဲ့ အစားအသောက်တွေထည့်စားတာနဲ့ စည်သွပ်ဘူးတွေ အစားများခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၇။ ဝိုင်ဖိုင်အလွန်အကျွံသုံးစွဲခြင်း

Laptop ကထွက်တဲ့အပူကတောင် ကပ္ပာယ်အိတ်ကိုထိခိုက်စေနိုင်လှပါပြီ။ ဝိုုင်ဖိုင် (wifi) ကထွက်တဲ့ လျှပ်စစ်သံလိုက် ထုတ်လွှင့်မှုတွေက သုက်ကောင်တွေလှုပ်ရှားနိုင်စွမ်းကို လျော့ကျစေပါတယ်။ နောက်ပြီး သူကထွက်တဲ့ အပူနဲ့ လျှပ်စစ်သံလိုက် ထုတ်လွှတ်မှုတွေကလည်း သုက်ကောင်ရဲ့ DNA ကို ထိခိုက်စေပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ဟာ Laptop တို့၊ ဝိုင်ဖိုင်တို့မရှိဘဲနဲ့လည်း မနေနိုင်ကြပါဘူး။ ဒါကြောင့်လည်း ဆရာဝန်တွေက လူတွေကို Laptop နဲ့ဝိုင်ဖိုင်သုံးတော့မယ်ဆိုရင် ပေါင်ပေါ်တင်မသုံးဖို့ အကြံပြုကြတာပဲဖြစ်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က